La Liga

မက်ဆီကို ပြန်မလာစေချင်တဲ့ ဘာစီလိုနာကြယ်ပွင့် ၄ ဦး

ဘာစီလိုနာကစားသမား ၄ ဦးဟာ ယခုနွေရာသီမှာ အသင်းကို လီယွန်နယ် မက်ဆီ ပြန်လာနိုင်ခြေရှိနေမှုကို ဆန့်ကျင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

El Nacional ရဲ့ ဖော်ပြချက်အရ လီဗန်ဒေါ့ဗ်စကီး၊ တာစတီဂျန်၊ အန်ဆူ ဖာတီနဲ့ ဒမ်ဘီလီတို့ဟာ ယခုနွေရာသီမှာ အာဂျင်တီးနားဂန္တဝင်ရဲ့ စိတ်လှုပ်ရှားဖွယ် အိမ်ပြန်ခရီးကို ဆန့်ကျင်နေကြတဲ့ ကစားသမားတွေဖြစ်တယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီဟာ ၂၀၂၁ ခုနှစ်မှာ အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် နူးကမ့်ကို စွန့်ခွာပြီး ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ရတာဖြစ်ပေမယ့်လည်း ပြင်သစ်ကို ပြောင်းရွှေ့ပြီးကတည်းက ဝေဖန်မှုတွေ အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီး ယခုရာသီမှာ ပီအက်စ်ဂျီပရိသတ်တွေဆီကနေ လှောင်ပြောင်မှုတွေ မကြာခဏ ခံခဲ့ရတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အာဂျင်တီးနားတိုက်စစ်မှူးရဲ့ အနာဂတ်ဟာ မရေရာမှုတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။

ယခုနွေရာသီမှာ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့မှုသာ အမှန်တကယ် ဖြစ်လာခဲ့မယ်ဆိုရင် နူးကမ့်က ကြယ်ပွင့်ကစားသမား ၄ ဦးအတွက် အဆင်မပြေဖြစ်လာနိုင်ပြီး ဖာတီဟာ အာဂျင်တီးနားကြယ်ပွင့် ပြန်လည်ရောက်ရှိလာရင် ကျောနံပါတ် ၁၀ ကို စွန့်လွှတ်ရမှာဖြစ်သလို ပုံမှန်ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးလည်း ပိုမို နည်းပါးသွားမှာဖြစ်ပါတယ်။

ဒမ်ဘီလီကလည်း လီယွန်နယ် မက်ဆီ ထွက်ခွာသွားပြီးကတည်းက ကစားချင်တဲ့ ညာတောင်ပံနေရာမှာ ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်သာ နူးကမ့်ကို ပြန်လာခဲ့ရင် ညာတောင်ပံမှာ ပွဲထွက်ခွင့်အတွက် နောက်ထပ်တစ်ကြိမ် ရုန်းကန်ရဦးမှာဖြစ်ပါတယ်။

ဂျာမန်ဂိုးသမား တာစတီဂျန်ကတော့ ၂၀၂၁ ခုနှစ်အတွင်း လေ့ကျင့်ရေးအစီအစဉ်အတွင်းမှာ စကားများပြီးကတည်းက လီယွန်နယ် မက်ဆီနဲ့ စကားမပြောတော့ဘူးလို့ ယုံကြည်ရပြီး လီဗန်ဒေါ့ဗ်စကီးကတော့ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဟာ ၎င်းအတွက် တိုက်စစ်မှာ အလွန်ကောင်းမွန်တဲ့ တွဲဖက်ဖြစ်လာမယ်ဆိုတာ ယုံကြည်နေပေမယ့်လည်း အသင်းမှာ တစ်ဦးတည်းသော စူပါစတား ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာကစားသမား ၄ ဦးဟာ ယခုေႏြရာသီမွာ အသင္းကို လီယြန္နယ္ မက္ဆီ ျပန္လာႏိုင္ေျခရွိေနမႈကို ဆန႔္က်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

