La Liga

ဘာစီလိုနာပြန်ရောက်လာပြီဖြစ်တဲ့ လီယွန်နယ် မက်ဆီ

ဘာစီလိုနာ ပရိသတ်တွေဟာ လီယွန်နယ် မက်ဆီ ယခုနွေရာသီမှာ အသင်းကို ပြန်လာနိုင်ခြေက မြင့်တက်လာပုံပေါ်တာကြောင့် စိတ်လှုပ်ရှားနေကြပြီဖြစ်ပါတယ်။

စီနီယာ ဂျာနယ်လစ် ဂျရတ် ရိုမဲရိုးဟာ အာဂျင်တီးနားကြယ်ပွင့်ဟာ လက်ရှိမှာ ဘာစီလိုနာမြို့ကို ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ကောလာဟလသတင်းတွေကို ပိုမို အရှိန်မြင့်တက်လာစေခဲ့တာဖြစ်ပါတယ်။

ရိုမဲရိုးက အာဂျင်တီးနားကြယ်ပွင့်အတွက် ရိုးရိုးတန်းတန်း အလည်အပတ် ခရီးမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး တွစ်တာပေါ်က BarcaWorldwide ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ မိသားစုနဲ့အတူ ခရီးဆောင်အိတ်အများအပြားနဲ့ ဘာစီလိုနာကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဒါကဘာစီလိုနာမှာ မက်ဆီအတွက် ပုံမှန် အလည်အပတ်မဟုတ်ပါဘူး။ သူရဲ့ ညာလက်ရုံး ကိုယ်ရံတော်က ခရီးဆောင်အိတ် ၁၅ လုံးအထိ သယ်ဆောင်လာခဲ့တာပါ။ သူ့ရဲ့ ပြီးခဲ့တဲ့ အလည်အပတ်ခရီးနဲ့ မတူတာက လီယို မက်ဆီက ဒီတစ်ကြိမ်မှာ ဘာစီလိုနာက ဘယ်သူမှ မမြင်အောင် လေဆိပ်က မတူညီတဲ့ တံခါးကနေ ဖြတ်သန်းသွားခဲ့တာပါ”

“လီယွန်နယ် မက်ဆီက ဘာစီလုနာကို ပြန်လာဖို့က အရင်ကထက် အများကြီး ပိုနီးစပ်လာပါတယ် ။ကျွန်တော်တို့ လာမယ့် ရက်ပိုင်းအတွင်း နိုးနိုးကြားကြား နေရမှာပါ။ ဘာလို့လဲဆိုတော့ လှုပ်ရှားမှုတွေ အများကြီး ဖြစ်နိုင်လို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.