La Liga Serie A

ရော်နယ်လ်ဒိုနဲ့ တူညီတဲ့အဆင့်အတန်းမှာရှိတယ်လို့ လက်ခံထားတဲ့ မက်ဆီ

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ စပိန်လာလီဂါကို တောက်ပစေခဲ့တဲ့ ကစားသမားတွေ ဖြစ်ခဲ့ကြပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ လာလီဂါမှာ ကစားခဲ့တဲ့ကာလအတွင်း ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေလို့ သတ်မှတ်ခြင်းခံခဲ့ရပြီး ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကနေ ပေါ်တူဂီကြယ်ပွင့်က ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာချိန်မှာ ၎င်းတို့ကြားက ယှဉ်ပြိုင်မှုက အမြင့်မားဆုံးအဆင့်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို စွန့်ခွာပြီး ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ပေါ်တူဂီတိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့အပြီးမှာ မက်ဆီက အဲဒီအချိန်တုန်းက ၎င်းပြီးရင် ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားက ဘယ်သူလဲလို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

“အခုဆိုရင် အရမ်းကောင်းတဲ့ ကစားသမားတွေအများကြီးရှိနေပါတယ်။ နေမာ၊ အမ်ဘာပေ၊ ဆွာရက်ဇ်၊ အီဒင် ဟာဇက် သူတို့တွေထဲက ဘယ်သူမဆို ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဖြစ်လာနိုင်ပါတယ်။ ကျွန်တော် ဒီစာရင်းထဲမှာရော်နယ်လ်ဒိုကို ထည့်မပြောပါဘူး။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်အတိုင်းပဲ တူညီတဲ့ အဆင့်အတန်းမှာ ရှိနေတဲ့သူလို့ ယူဆထားလို့ပါ”

“သူနဲ့ ရင်ဆိုင်ကစားရတာ ပျော်စရာကောင်းခဲ့ပြီး သူ ကျွန်တော့်ကို နာကျင်ခံစားရအောင် လုပ်ခဲ့တယ်ဆိုရင်တောင်မှပေါ့။ ရီးရဲလ်မက်ဒရစ်က ဆုဖလားတွေကို ကိုင်မြှောက်တာ မြင်ရတာ ကျွန်တော့်ကို ဒေါသထွက်စေပါတယ်။ သူ စပိန်မှာပဲ ရှိနေသေးရင်ကောင်းမယ်လို့ ဆုတောင်းမိပေမယ့်လည်း ဂျူဗင်တပ်ကို အရမ်းကောင်းမွန်တဲ့ လေးစားမှုရှိပါတယ်။ သူတို့တွေက အရမ်းအားကောင်းတဲ့လူစာရင်းကို ပိုင်ဆိုင်ထားပုံပေါ်ပါတယ်။ အရမ်းကောင်းတဲ့ကစားသမားတွေရှိပြီး အခုဆိုရင် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ဆိုရင် ပိုလို့တောင် အားကောင်းသွားပါပြီ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္မွာ စပိန္လာလီဂါကို ေတာက္ပေစခဲ့တဲ့ ကစားသမားေတြ ျဖစ္ခဲ့ၾကပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ လာလီဂါမွာ ကစားခဲ့တဲ့ကာလအတြင္း ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြလို႔ သတ္မွတ္ျခင္းခံခဲ့ရၿပီး ၂၀၀၉ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္ကေန ေပၚတူဂီၾကယ္ပြင့္က ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕လာခ်ိန္မွာ ၎တို႔ၾကားက ယွဥ္ၿပိဳင္မႈက အျမင့္မားဆုံးအဆင့္ကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ ၂၀၁၈ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္အသင္းကို စြန႔္ခြာၿပီး ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး ေပၚတူဂီတိုက္စစ္မႉးရဲ႕ အေျပာင္းအေ႐ႊ႕အၿပီးမွာ မက္ဆီက အဲဒီအခ်ိန္တုန္းက ၎ၿပီးရင္ ကမာၻေပၚက အေကာင္းဆုံးကစားသမားက ဘယ္သူလဲလို႔ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

“အခုဆိုရင္ အရမ္းေကာင္းတဲ့ ကစားသမားေတြအမ်ားႀကီးရွိေနပါတယ္။ ေနမာ၊ အမ္ဘာေပ၊ ဆြာရက္ဇ္၊ အီဒင္ ဟာဇက္ သူတို႔ေတြထဲက ဘယ္သူမဆို ကမာၻေပၚက အေကာင္းဆုံးကစားသမားျဖစ္လာႏိုင္ပါတယ္။ ကြၽန္ေတာ္ ဒီစာရင္းထဲမွာေရာ္နယ္လ္ဒိုကို ထည့္မေျပာပါဘူး။ ဘာလို႔လဲဆိုေတာ့ သူက ကြၽန္ေတာ့္အတိုင္းပဲ တူညီတဲ့ အဆင့္အတန္းမွာ ရွိေနတဲ့သူလို႔ ယူဆထားလို႔ပါ”

“သူနဲ႔ ရင္ဆိုင္ကစားရတာ ေပ်ာ္စရာေကာင္းခဲ့ၿပီး သူ ကြၽန္ေတာ့္ကို နာက်င္ခံစားရေအာင္ လုပ္ခဲ့တယ္ဆိုရင္ေတာင္မွေပါ့။ ရီးရဲလ္မက္ဒရစ္က ဆုဖလားေတြကို ကိုင္ေျမႇာက္တာ ျမင္ရတာ ကြၽန္ေတာ့္ကို ေဒါသထြက္ေစပါတယ္။ သူ စပိန္မွာပဲ ရွိေနေသးရင္ေကာင္းမယ္လို႔ ဆုေတာင္းမိေပမယ့္လည္း ဂ်ဴဗင္တပ္ကို အရမ္းေကာင္းမြန္တဲ့ ေလးစားမႈရွိပါတယ္။ သူတို႔ေတြက အရမ္းအားေကာင္းတဲ့လူစာရင္းကို ပိုင္ဆိုင္ထားပုံေပၚပါတယ္။ အရမ္းေကာင္းတဲ့ကစားသမားေတြရွိၿပီး အခုဆိုရင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ဆိုရင္ ပိုလို႔ေတာင္ အားေကာင္းသြားပါၿပီ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.