La Liga

ဘောလုံးနဲ့ တည်ကန်ခဲ့တဲ့ ဂီရိုနာကစားသမား အဝါကတ်မပြခံခဲ့ရလို့ လာလီဂါကို ပြစ်တင်ခဲ့တဲ့ ဗင်နီးရှပ်စ်

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီးရှပ်စ် ဂျူနီယာဟာ ဂီရိုနာကို ရှုံးနိမ့်ခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်အပြီးမှာ လာလီဂါကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်ဟာ ရည်ရွယ်ချက်ရှိရှိ ဘောလုံးနဲ့ တည်ကန်ခဲ့တဲ့ ဂီရိုနာ နောက်ခံလူကို အဝါကတ်ပြသရမယ့်အစား ၎င်းကိုသာ အဝါကတ်ပြား ပြသဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ညည်းတွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အင်္ဂါနေ့ညက ဂီရိုနာရဲ့ မွန်တီလီဗီကွင်းမှာ ၄-၂ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဗလန်တင် ကက်စတယ်လာနော့စ်က အိမ်ရှင်အသင်းအတွက် ၄ ဂိုးစလုံးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဗင်နီးရှပ်စ် ဂျူနီယာနဲ့ လူးကပ်စ် ဗက်စ်ကွက်ဇ်တို့က ရီးရဲလ်မက်ဒရစ်အသင်းအတွက် သွင်းယူပေးခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ ကွင်းအတွင်းမှာ ခိုက်ရန်ဖြစ်ပွားမှု အများအပြား ဖြစ်ခဲ့တာဖြစ်ပါတယ်။

အသိသာဆုံးကတော့ ၃၆ မိနစ်မှာ ဖြစ်ခဲ့တဲ့ကိစ္စဖြစ်ပြီး ဗင်နီးရှပ်စ် ဂျူနီယာဟာ ကွင်းဘေးစည်းနားက မြက်ခင်းပေါ်မှာ လဲကျနေချိန်မှာ ဆန်တီယာဂို ဗွေနိုက ဘောလုံးကို ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ရှိရာကို ကြမ်းကြမ်းတမ်းတမ်း တည်ကန်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဘယ်တောင်ပံကစားသမားက ဗွေနိုက ရည်ရွယ်ချက်ရှိရှိနဲ့ ကန်ခဲ့တာဖြစ်ပြီး အဝါကတ်ပြား ပြသဖို့အတွက် တောင်းဆိုခဲ့ပေမယ့်လည်း ဒိုင်လူကြီး ဇာဗီးယား အစ်ဂလက်စီယာ့စ်က ဘရာဇီးလ်တောင်ပံကစားသမားကိုသာ စောဒကတက်မှုအတွက် အဝါကတ်ပြား ပြသခဲ့တာ ဖြစ်ပါတယ်။

တွစ်တာလူမှုကွန်ရက်ပေါ်မှာ Mundo Da Bola က ဆုံးဖြတ်ချက်အပေါ်မှာ စောဒကတက်ခဲ့ပြီး “ဗင်နီးရှပ်စ် ဂျူနီယာက မြေကြီးပေါ်မှာ လဲကျနေခဲ့ပြီး ဂီရိုနာကစားသမားက သူ့ကို ဘောလုံးနဲ့ ကန်ခဲ့ပါတယ်။ ဗင်နီက စောဒကတက်ခဲ့ပြီး အဝါကတ် ပြခံခဲ့တယ်။ ပြိုင်ဘက်ကတော့ ဘာမှ ပြစ်ဒဏ်ပေးမခံခဲ့ရဘူး”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဗင်နီးရှပ်စ် ဂျူနီယာက အဲဒီပို့စ်ကို ရယ်မောနေတဲ့ အီမိုဂျီပုံ ၂ ခုနဲ့ “လာလီဂါ”ဆိုတဲ့စာသားနဲ့အတူ ပြန်လည် မျှဝေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ ဂီ႐ိုနာကို ရႈံးနိမ့္ခဲ့တဲ့ အဂၤါေန႔ညပြဲစဥ္အၿပီးမွာ လာလီဂါကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္ဟာ ရည္႐ြယ္ခ်က္ရွိရွိ ေဘာလုံးနဲ႔ တည္ကန္ခဲ့တဲ့ ဂီ႐ိုနာ ေနာက္ခံလူကို အဝါကတ္ျပသရမယ့္အစား ၎ကိုသာ အဝါကတ္ျပား ျပသဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ကို ညည္းတြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အဂၤါေန႔ညက ဂီ႐ိုနာရဲ႕ မြန္တီလီဗီကြင္းမွာ ၄-၂ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဗလန္တင္ ကက္စတယ္လာေနာ့စ္က အိမ္ရွင္အသင္းအတြက္ ၄ ဂိုးစလုံးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဗင္နီးရွပ္စ္ ဂ်ဴနီယာနဲ႔ လူးကပ္စ္ ဗက္စ္ကြက္ဇ္တို႔က ရီးရဲလ္မက္ဒရစ္အသင္းအတြက္ သြင္းယူေပးခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ဟာ ကြင္းအတြင္းမွာ ခိုက္ရန္ျဖစ္ပြားမႈ အမ်ားအျပား ျဖစ္ခဲ့တာျဖစ္ပါတယ္။

အသိသာဆုံးကေတာ့ ၃၆ မိနစ္မွာ ျဖစ္ခဲ့တဲ့ကိစၥျဖစ္ၿပီး ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ ကြင္းေဘးစည္းနားက ျမက္ခင္းေပၚမွာ လဲက်ေနခ်ိန္မွာ ဆန္တီယာဂို ေဗြႏိုက ေဘာလုံးကို ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ရွိရာကို ၾကမ္းၾကမ္းတမ္းတမ္း တည္ကန္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ ဘယ္ေတာင္ပံကစားသမားက ေဗြႏိုက ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ကန္ခဲ့တာျဖစ္ၿပီး အဝါကတ္ျပား ျပသဖို႔အတြက္ ေတာင္းဆိုခဲ့ေပမယ့္လည္း ဒိုင္လူႀကီး ဇာဗီးယား အစ္ဂလက္စီယာ့စ္က ဘရာဇီးလ္ေတာင္ပံကစားသမားကိုသာ ေစာဒကတက္မႈအတြက္ အဝါကတ္ျပား ျပသခဲ့တာ ျဖစ္ပါတယ္။

တြစ္တာလူမႈကြန္ရက္ေပၚမွာ Mundo Da Bola က ဆုံးျဖတ္ခ်က္အေပၚမွာ ေစာဒကတက္ခဲ့ၿပီး “ဗင္နီးရွပ္စ္ ဂ်ဴနီယာက ေျမႀကီးေပၚမွာ လဲက်ေနခဲ့ၿပီး ဂီ႐ိုနာကစားသမားက သူ႔ကို ေဘာလုံးနဲ႔ ကန္ခဲ့ပါတယ္။ ဗင္နီက ေစာဒကတက္ခဲ့ၿပီး အဝါကတ္ ျပခံခဲ့တယ္။ ၿပိဳင္ဘက္ကေတာ့ ဘာမွ ျပစ္ဒဏ္ေပးမခံခဲ့ရဘူး”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ဗင္နီးရွပ္စ္ ဂ်ဴနီယာက အဲဒီပို႔စ္ကို ရယ္ေမာေနတဲ့ အီမိုဂ်ီပုံ ၂ ခုနဲ႔ “လာလီဂါ”ဆိုတဲ့စာသားနဲ႔အတူ ျပန္လည္ မွ်ေဝခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.