Premier League

ယှဉ်ကစားလို့မရနိုင်တဲ့ မန်စီးတီးကြယ်ပွင့် ၂ ဦးကို ချီးကျူးခဲ့တဲ့ အလန် ရှီးယား

အလန် ရှီးယားက မန်ချက်စတာစီးတီးက အာဆင်နယ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ယှဉ်ကစားလို့မရနိုင်တဲ့ ဒီဘရိုင်းနားနဲ့ အာလင်း ဟာလန်းတို့ကို ချီးကျူးခဲ့ပါတယ်။

ဟာလန်းနဲ့ ဒီဘရိုင်းနားတို့ဟာ ဗုဒ္ဓဟူးနေ့မှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကြသူတွေဖြစ်ပြီး မန်ချက်စတာစီးတီးက အစ်တီဟတ်မှာ အမှတ်ပေးဇယားဦးဆောင်သူ ဂန်းနားတွေကို အပြတ်အသတ် ချေမှုန်းပြီးနောက် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ လက်ရှိမှာတော့ အာဆင်နယ်ထက် ၂ ပွဲလျော့ ရမှတ် ၂ မှတ်အကွာမှာ ရပ်တည်နေပြီဖြစ်ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် ဆုဖလား ၃ လုံးတပြိုင်နက်တည်း ဆွတ်ခူးနိုင်မယ်လို့တောင် တစ်ကြိုပေးခြင်းခံထားရတာဖြစ်ပါတယ်။

ဒီဘရိုင်းနားနဲ့ ဟာလန်းတို့ဟာ မန်ချက်စတာစီးတီးရဲ့ အောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်ခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်ကွင်းလယ်ကြယ်ပွင့်ဟာ ဂိုးဖန်တီးမှု ၂၇ ကြိမ်အထိ ပြုလုပ်ထားပြီး နော်ဝေတိုက်စစ်မှူးက ၄၉ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့် ၂ ဦးဟာ အာဆင်နယ်နဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် ပြီးပြည့်စုံတဲ့ အတွဲအဖက်ကို ပြုလုပ်ပြနိုင်ခဲ့ပြီး ဂန်းနားနောက်ခံလူတွေဖြစ်တဲ့ ဂါဘရီယဲလ်၊ ရော့ဘ် ဟိုးဒင်းတို့အတွက် အလွန်ကောင်းမွန်လွန်းတဲ့ကစားသမားတွေဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

“သူတို့တွေက ဒီညမှာ ယှဉ်ကစားလို့မရနိုင်သူတွေဖြစ်ခဲ့တယ်။ သူတို့တွေက ဂါဘရီယဲလ်နဲ့ ဟိုးဒင်းတို့ကို အနိင်ကျင့်ခဲ့ကြတယ်။ ဘောလုံး ရှေ့ရောက်လာတဲ့အချိန်တိုင်း သူတို့တွေက ဘယ်အချိန်မှာ၊ ဘယ်လို၊ ဘယ်နေရာကို ပြေးလွှားရမလဲဆိုတာ နားလည်ကြပြီး ချိန်သားကိုက်မှုနဲ့ ပြီးတော့အဆုံးသတ်သွားခဲ့တယ်။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် အရမ်းကြီး ဘယ်တော့မှ အလှမ်းမဝေးခဲ့ကြဘူး”

“ဒီဘရိုင်းနားက အမြဲတမ်း ဟာလန်းနဲ့ ၅ ကိုက်၊ ၁၀ ကိုက်အတွင်းမှာ ရှိနေခဲ့တယ်။ မန်စီးတီးက အဆုံးသတ်ဖို့အတွက် အစကတည်းက အံ့မခန်းစွမ်းဆောင်ရည်ဖြစ်ခဲ့တယ်။ သူတို့တွေက နေရာတိုင်းမှာ လုံးဝကို လွှမ်းမိုးထားနိုင်ခဲ့တယ်။ ဒီည ကစားသွားတဲ့အထဲက အချို့က လုံးဝကို အံ့မခန်းပါပဲ။ဟာလန်းက အရမ်း အားကောင်းလွန်းတယ်။ သူ တစ်ဂိုးသွင်းယူနိုင်ခဲ့တယ်။ သူက ၃ ဂိုး၊ ၄ ဂိုးလောက် ရခဲ့သင့်တာပါ။ သူ့ရဲ့ ဒီည အဆုံးသတ်က တစ်ရာသီလုံး ပြသခဲ့တဲ့ ပုံစံမျိုး မဟုတ်ခဲ့ဘူး။ အာဆင်နယ်က ဒီည သူတို့ကို ထိန်းမရခဲ့ဘူး။ သူတို့တွေက အာဆင်နယ်ကစားသမားတွေကို အနိုင်ကျင့်ခဲ့ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အလန္ ရွီးယားက မန္ခ်က္စတာစီးတီးက အာဆင္နယ္ကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ယွဥ္ကစားလို႔မရႏိုင္တဲ့ ဒီဘ႐ိုင္းနားနဲ႔ အာလင္း ဟာလန္းတို႔ကို ခ်ီးက်ဴးခဲ့ပါတယ္။

