Premier League Transfer News

ေသာမတ္စ္ ပါေတးကို ေနာက္ဆုံးအခ်ိန္မွာ အာဆင္နယ္တုိ႔ ေၾကျငာႏုိင္ခဲ့

အာဆင္နယ္အသင္းရဲ႕ ကစားသမားသစ္အျဖစ္ ေသာမတ္စ္ ပါေတးကို အက္သလက္တီကို မက္ဒရစ္အသင္းကေန ေခၚယူလုိက္ႏုိင္ၿပီျဖစ္ေၾကာင္း ေႏြရာသီအေျပာင္းအေရႊ႕ကာလ ပိတ္သိမ္းၿပီး မိနစ္ပုိင္းအတြင္းမွာပဲ တရားဝင္ေၾကျငာႏုိင္ခဲ့ၿပီျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ဂါနာကြင္းလယ္လူဟာ အက္သလက္တီကိုအတြက္ ၁၈၈ ပြဲ ကစားအၿပီးမွာ ယူ႐ိုပါလိဂ္ဖလားနဲ႔ ဥေရာပ ဆူပါဖလားတုိ႔ကို ရယူႏုိင္ခဲ့ၿပီး အာဆင္နယ္တာဝန္ရွိသူေတြအေနနဲ႔ အမ္းမရိတ္ကြင္းဆီကို အေျပာင္းအေရႊ႕ေနာက္ဆုံး အခ်ိန္မွာမွ ကပ္ၿပီး ေခၚယူႏုိင္ခဲ့တာပါ။

အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးကေတာ့ ပါေတး အာဆင္နယ္အသင္းရဲ႕ ထိပ္တန္းကစားသမားတစ္ဦးျဖစ္လာဖို႔ လိုအပ္တဲ့ အရည္အေသြးေတြအားလုံး ပုိင္ဆုိင္ထားတယ္လို႔ ဆုိခဲ့ၿပီး ကြင္းတြင္းကြင္းျပင္မွာ ဦးေဆာင္ႏုိင္တဲ့ သူ႕ရဲ႕ပုံစံက အာဆင္နယ္မွာ လိုအပ္ေနတဲ့ ကစားသမားမ်ဳိးျဖစ္ၿပီး တုိက္စစ္ခံစစ္ စြယ္စုံကစားႏုိင္တဲ့ ပုံစံ အသင္းအတြက္ ေကာင္းမြန္တဲ့ အားျဖည့္မွဳတစ္ရပ္ျဖစ္လာမယ္လုိ႔လည္း ဆုိပါတယ္။

ေျမာက္လန္ဒန္အသင္းရဲ႕ မန္ေနဂ်ာ မီခယ္လ္ အာတီတာကေတာ့ သူတုိ႔အေနနဲ႔ ပါေတးကို ေစာင့္ၾကည့္ေနခဲ့ၿပီး အသင္းကို ေခၚယူႏိုင္ခဲ့တာ ဝမ္းသာေၾကာင္း၊ သူဟာ ေပါက္ကြဲအားေကာင္းၿပီး ႀကံ့ခိုင္တဲ့ ကစားသမားမ်ဳိးျဖစ္တဲ့အျပင္ အသင္းဆီကို လာလီဂါနဲ႔ ခ်န္ပီယံလိဂ္က အေတြ႕အႀကဳံေကာင္းေတြ ယူေဆာင္လာမွာျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

ေသာမတ္စ္ ပါေတးအေနနဲ႔ အသင္းနဲ႔ေတာ့ တုိက္႐ိုက္ပူးေပါင္းႏုိင္ဦးမွာ မဟုတ္ဘဲ ဂါနာလက္ေရြးစင္အသင္းရဲ႕ တာဝန္ကေန ျပန္ေရာက္လာမွ အသင္းေဖာ္ေတြနဲ႔ တရားဝင္ ပူးေပါင္းသြားႏိုင္မွာျဖစ္သလို အာဆင္နယ္အသင္းရဲ႕ ေက်ာနံပါတ္ ၁၈ အက်ႌကို ဝတ္ဆင္သြားရမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: ARSENAL WEBSITE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ကစားသမားသစ်အဖြစ် သောမတ်စ် ပါတေးကို အက်သလက်တီကို မက်ဒရစ်အသင်းကနေ ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း နွေရာသီအပြောင်းအရွှေ့ကာလ ပိတ်သိမ်းပြီး မိနစ်ပိုင်းအတွင်းမှာပဲ တရားဝင်ကြေငြာနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဂါနာကွင်းလယ်လူဟာ အက်သလက်တီကိုအတွက် ၁၈၈ ပွဲ ကစားအပြီးမှာ ယူရိုပါလိဂ်ဖလားနဲ့ ဥရောပ ဆူပါဖလားတို့ကို ရယူနိုင်ခဲ့ပြီး အာဆင်နယ်တာဝန်ရှိသူတွေအနေနဲ့ အမ်းမရိတ်ကွင်းဆီကို အပြောင်းအရွှေ့နောက်ဆုံး အချိန်မှာမှ ကပ်ပြီး ခေါ်ယူနိုင်ခဲ့တာပါ။

အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးကတော့ ပါတေး အာဆင်နယ်အသင်းရဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာဖို့ လိုအပ်တဲ့ အရည်အသွေးတွေအားလုံး ပိုင်ဆိုင်ထားတယ်လို့ ဆိုခဲ့ပြီး ကွင်းတွင်းကွင်းပြင်မှာ ဦးဆောင်နိုင်တဲ့ သူ့ရဲ့ပုံစံက အာဆင်နယ်မှာ လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်ပြီး တိုက်စစ်ခံစစ် စွယ်စုံကစားနိုင်တဲ့ ပုံစံ အသင်းအတွက် ကောင်းမွန်တဲ့ အားဖြည့်မှုတစ်ရပ်ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

မြောက်လန်ဒန်အသင်းရဲ့ မန်နေဂျာ မီခယ်လ် အာတီတာကတော့ သူတို့အနေနဲ့ ပါတေးကို စောင့်ကြည့်နေခဲ့ပြီး အသင်းကို ခေါ်ယူနိုင်ခဲ့တာ ဝမ်းသာကြောင်း၊ သူဟာ ပေါက်ကွဲအားကောင်းပြီး ကြံ့ခိုင်တဲ့ ကစားသမားမျိုးဖြစ်တဲ့အပြင် အသင်းဆီကို လာလီဂါနဲ့ ချန်ပီယံလိဂ်က အတွေ့အကြုံကောင်းတွေ ယူဆောင်လာမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

သောမတ်စ် ပါတေးအနေနဲ့ အသင်းနဲ့တော့ တိုက်ရိုက်ပူးပေါင်းနိုင်ဦးမှာ မဟုတ်ဘဲ ဂါနာလက်ရွေးစင်အသင်းရဲ့ တာဝန်ကနေ ပြန်ရောက်လာမှ အသင်းဖော်တွေနဲ့ တရားဝင် ပူးပေါင်းသွားနိုင်မှာဖြစ်သလို အာဆင်နယ်အသင်းရဲ့ ကျောနံပါတ် ၁၈ အင်္ကျီကို ဝတ်ဆင်သွားရမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: ARSENAL WEBSITE
PHOTOS CREDIT TO OWNERS
SPORTS A2Z.