Premier League

မန်စီးတီးနဲ့ပွဲက ဟိုးဒင်းရဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ကြိမ်းမောင်းခဲ့တဲ့ ကီယွန်

မာတင် ကီယွန်က အာဆင်နယ်ကို မန်ချက်စတာစီးတီးက အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဟိုးဒင်းက အာလင်း ဟာလန်းနဲ့ ပထမဆုံး စိန်ခေါ်မှုကနေစပြီး တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

မန်ချက်စတာစီးတီးဟာ ဗုဒ္ဓဟူးနေ့ညမှာ အာတီတာရဲ့အသင်းကို ၄-၁ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ဂွါဒီယိုလာရဲ့အသင်းဟာ ၂ ပွဲလျော့ ၂ မှတ်အကွာနဲ့ အမှတ်ပေးဇယားဦးဆောင်သူ ဂန်းနားတွေကို ကျော်ဖြတ်ပြီး အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

ဝီလီယံ ဆာလီဘာ မပါဝင်နိုင်မှုကြောင့် ဟိုးဒင်းက ဗဟိုခံစစ်မှာ ဂါဘရီယဲလ်နဲ့ ပွဲထွက်လာခဲ့ပေမယ့်လည်း အာလင်း ဟာလန်း၊ ဒီဘရိုင်းနားတို့ကြောင့် ခက်ခဲကြမ်းတမ်းတဲ့ ညနေတစ်ခုကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးရဲ့ အဖွင့်ဂိုးကို ဒီဘရိုင်းနားအတွက် မဖန်တီးပေးခင်မှာ အလွန်ကောင်းမွန်တဲ့ ဘောလုံးကိုင်တွယ်မှုပြုလုပ်ခဲ့ပြီး မာတင် ကီယွန်က နော်ဝေတိုက်စစ်မှူးကို ရပ်တန့်နိုင်ဖို့ အဝါကတ် ယူခဲ့သင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်သာ ကစားခဲ့ရတာဆိုရင် ဟာလန်းက ကျွန်တော် တွေးနေတာတွေအားလုံး ဖြစ်လိမ့်မယ်။ ဟိုးဒင်းက အဲဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်။ ပထမဆုံးသော စိန်ခေါ်မှုမှာ ရှုံးနိမ့်ပြီး သူတို့တွေ ပထမဆုံးဂိုးကို ခွင့်ပြုပေးခဲ့ရတယ်။ ခင်ဗျား ကပ်ထားတဲ့လူကို လှဲချရမယ်။ ခင်ဗျား ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုလုပ်ရမယ်။ အဝါကတ် ယူသင့်ရင် ယူရမယ်”

“ဒါပေမယ့် ဟာလန်းက တစ်ကွင်းလုံး အေးအေးဆေးဆေး လျှောက်သွားနေပြီး တစ်ခါတလေ အရမ်းကို လွယ်နေတဲ့ပုံပေါ်ခဲ့ပါတယ်။ ဒါက ဒီလိုမျိုး ငယ်ရွယ်တဲ့ အာဆင်နယ်နောက်ခံလူတွေ လေ့လာသင်ယူရမယ့်အရာပါ။ အဲဒါကို လျင်လျင်မြန်မြန် လေ့လာသင်ယူရမယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မာတင္ ကီယြန္က အာဆင္နယ္ကို မန္ခ်က္စတာစီးတီးက အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဟိုးဒင္းက အာလင္း ဟာလန္းနဲ႔ ပထမဆုံး စိန္ေခၚမႈကေနစၿပီး တိုက္ပြဲမွာ ရႈံးနိမ့္ခဲ့တယ္လို႔ ယုံၾကည္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဗုဒၶဟူးေန႔ညမွာ အာတီတာရဲ႕အသင္းကို ၄-၁ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ရရွိသြားခဲ့တာျဖစ္ၿပီး ဒီႏိုင္ပြဲေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္းဟာ ၂ ပြဲေလ်ာ့ ၂ မွတ္အကြာနဲ႔ အမွတ္ေပးဇယားဦးေဆာင္သူ ဂန္းနားေတြကို ေက်ာ္ျဖတ္ၿပီး အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္သြားခဲ့ၿပီျဖစ္ပါတယ္။

ဝီလီယံ ဆာလီဘာ မပါဝင္ႏိုင္မႈေၾကာင့္ ဟိုးဒင္းက ဗဟိုခံစစ္မွာ ဂါဘရီယဲလ္နဲ႔ ပြဲထြက္လာခဲ့ေပမယ့္လည္း အာလင္း ဟာလန္း၊ ဒီဘ႐ိုင္းနားတို႔ေၾကာင့္ ခက္ခဲၾကမ္းတမ္းတဲ့ ညေနတစ္ခုကို ပိုင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ဟာလန္းဟာ မန္ခ်က္စတာစီးတီးရဲ႕ အဖြင့္ဂိုးကို ဒီဘ႐ိုင္းနားအတြက္ မဖန္တီးေပးခင္မွာ အလြန္ေကာင္းမြန္တဲ့ ေဘာလုံးကိုင္တြယ္မႈျပဳလုပ္ခဲ့ၿပီး မာတင္ ကီယြန္က ေနာ္ေဝတိုက္စစ္မႉးကို ရပ္တန႔္ႏိုင္ဖို႔ အဝါကတ္ ယူခဲ့သင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္သာ ကစားခဲ့ရတာဆိုရင္ ဟာလန္းက ကြၽန္ေတာ္ ေတြးေနတာေတြအားလုံး ျဖစ္လိမ့္မယ္။ ဟိုးဒင္းက အဲဒီတိုက္ပြဲမွာ ရႈံးနိမ့္ခဲ့တယ္။ ပထမဆုံးေသာ စိန္ေခၚမႈမွာ ရႈံးနိမ့္ၿပီး သူတို႔ေတြ ပထမဆုံးဂိုးကို ခြင့္ျပဳေပးခဲ့ရတယ္။ ခင္ဗ်ား ကပ္ထားတဲ့လူကို လွဲခ်ရမယ္။ ခင္ဗ်ား ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈလုပ္ရမယ္။ အဝါကတ္ ယူသင့္ရင္ ယူရမယ္”

“ဒါေပမယ့္ ဟာလန္းက တစ္ကြင္းလုံး ေအးေအးေဆးေဆး ေလွ်ာက္သြားေနၿပီး တစ္ခါတေလ အရမ္းကို လြယ္ေနတဲ့ပုံေပၚခဲ့ပါတယ္။ ဒါက ဒီလိုမ်ိဳး ငယ္႐ြယ္တဲ့ အာဆင္နယ္ေနာက္ခံလူေတြ ေလ့လာသင္ယူရမယ့္အရာပါ။ အဲဒါကို လ်င္လ်င္ျမန္ျမန္ ေလ့လာသင္ယူရမယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.