Premier League

စီးတီးနဲ့ပွဲမတိုင်ခင် အာဆင်နယ်လူစာရင်းနဲ့အတူ တွေ့ခဲ့ရတဲ့ ချာကာ

ဂရာနစ် ချာကာဟာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲစဉ်မတိုင်ခင် အာဆင်နယ်အသင်း တည်းခိုနေတဲ့ ဟိုတယ်ကို ရောက်ရှိလာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဂန်းနားတွေဟာ ယနေ့ညမှာ ဂွါဒီယိုလာရဲ့အသင်းနဲ့ ဆုဖလားပြိုင်ပွဲအတွက် အဆုံးအဖြတ်ဖြစ်လာမယ့် အရေးကြီးပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်းကတည်းက အစ်တီဟတ်မှာ အောင်ပွဲအရသာကို မခံစားခဲ့ရတာဖြစ်ပါတယ်။

အစ်တီဟတ်မှာ နောက်ဆုံး အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အာဆင်ဝင်းဂါးရဲ့အသင်းအတွက် ဆန်တီ ကာဇိုလာနဲ့ အိုလီဗီယေး ဂျီရူးတို့က သွင်းဂိုးတွေ သွင်းယူပေးခဲ့ကြပြီး ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်နည်းပြ အာတီတာက ဒီပွဲမှာသာ အနိုင် ၃ မှတ် မရခဲ့ဘူးဆိုရင် အမှတ်ပေးဇယားမှာ စီးတီးက ကျော်တက်နိုင်ဖို့ လမ်းဖွင့်ပေးသလိုဖြစ်သွားမယ်ဆိုတာကို သိနေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ချာကာရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ခဲ့ရပြီးနောက်ပိုင်း နောက်ထပ် ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့်လည်း ဆွစ်ဇာလန်ကွင်းလယ်ကစားသမားဟာ မန်ချက်စတာက အသင်းတည်းခိုနေတဲ့ ဟိုတယ်ကို ရောက်ရှိလာခဲ့တာကို မြင်တွေ့ခဲရတာကြောင့် ယနေ့ညပွဲစဉ်မှာ ပါဝင်ကစားပေးသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ချာကာဟာ ဆောက်သမ်တန်နဲ့ ၃-၃ သရေကျခဲ့တဲ့ သောကြာနေ့ညပွဲစဉ်ကို နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့တာဖြစ်ပြီး အာတီတာက ဆွစ်ဇာလန်ကွင်းလယ်ကစားသမားရဲ့ ကြံ့ခိုင်မှုအခြေအနေကို မန်စီးတီးနဲ့ပွဲမတိုင်ခင် အကဲဖြတ်သွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ကစားသမား မပါဝင်နိုင်မှုကြောင့် အမ်းမရိတ်စ်က ပွဲစဉ်မှာ ဖေဘီယို ဗီယာရာက ဝင်ကစားခဲ့ပေမယ့်လည်း ချာကာရဲ့ အရည်အသွေးကို လိုက်မီဖို့ တော်တော်လေး လိုအပ်နေသေးတယ်ဆိုတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ချာကာကို ဗုဒ္ဓဟူးနေ့ည အရေးကြီးတဲ့ပွဲစဉ်မတိုင်ခင် အာဆင်နယ်ရဲ့ ပွဲကြို လမ်းလျှောက်ရာမှာ မြင်တွေ့ခဲ့ရတာကြောင့် အာဆင်နယ်ပရိသတ်တွေအတွက် ကြီးမားတဲ့ အားတက်စရာ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂရာနစ္ ခ်ာကာဟာ မန္ခ်က္စတာစီးတီးနဲ႔ ရင္ဆိုင္ကစားရမယ့္ ပြဲစဥ္မတိုင္ခင္ အာဆင္နယ္အသင္း တည္းခိုေနတဲ့ ဟိုတယ္ကို ေရာက္ရွိလာခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဂန္းနားေတြဟာ ယေန႔ညမွာ ဂြါဒီယိုလာရဲ႕အသင္းနဲ႔ ဆုဖလားၿပိဳင္ပြဲအတြက္ အဆုံးအျဖတ္ျဖစ္လာမယ့္ အေရးႀကီးပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္းကတည္းက အစ္တီဟတ္မွာ ေအာင္ပြဲအရသာကို မခံစားခဲ့ရတာျဖစ္ပါတယ္။

အစ္တီဟတ္မွာ ေနာက္ဆုံး အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အာဆင္ဝင္းဂါးရဲ႕အသင္းအတြက္ ဆန္တီ ကာဇိုလာနဲ႔ အိုလီဗီေယး ဂ်ီ႐ူးတို႔က သြင္းဂိုးေတြ သြင္းယူေပးခဲ့ၾကၿပီး ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ေပမယ့္လည္း အာဆင္နယ္နည္းျပ အာတီတာက ဒီပြဲမွာသာ အႏိုင္ ၃ မွတ္ မရခဲ့ဘူးဆိုရင္ အမွတ္ေပးဇယားမွာ စီးတီးက ေက်ာ္တက္ႏိုင္ဖို႔ လမ္းဖြင့္ေပးသလိုျဖစ္သြားမယ္ဆိုတာကို သိေနတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ခ်ာကာရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ခဲ့ရၿပီးေနာက္ပိုင္း ေနာက္ထပ္ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ေပမယ့္လည္း ဆြစ္ဇာလန္ကြင္းလယ္ကစားသမားဟာ မန္ခ်က္စတာက အသင္းတည္းခိုေနတဲ့ ဟိုတယ္ကို ေရာက္ရွိလာခဲ့တာကို ျမင္ေတြ႕ခဲရတာေၾကာင့္ ယေန႔ညပြဲစဥ္မွာ ပါဝင္ကစားေပးသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ခ်ာကာဟာ ေဆာက္သမ္တန္နဲ႔ ၃-၃ သေရက်ခဲ့တဲ့ ေသာၾကာေန႔ညပြဲစဥ္ကို နာမက်န္းျဖစ္မႈေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး အာတီတာက ဆြစ္ဇာလန္ကြင္းလယ္ကစားသမားရဲ႕ ႀကံ့ခိုင္မႈအေျခအေနကို မန္စီးတီးနဲ႔ပြဲမတိုင္ခင္ အကဲျဖတ္သြားမယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ ကစားသမား မပါဝင္ႏိုင္မႈေၾကာင့္ အမ္းမရိတ္စ္က ပြဲစဥ္မွာ ေဖဘီယို ဗီယာရာက ဝင္ကစားခဲ့ေပမယ့္လည္း ခ်ာကာရဲ႕ အရည္အေသြးကို လိုက္မီဖို႔ ေတာ္ေတာ္ေလး လိုအပ္ေနေသးတယ္ဆိုတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ခ်ာကာကို ဗုဒၶဟူးေန႔ည အေရးႀကီးတဲ့ပြဲစဥ္မတိုင္ခင္ အာဆင္နယ္ရဲ႕ ပြဲႀကိဳ လမ္းေလွ်ာက္ရာမွာ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြအတြက္ ႀကီးမားတဲ့ အားတက္စရာ ျဖစ္လာခဲ့ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.