El Nacional ရဲ႕ ေဖာ္ျပခ်က္အရ လီဗန္ေဒါ့ဗ္စကီး၊ တာစတီဂ်န္၊ အန္ဆူ ဖာတီနဲ႔ ဒမ္ဘီလီတို႔ဟာ ယခုေႏြရာသီမွာ အာဂ်င္တီးနားဂႏၲဝင္ရဲ႕ စိတ္လႈပ္ရွားဖြယ္ အိမ္ျပန္ခရီးကို ဆန႔္က်င္ေနၾကတဲ့ ကစားသမားေတြျဖစ္တယ္လို႔ သိရပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၂၀၂၁ ခုႏွစ္မွာ အသင္းရဲ႕ ဘ႑ာေရး အၾကပ္အတည္းေၾကာင့္ ႏူးကမ့္ကို စြန႔္ခြာၿပီး ပီအက္စ္ဂ်ီအသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ရတာျဖစ္ေပမယ့္လည္း ျပင္သစ္ကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက ေဝဖန္မႈေတြ အမ်ားအျပားနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ယခုရာသီမွာ ပီအက္စ္ဂ်ီပရိသတ္ေတြဆီကေန ေလွာင္ေျပာင္မႈေတြ မၾကာခဏ ခံခဲ့ရတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ အနာဂတ္ဟာ မေရရာမႈေတြ ျမင့္တက္လာေနတာျဖစ္ပါတယ္။

ယခုေႏြရာသီမွာ ဘာစီလိုနာအသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕မႈသာ အမွန္တကယ္ ျဖစ္လာခဲ့မယ္ဆိုရင္ ႏူးကမ့္က ၾကယ္ပြင့္ကစားသမား ၄ ဦးအတြက္ အဆင္မေျပျဖစ္လာႏိုင္ၿပီး ဖာတီဟာ အာဂ်င္တီးနားၾကယ္ပြင့္ ျပန္လည္ေရာက္ရွိလာရင္ ေက်ာနံပါတ္ ၁၀ ကို စြန႔္လႊတ္ရမွာျဖစ္သလို ပုံမွန္ပြဲထြက္ခြင့္ရဖို႔ အခြင့္အေရးလည္း ပိုမို နည္းပါးသြားမွာျဖစ္ပါတယ္။

ဒမ္ဘီလီကလည္း လီယြန္နယ္ မက္ဆီ ထြက္ခြာသြားၿပီးကတည္းက ကစားခ်င္တဲ့ ညာေတာင္ပံေနရာမွာ ပြဲထြက္ခြင့္ ရရွိခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္သာ ႏူးကမ့္ကို ျပန္လာခဲ့ရင္ ညာေတာင္ပံမွာ ပြဲထြက္ခြင့္အတြက္ ေနာက္ထပ္တစ္ႀကိမ္ ႐ုန္းကန္ရဦးမွာျဖစ္ပါတယ္။

ဂ်ာမန္ဂိုးသမား တာစတီဂ်န္ကေတာ့ ၂၀၂၁ ခုႏွစ္အတြင္း ေလ့က်င့္ေရးအစီအစဥ္အတြင္းမွာ စကားမ်ားၿပီးကတည္းက လီယြန္နယ္ မက္ဆီနဲ႔ စကားမေျပာေတာ့ဘူးလို႔ ယုံၾကည္ရၿပီး လီဗန္ေဒါ့ဗ္စကီးကေတာ့ ၂၀၂၂ ကမာၻ႔ဖလားခ်န္ပီယံဟာ ၎အတြက္ တိုက္စစ္မွာ အလြန္ေကာင္းမြန္တဲ့ တြဲဖက္ျဖစ္လာမယ္ဆိုတာ ယုံၾကည္ေနေပမယ့္လည္း အသင္းမွာ တစ္ဦးတည္းေသာ စူပါစတား ကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ကို စြန႔္လႊတ္ရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.