ဟာလန္းနဲ႔ ဒီဘ႐ိုင္းနားတို႔ဟာ ဗုဒၶဟူးေန႔မွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ၾကသူေတြျဖစ္ၿပီး မန္ခ်က္စတာစီးတီးက အစ္တီဟတ္မွာ အမွတ္ေပးဇယားဦးေဆာင္သူ ဂန္းနားေတြကို အျပတ္အသတ္ ေခ်မႈန္းၿပီးေနာက္ ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရဖို႔ အနီးစပ္ဆုံး အေနအထားကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ လက္ရွိမွာေတာ့ အာဆင္နယ္ထက္ ၂ ပြဲေလ်ာ့ ရမွတ္ ၂ မွတ္အကြာမွာ ရပ္တည္ေနၿပီျဖစ္ၿပီး အက္ဖ္ေအဖလားဗိုလ္လုပြဲနဲ႔ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ထားႏိုင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ဆုဖလား ၃ လုံးတၿပိဳင္နက္တည္း ဆြတ္ခူးႏိုင္မယ္လို႔ေတာင္ တစ္ႀကိဳေပးျခင္းခံထားရတာျဖစ္ပါတယ္။

ဒီဘ႐ိုင္းနားနဲ႔ ဟာလန္းတို႔ဟာ မန္ခ်က္စတာစီးတီးရဲ႕ ေအာင္ျမင္မႈအတြက္ အဓိကေသာ့ခ်က္ျဖစ္ခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ကြင္းလယ္ၾကယ္ပြင့္ဟာ ဂိုးဖန္တီးမႈ ၂၇ ႀကိမ္အထိ ျပဳလုပ္ထားၿပီး ေနာ္ေဝတိုက္စစ္မႉးက ၄၉ ဂိုးအထိ သြင္းယူထားတာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ၂ ဦးဟာ အာဆင္နယ္နဲ႔ပြဲစဥ္မွာ ေနာက္ထပ္တစ္ႀကိမ္ ၿပီးျပည့္စုံတဲ့ အတြဲအဖက္ကို ျပဳလုပ္ျပႏိုင္ခဲ့ၿပီး ဂန္းနားေနာက္ခံလူေတြျဖစ္တဲ့ ဂါဘရီယဲလ္၊ ေရာ့ဘ္ ဟိုးဒင္းတို႔အတြက္ အလြန္ေကာင္းမြန္လြန္းတဲ့ကစားသမားေတြဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြက ဒီညမွာ ယွဥ္ကစားလို႔မရႏိုင္သူေတြျဖစ္ခဲ့တယ္။ သူတို႔ေတြက ဂါဘရီယဲလ္နဲ႔ ဟိုးဒင္းတို႔ကို အနိင္က်င့္ခဲ့ၾကတယ္။ ေဘာလုံး ေရွ႕ေရာက္လာတဲ့အခ်ိန္တိုင္း သူတို႔ေတြက ဘယ္အခ်ိန္မွာ၊ ဘယ္လို၊ ဘယ္ေနရာကို ေျပးလႊားရမလဲဆိုတာ နားလည္ၾကၿပီး ခ်ိန္သားကိုက္မႈနဲ႔ ၿပီးေတာ့အဆုံးသတ္သြားခဲ့တယ္။ သူတို႔ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းႀကီး ဘယ္ေတာ့မွ အလွမ္းမေဝးခဲ့ၾကဘူး”

“ဒီဘ႐ိုင္းနားက အၿမဲတမ္း ဟာလန္းနဲ႔ ၅ ကိုက္၊ ၁၀ ကိုက္အတြင္းမွာ ရွိေနခဲ့တယ္။ မန္စီးတီးက အဆုံးသတ္ဖို႔အတြက္ အစကတည္းက အံ့မခန္းစြမ္းေဆာင္ရည္ျဖစ္ခဲ့တယ္။ သူတို႔ေတြက ေနရာတိုင္းမွာ လုံးဝကို လႊမ္းမိုးထားႏိုင္ခဲ့တယ္။ ဒီည ကစားသြားတဲ့အထဲက အခ်ိဳ႕က လုံးဝကို အံ့မခန္းပါပဲ။ဟာလန္းက အရမ္း အားေကာင္းလြန္းတယ္။ သူ တစ္ဂိုးသြင္းယူႏိုင္ခဲ့တယ္။ သူက ၃ ဂိုး၊ ၄ ဂိုးေလာက္ ရခဲ့သင့္တာပါ။ သူ႔ရဲ႕ ဒီည အဆုံးသတ္က တစ္ရာသီလုံး ျပသခဲ့တဲ့ ပုံစံမ်ိဳး မဟုတ္ခဲ့ဘူး။ အာဆင္နယ္က ဒီည သူတို႔ကို ထိန္းမရခဲ့ဘူး။ သူတို႔ေတြက အာဆင္နယ္ကစားသမားေတြကို အႏိုင္က်င့္ခဲ့ၾကပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.