Premier League

ဟာရီ ကိန်းကို မခေါ်သင့်ဘူးလို့ အကြံပေးခဲ့တဲ့ နီမန်ညာ ဗီဒစ်

နီမန်ညာ ဗီဒစ်က ဟာရီ ကိန်းဟာ မန်ချက်စတာယူနိုက်တက်အတွက် ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးလို့ ယုံကြည်နေခြင်းမရှိဘဲ အသင်းအနေနဲ့ ယခုနွေရာသီမှာ နောက်ထပ် ဗဟိုခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီမှာ နာပိုလီကြယ်ပွင့် ဗစ်တာ အိုဆီမန်ကို ဦးစားပေး တိုက်စစ်မှူးအသစ်အဖြစ် ခေါ်ယူသွားမှာဖြစ်ပြီး ဘင်ဖီကာကြယ်ပွင့် ဂွန်ဆာလို ရာမို့စ်၊ ဟာရီ ကိန်းတို့အားလုံးကလည်း ရွေးချယ်စရာတွေအဖြစ် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်ဟာ ယခုနွေရာသီမှာဆိုရင် အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့မှာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းက အင်္ဂလန်တိုက်စစ်မှူးကို ရောင်းထုတ်မှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်း ရီယို ဖာဒီနန်နဲ့အတူ စကားပြောဆိုရာမှာ ဗီဒစ်က ၎င်းရဲ့အသင်းဟောင်းအနေနဲ့ လာမယ့်နှစ်တွေအတွက် အားကောင်းအောင် တည်ဆောက်သွားဖို့ အရေးပါကြောင်း ပြောကြားကြားခဲ့ပြီး တိုက်စစ်မှူးသစ်က အဲဒီအစီအစဉ်ကမှာ အဓိကကျတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာရီ ကိန်းက အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့နိုင်ခြေရှိနေတဲ့အပေါ်မှာ မေးခွန်းထုတ်ခံရချိန်မှာတော့ ဆားဘီးယားဂန္တဝင်နောက်ခံကစားသမားက စပါးစ်ကြယ်ပွင့်ထက် ပိုမိုငယ်ရွယ်တဲ့ တိုက်စစ်မှူးကသာ ပိုမိုကောင်းမွန်တဲ့ အဖြေဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား ကျွန်တော့်ကို မေးရင် အဲဒါက တိုက်စစ်မှူးပဲမဟုတ်ဘူးလို့ ပြောရမှာပါ။ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တဲ့ ကစားသမားတွေက ကွင်းလယ်၊ တိုက်စစ်မှူးနဲ့ ဗဟိုခံစစ် ကစားသမား ၂ ဦးလို့ ကျွန်တော် ထင်တယ်။ ကျန်တာအားလုံးက ခင်ဗျား လုပ်နိုင်တယ်။ ဒါက အသင်းရဲ့ နှလုံးသားပဲ။ ကျွန်တော်တို့ အဲဒါကို အားကောင်းအောင် လုပ်နိုင်သေးတယ်လို့ ထင်တယ်။ တိုက်စစ်မှူးက ခင်ဗျား ကျွန်တော့်ကို မေးတဲ့အခက်ခဲဆုံးမေးခွန်းလို့ ထင်တယ်။ ကျွန်တော် မသိဘူး။”

ဖာဒီနန်က ကိန်းက အဖြေဖြစ်နိုင်မလားလို့ မေးမြန်းခဲ့ရာမှာ ဗီဒစ်က “ကျွန်တော်ကတော့ ၁၀၀ ရာခိုင်နှုန်း မသေချာဘူးဆိုရင် တိုက်စစ်မှူး ဝယ်ယူမှာမဟုတ်ပါဘူး။ ငွေဘယ်လောက်နဲ့ ခေါ်နိုင်မှာလဲ။ သူက အသက်ဘယ်လောက်ရှိပြီလဲ။ သူက ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ထိပ်တန်းတိုက်စစ်မှူးဖြစ်ခဲ့ပြီး သူက ဂိုးတွေ သွင်းယူပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ တခြားရွေးချယ်စရာတွေကိုပဲ ရွေးချယ်သွားမှာ ကျိန်းသေပါတယ်။ တခြားရွေးချယ်စရာတွေက ဘာတွေပဲဖြစ်ဖြစ် ကျွန်တော် တခြား ရွေးချယ်စရာတွေကိုပဲ ရွေးချယ်သွားမှာပါ”

