Premier League

မန်စီးတီးနဲ့ပွဲအပြီး အင်္ဂလန်အသင်းဖော်ကို ကွိုင်သွားရှာခဲ့တဲ့ ဘန် ဝှိုက်

ဘန် ဝှိုက်ဟာ ဗုဒ္ဓဟူးနေ့ညနေက မန်ချက်စတာစီးတီးကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ဖီးလ် ဖိုဒန်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက်ကစားသမားတွေ ဝိုင်းဆွဲခဲ့ရပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အစ်တီဟတ်မှာ ဒီဘရိုင်းနား၊ ဂျွန် စတုန်းစ်၊ ဟာလန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် မန်ချက်စတာစီးတီးဟာ အာဆင်နယ်နဲ့ ၂ မှတ်အကွာကို ၂ ပွဲလျော့နဲ့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ည ပွဲစဉ်အတွင်းမှာ ဒေါသတကြီး ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိခဲ့ပြီး ဂျက်ခ် ဂရီးလစ်ရှ်နဲ့ သောမတ်စ် ပါတေးတို့ဟာ ဒုတိယပိုင်းမှာ အချင်းများခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ပွဲအပြီးမှာ အင်္ဂလန်လက်ရွေးစင်အသင်းဖော် ၂ ဦးဖြစ်တဲ့ ဘန် ဝှိုက်နဲ့ ဖီးလ် ဖိုဒန်တို့ဟာ ဒေါသတကြီး ထိပ်တိုက် တွေ့ဆုံခဲ့ကြတာကြောင့် ဝိုင်းဝန်းဖျန်ဖြေပေးခဲ့ရတာဖြစ်ပြီး အာဆင်နယ်နောက်ခံလူက မန်စီးတီးကြယ်ပွင့်ဆီ ချဉ်းကပ်သွားခဲ့ပြီးနောက် ကော်လံကို ဆွဲခဲ့တာဖြစ်ပါတယ်။

ဖိုဒန်က အာဆင်နယ်နောက်ခံကစားသမားရဲ့ အပြုအမူကို ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ဘန် ဝှိုက်ရဲ့ ရှပ်ကို ဆွဲပြီးနောက် တွန်းထုတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီ၊ ကိုင်လီ ဝေါ်ကာ၊ ဟာလန်းတို့က ကစားသမား ၂ ဦးကို လူစု ခွဲဖို့နဲ့ အခြေအနေကို အေးအေးဆေးဆေး ဖြစ်သွားအောင် ကြားဝင်ခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘန္ ဝႈိက္ဟာ ဗုဒၶဟူးေန႔ညေနက မန္ခ်က္စတာစီးတီးကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီး ဖီးလ္ ဖိုဒန္နဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့တာေၾကာင့္ ႏွစ္ဖက္ကစားသမားေတြ ဝိုင္းဆြဲခဲ့ရပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ အစ္တီဟတ္မွာ ဒီဘ႐ိုင္းနား၊ ဂြၽန္ စတုန္းစ္၊ ဟာလန္းတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ သက္ေတာင့္သက္သာ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ဒီႏိုင္ပြဲေၾကာင့္ မန္ခ်က္စတာစီးတီးဟာ အာဆင္နယ္နဲ႔ ၂ မွတ္အကြာကို ၂ ပြဲေလ်ာ့နဲ႔ တက္လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ည ပြဲစဥ္အတြင္းမွာ ေဒါသတႀကီး ခိုက္ရန္ျဖစ္ပြားမႈေတြ ရွိခဲ့ၿပီး ဂ်က္ခ္ ဂရီးလစ္ရွ္နဲ႔ ေသာမတ္စ္ ပါေတးတို႔ဟာ ဒုတိယပိုင္းမွာ အခ်င္းမ်ားခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္လည္း ပြဲအၿပီးမွာ အဂၤလန္လက္ေ႐ြးစင္အသင္းေဖာ္ ၂ ဦးျဖစ္တဲ့ ဘန္ ဝႈိက္နဲ႔ ဖီးလ္ ဖိုဒန္တို႔ဟာ ေဒါသတႀကီး ထိပ္တိုက္ ေတြ႕ဆုံခဲ့ၾကတာေၾကာင့္ ဝိုင္းဝန္းဖ်န္ေျဖေပးခဲ့ရတာျဖစ္ၿပီး အာဆင္နယ္ေနာက္ခံလူက မန္စီးတီးၾကယ္ပြင့္ဆီ ခ်ဥ္းကပ္သြားခဲ့ၿပီးေနာက္ ေကာ္လံကို ဆြဲခဲ့တာျဖစ္ပါတယ္။

ဖိုဒန္က အာဆင္နယ္ေနာက္ခံကစားသမားရဲ႕ အျပဳအမူကို ေဒါသတႀကီး တုံ႔ျပန္ခဲ့ၿပီး ဘန္ ဝႈိက္ရဲ႕ ရွပ္ကို ဆြဲၿပီးေနာက္ တြန္းထုတ္ပစ္ခဲ့တာ ျဖစ္ပါတယ္။ ဘာနာဒို ေဆးလ္ဗား၊ ႐ိုဒရီ၊ ကိုင္လီ ေဝၚကာ၊ ဟာလန္းတို႔က ကစားသမား ၂ ဦးကို လူစု ခြဲဖို႔နဲ႔ အေျခအေနကို ေအးေအးေဆးေဆး ျဖစ္သြားေအာင္ ၾကားဝင္ခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.