Premier League

မန်ယူနိုက်တက်နဲ့ပွဲမတိုင်ခင် သတင်းဆိုးကြားခဲ့ရတဲ့ စပါးစ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ဟာ ယနေ့ည တော့တင်ဟမ်ဟော့စပါးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်အတွက် လူစာရင်းနဲ့အတူ ခရီးထွက်ရာမှာ လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီ ကွင်းလယ်ကစားသမားဟာ ဘရိုက်တန်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပထမပိုင်းအတွင်း ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့ပြီးနောက် အချိန်ပိုမှာ လူစားလဲလှယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ကွင်းထဲကနေ ထွက်ခွာပြီးနောက် အရန်ခုံတန်းမှာ ဖိနပ်ကို ချက်ချင်း ချွတ်ခဲ့ပြီး အကာအကွယ်ဖိနပ်၊ ချိုင်းထောက်နဲ့အတူ အိမ်ကို ပြန်ပို့ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကို ဒဏ်ရာကြောင့် တစ်ပွဲမှ လွဲချော်ခဲ့ဖူးခြင်းမရှိတဲ့ ဖာနန်ဒက်စ်ဟာ အံ့အားသင့်ဖွယ် ပြန်လည် သက်သာကောင်းမွန်လာပုံ ပေါ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ယနေ့နေ့လယ် လန်ဒန်ကို ရောက်ရှိလာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်လူစာရင်းနဲ့အတူ ပါဝင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပွဲထွက်ပါဝင်ကစားပေးနိုင်မလားဆိုတာကို ကြံ့ခိုင်မှု စစ်ဆေးမှုတွေ ခံယူသွားရမှာ ဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်သာ အရန်ခုံကနေ စတင်ရမယ်ဆိုရင် ခရစ်ရှန် အဲရစ်ဆင်နဲ့ မာဆယ် ဆာဘစ်ဇာတို့ထဲက တစ်ဦးက ကွင်းလယ်တိုက်စစ်နေရာမှာ ဝင်ကစားသွားဖွယ် ရှိနေပြီး တန်ဟက်ရဲ့အသင်းဟာ စပါးစ်ရဲ့ ထိပ်ဆုံး ၄ နေရာမျှော်လင့်ချက်ကို မြောက်လန်ဒန်မှာ နိုင်ပွဲနဲ့အတူ အဆုံးသတ်ပေးသွားဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ယေန႔ည ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္အတြက္ လူစာရင္းနဲ႔အတူ ခရီးထြက္ရာမွာ လိုက္ပါခဲ့တယ္လို႔ သိရပါတယ္။

ေပၚတူဂီ ကြင္းလယ္ကစားသမားဟာ ဘ႐ိုက္တန္နဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ ပထမပိုင္းအတြင္း ေျခက်င္းဝတ္ဒဏ္ရာရရွိသြားခဲ့ၿပီးေနာက္ အခ်ိန္ပိုမွာ လူစားလဲလွယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ကြင္းထဲကေန ထြက္ခြာၿပီးေနာက္ အရန္ခုံတန္းမွာ ဖိနပ္ကို ခ်က္ခ်င္း ခြၽတ္ခဲ့ၿပီး အကာအကြယ္ဖိနပ္၊ ခ်ိဳင္းေထာက္နဲ႔အတူ အိမ္ကို ျပန္ပို႔ခံခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပြဲစဥ္ေတြကို ဒဏ္ရာေၾကာင့္ တစ္ပြဲမွ လြဲေခ်ာ္ခဲ့ဖူးျခင္းမရွိတဲ့ ဖာနန္ဒက္စ္ဟာ အံ့အားသင့္ဖြယ္ ျပန္လည္ သက္သာေကာင္းမြန္လာပုံ ေပၚပါတယ္။

ဖာနန္ဒက္စ္ဟာ ယေန႔ေန႔လယ္ လန္ဒန္ကို ေရာက္ရွိလာခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္လူစာရင္းနဲ႔အတူ ပါဝင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ပြဲထြက္ပါဝင္ကစားေပးႏိုင္မလားဆိုတာကို ႀကံ့ခိုင္မႈ စစ္ေဆးမႈေတြ ခံယူသြားရမွာ ျဖစ္ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္သာ အရန္ခုံကေန စတင္ရမယ္ဆိုရင္ ခရစ္ရွန္ အဲရစ္ဆင္နဲ႔ မာဆယ္ ဆာဘစ္ဇာတို႔ထဲက တစ္ဦးက ကြင္းလယ္တိုက္စစ္ေနရာမွာ ဝင္ကစားသြားဖြယ္ ရွိေနၿပီး တန္ဟက္ရဲ႕အသင္းဟာ စပါးစ္ရဲ႕ ထိပ္ဆုံး ၄ ေနရာေမွ်ာ္လင့္ခ်က္ကို ေျမာက္လန္ဒန္မွာ ႏိုင္ပြဲနဲ႔အတူ အဆုံးသတ္ေပးသြားဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.