Premier League

မန်စီးတီးကို ရှုံးပေမယ့် ဆုဖလားပြိုင်ပွဲမှာ လက်လျှော့မှာမဟုတ်ဘူးလို့ ကြုံးဝါးခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ ဗုဒ္ဓဟူးနေ့ညက မန်ချက်စတာစီးတီးကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဆုဖလားပြိုင်ပွဲထဲမှာ ရှုံးနိမ့်ခဲ့ပြီဆိုတာကို ဝန်ခံဖို့ ငြင်းပယ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ အစ်တီဟတ်မှာ ကီဗင် ဒီဘရိုင်းနား၊ ဂျွန်စတုန်းစ်၊ အာလင်း ဟာလန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဂန်းနားတွေအတွက် ဟိုးဒင်းက နှစ်သိမ့်ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒီရှုံးနိမ့်မှုကြောင့် ဂန်းနားတွေဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ ပွဲလျော့နေတဲ့ မန်ချက်စတာစီးတီးကို ၂ မှတ်သာ ဖြတ်ထားနိုင်တော့တာဖြစ်ပေမယ့်လည်း အာတီတာက ၎င်းရဲ့အသင်းဟာ ဆုဖလားအတွက် ယှဉ်ပြိုင်နေဆဲဖြစ်တယ်လို့ ယုံကြည်ချက်အပြည့်ရှိနေတာဖြစ်ပါတယ်။

“ကျွန်တော်တို့က ဒီအသင်း(မန်စီးတီး)နဲ့ ဆုဖလားအတွက် ထိပ်တိုက်ယှဉ်ပြိုင်နေတယ်ဆိုတဲ့အချက်က မယုံနိုင်စရာကောင်းပါတယ်။ ကျွန်တော်တို့ လက်မြှောက် အရှုံးပေးသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က ထူးခြားတဲ့အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒါက အဆင့်အတန်းကို ပြသနေတယ်ဆိုတာကို လက်ခံရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ မန်ချက်စတာစီးတီးလိုအသင်းမျိုးကို အနိုင်ကစားနိုင်မယ့်ပုံ ဘယ်တုန်းကမှ မပေါ်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ယခုရာသီကို ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးဖို့ ရည်မှန်းချက်နဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်ရဲ့ အံ့အားသင့်ဖွယ် ခြေစွမ်းကျဆင်းမှု၊ အသင်းပိုင်ရှင်အပြောင်းအလဲမှာ ကြီးမားတဲ့အပြောင်းအလဲတွေကြောင့် အသားမကျဖြစ်နေတဲ့ ချဲလ်ဆီးတို့ကြောင့် ယခုရာသီမှာ ခြေစွမ်းပိုင်းတည်ငြိမ်မှု ရရှိနေခဲ့တဲ့ ဂန်းနားတွေအတွက် ၁၉ နှစ်အတွင်းပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်မယ့် အလားအလာတွေ ရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ ဗုဒၶဟူးေန႔ညက မန္ခ်က္စတာစီးတီးကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္လည္း ဆုဖလားၿပိဳင္ပြဲထဲမွာ ရႈံးနိမ့္ခဲ့ၿပီဆိုတာကို ဝန္ခံဖို႔ ျငင္းပယ္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဟာ အစ္တီဟတ္မွာ ကီဗင္ ဒီဘ႐ိုင္းနား၊ ဂြၽန္စတုန္းစ္၊ အာလင္း ဟာလန္းတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ သက္ေတာင့္သက္သာ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ဂန္းနားေတြအတြက္ ဟိုးဒင္းက ႏွစ္သိမ့္ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဒီရႈံးနိမ့္မႈေၾကာင့္ ဂန္းနားေတြဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၂ ပြဲေလ်ာ့ေနတဲ့ မန္ခ်က္စတာစီးတီးကို ၂ မွတ္သာ ျဖတ္ထားႏိုင္ေတာ့တာျဖစ္ေပမယ့္လည္း အာတီတာက ၎ရဲ႕အသင္းဟာ ဆုဖလားအတြက္ ယွဥ္ၿပိဳင္ေနဆဲျဖစ္တယ္လို႔ ယုံၾကည္ခ်က္အျပည့္ရွိေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔က ဒီအသင္း(မန္စီးတီး)နဲ႔ ဆုဖလားအတြက္ ထိပ္တိုက္ယွဥ္ၿပိဳင္ေနတယ္ဆိုတဲ့အခ်က္က မယုံႏိုင္စရာေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ လက္ေျမႇာက္ အရႈံးေပးသြားမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က ထူးျခားတဲ့အသင္းကို ရႈံးနိမ့္ခဲ့ၿပီး ဒါက အဆင့္အတန္းကို ျပသေနတယ္ဆိုတာကို လက္ခံရမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ မန္ခ်က္စတာစီးတီးလိုအသင္းမ်ိဳးကို အႏိုင္ကစားႏိုင္မယ့္ပုံ ဘယ္တုန္းကမွ မေပၚခဲ့တာျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ ယခုရာသီကို ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးဖို႔ ရည္မွန္းခ်က္နဲ႔ ယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္ရဲ႕ အံ့အားသင့္ဖြယ္ ေျခစြမ္းက်ဆင္းမႈ၊ အသင္းပိုင္ရွင္အေျပာင္းအလဲမွာ ႀကီးမားတဲ့အေျပာင္းအလဲေတြေၾကာင့္ အသားမက်ျဖစ္ေနတဲ့ ခ်ဲလ္ဆီးတို႔ေၾကာင့္ ယခုရာသီမွာ ေျခစြမ္းပိုင္းတည္ၿငိမ္မႈ ရရွိေနခဲ့တဲ့ ဂန္းနားေတြအတြက္ ၁၉ ႏွစ္အတြင္းပထမဆုံးအႀကိမ္ အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္မယ့္ အလားအလာေတြ ရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.