“နှစ်ပေါင်းများစွာ ကစားပေးမယ့် တိုက်စစ်မှူး ရဖို့ နည်းလမ်းရှိပါတယ်။ အသင်းက နှစ်ပေါင်းများစွာအတွက် တွေးရမယ်။ အသင်းအတွက် ၇ နှစ်လောက် ကစားပေးနိုင်မယ့် အသက် ၂၃၊ ၂၄ နှစ်အရွယ်ကစားသမားတွေကို ရှာရမယ်။ အထူးသဖြင့် အသင်းရဲ့နှလုံးသားထဲမှာရှိမယ့်သူမျိုးပေါ့။ အဲဒီအသင်းရဲ့ နှလုံးသားထဲမှာ ခင်ဗျား ကစားသမား ၂ ဦး၊ ၃ ဦး တချိန်လုံးရှိနေရမှာဖြစ်ပြီး ကျန်တဲ့လူတွေကတော့ ခင်ဗျား ဖန်တီးယူသွားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နီမန္ညာ ဗီဒစ္က ဟာရီ ကိန္းဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၿပီးျပည့္စုံတဲ့ တိုက္စစ္မႉးလို႔ ယုံၾကည္ေနျခင္းမရွိဘဲ အသင္းအေနနဲ႔ ယခုေႏြရာသီမွာ ေနာက္ထပ္ ဗဟိုခံစစ္ကစားသမားတစ္ဦးကို ေခၚယူဖို႔ ႀကိဳးပမ္းသင့္တယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုေႏြရာသီမွာ နာပိုလီၾကယ္ပြင့္ ဗစ္တာ အိုဆီမန္ကို ဦးစားေပး တိုက္စစ္မႉးအသစ္အျဖစ္ ေခၚယူသြားမွာျဖစ္ၿပီး ဘင္ဖီကာၾကယ္ပြင့္ ဂြန္ဆာလို ရာမို႔စ္၊ ဟာရီ ကိန္းတို႔အားလုံးကလည္း ေ႐ြးခ်ယ္စရာေတြအျဖစ္ သတ္မွတ္ျခင္းခံထားရတာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ဟာ ယခုေႏြရာသီမွာဆိုရင္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့မွာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းက အဂၤလန္တိုက္စစ္မႉးကို ေရာင္းထုတ္မွာမဟုတ္ဘူးလို႔ အခိုင္အမာ ေျပာၾကားထားတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေဟာင္း ရီယို ဖာဒီနန္နဲ႔အတူ စကားေျပာဆိုရာမွာ ဗီဒစ္က ၎ရဲ႕အသင္းေဟာင္းအေနနဲ႔ လာမယ့္ႏွစ္ေတြအတြက္ အားေကာင္းေအာင္ တည္ေဆာက္သြားဖို႔ အေရးပါေၾကာင္း ေျပာၾကားၾကားခဲ့ၿပီး တိုက္စစ္မႉးသစ္က အဲဒီအစီအစဥ္ကမွာ အဓိကက်တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟာရီ ကိန္းက အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိေနတဲ့အေပၚမွာ ေမးခြန္းထုတ္ခံရခ်ိန္မွာေတာ့ ဆားဘီးယားဂႏၲဝင္ေနာက္ခံကစားသမားက စပါးစ္ၾကယ္ပြင့္ထက္ ပိုမိုငယ္႐ြယ္တဲ့ တိုက္စစ္မႉးကသာ ပိုမိုေကာင္းမြန္တဲ့ အေျဖျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား ကြၽန္ေတာ့္ကို ေမးရင္ အဲဒါက တိုက္စစ္မႉးပဲမဟုတ္ဘူးလို႔ ေျပာရမွာပါ။ အမွတ္ေပးဖလားကို ဆြတ္ခူးႏိုင္တဲ့ ကစားသမားေတြက ကြင္းလယ္၊ တိုက္စစ္မႉးနဲ႔ ဗဟိုခံစစ္ ကစားသမား ၂ ဦးလို႔ ကြၽန္ေတာ္ ထင္တယ္။ က်န္တာအားလုံးက ခင္ဗ်ား လုပ္ႏိုင္တယ္။ ဒါက အသင္းရဲ႕ ႏွလုံးသားပဲ။ ကြၽန္ေတာ္တို႔ အဲဒါကို အားေကာင္းေအာင္ လုပ္ႏိုင္ေသးတယ္လို႔ ထင္တယ္။ တိုက္စစ္မႉးက ခင္ဗ်ား ကြၽန္ေတာ့္ကို ေမးတဲ့အခက္ခဲဆုံးေမးခြန္းလို႔ ထင္တယ္။ ကြၽန္ေတာ္ မသိဘူး။”

ဖာဒီနန္က ကိန္းက အေျဖျဖစ္ႏိုင္မလားလို႔ ေမးျမန္းခဲ့ရာမွာ ဗီဒစ္က “ကြၽန္ေတာ္ကေတာ့ ၁၀၀ ရာခိုင္ႏႈန္း မေသခ်ာဘူးဆိုရင္ တိုက္စစ္မႉး ဝယ္ယူမွာမဟုတ္ပါဘူး။ ေငြဘယ္ေလာက္နဲ႔ ေခၚႏိုင္မွာလဲ။ သူက အသက္ဘယ္ေလာက္ရွိၿပီလဲ။ သူက ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္းမွာ ထိပ္တန္းတိုက္စစ္မႉးျဖစ္ခဲ့ၿပီး သူက ဂိုးေတြ သြင္းယူပါလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ တျခားေ႐ြးခ်ယ္စရာေတြကိုပဲ ေ႐ြးခ်ယ္သြားမွာ က်ိန္းေသပါတယ္။ တျခားေ႐ြးခ်ယ္စရာေတြက ဘာေတြပဲျဖစ္ျဖစ္ ကြၽန္ေတာ္ တျခား ေ႐ြးခ်ယ္စရာေတြကိုပဲ ေ႐ြးခ်ယ္သြားမွာပါ”

“ႏွစ္ေပါင္းမ်ားစြာ ကစားေပးမယ့္ တိုက္စစ္မႉး ရဖို႔ နည္းလမ္းရွိပါတယ္။ အသင္းက ႏွစ္ေပါင္းမ်ားစြာအတြက္ ေတြးရမယ္။ အသင္းအတြက္ ၇ ႏွစ္ေလာက္ ကစားေပးႏိုင္မယ့္ အသက္ ၂၃၊ ၂၄ ႏွစ္အ႐ြယ္ကစားသမားေတြကို ရွာရမယ္။ အထူးသျဖင့္ အသင္းရဲ႕ႏွလုံးသားထဲမွာရွိမယ့္သူမ်ိဳးေပါ့။ အဲဒီအသင္းရဲ႕ ႏွလုံးသားထဲမွာ ခင္ဗ်ား ကစားသမား ၂ ဦး၊ ၃ ဦး တခ်ိန္လုံးရွိေနရမွာျဖစ္ၿပီး က်န္တဲ့လူေတြကေတာ့ ခင္ဗ်ား ဖန္တီးယူသြားရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.