Other Leagues

အယ်လ်နာဆာဂိုးပေးခဲ့ရပြီးနောက် အရန်ခုံတန်းဘက်ကို ဒေါသတကြီး အော်ဟစ်ခဲ့တဲ့ ရော်နယ်လ်ဒို

အယ်လ် နာဆာအသင်းက အယ်လ် ဝါဒါးနဲ့ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ ဂိုးပေးခဲ့ရပြီးနောက် ပထမပိုင်းအပြီးမှာ စိတ်ပျက်ဒေါသထွက်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ၎င်းရဲ့ အသင်း အရန်ခုံတန်းကို အော်ဟစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အယ်လ် နာဆာအသင်းဟာ တနင်္လာနေ့ညက ဘုရင့်ဖလားပြိုင်ပွဲမှာ အယ်လ် ဝါဒါးအသင်းကို ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဂျင်း-ဒေးဗစ် ဘိုးဂယ်က ပထမပိုင်းမှာ အယ်လ် ဝါဒါးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အယ်လ် ဝါဒါးအသင်းဟာ ဒုတိယပိုင်းမှာ အနီကတ်ကြောင့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပြီး ၅၃ မိနစ်မှာ အဗ္ဗဒူလာလ် အယ်လ်ဟာဖစ် ထုတ်ပယ်ခံခဲ့ရပေမယ့်လည်း အယ်လ် နာဆာအသင်းက အရေးကြီးတဲ့ ချေပဂိုးကို သွင်းယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဒုတိယပိုင်း ၈၁ မိနစ်မှာ အယ်လ် နာဆာအသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ဖို့ နီးစပ်ခဲ့ပြီး ၎င်းရဲ့ အားပါ ပြင်းထန်တဲ့ အနီးကပ် ကန်သွင်းချက်ဟာ ဂိုးဘားတန်းကို ထိသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ပထမပိုင်းအပြီးမှာ ဒေါသထွက်နေပုံပေါ်ခဲ့ပြီး ၎င်းရဲ့ အသင်း အရန်ခုံတန်းဆီကို စိတ်ပျက်ဒေါသထွက်မှုကို ထုတ်ဖော် ပြသခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “မိနစ်တိုင်းကို မုန်းတီးနေတယ်။ သူ မုန်းတီးနေတယ်မဟုတ်လား”လို့ ဗီဒီယိုဖိုင်ကို တုံ့ပြန်ခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “သူက လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အနားယူခဲ့ရင် ပိုပြီး ကောင်းခဲ့မှာ အမှန်ပဲ။ အခုတော့ သူ့ရဲ့ အမွေအနှစ်တွေက အမှန်တကယ် ထိခိုက်ပျက်စီးနေပြီ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အယ္လ္ နာဆာအသင္းက အယ္လ္ ဝါဒါးနဲ႔ ကစားခဲ့တဲ့ပြဲစဥ္ ပထမပိုင္းမွာ ဂိုးေပးခဲ့ရၿပီးေနာက္ ပထမပိုင္းအၿပီးမွာ စိတ္ပ်က္ေဒါသထြက္ေနတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ၎ရဲ႕ အသင္း အရန္ခုံတန္းကို ေအာ္ဟစ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အယ္လ္ နာဆာအသင္းဟာ တနလၤာေန႔ညက ဘုရင့္ဖလားၿပိဳင္ပြဲမွာ အယ္လ္ ဝါဒါးအသင္းကို ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဂ်င္း-ေဒးဗစ္ ဘိုးဂယ္က ပထမပိုင္းမွာ အယ္လ္ ဝါဒါးအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အယ္လ္ ဝါဒါးအသင္းဟာ ဒုတိယပိုင္းမွာ အနီကတ္ေၾကာင့္ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတာျဖစ္ၿပီး ၅၃ မိနစ္မွာ အဗၺဒူလာလ္ အယ္လ္ဟာဖစ္ ထုတ္ပယ္ခံခဲ့ရေပမယ့္လည္း အယ္လ္ နာဆာအသင္းက အေရးႀကီးတဲ့ ေခ်ပဂိုးကို သြင္းယူႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဒုတိယပိုင္း ၈၁ မိနစ္မွာ အယ္လ္ နာဆာအသင္းအတြက္ ေခ်ပဂိုးကို သြင္းယူေပးႏိုင္ဖို႔ နီးစပ္ခဲ့ၿပီး ၎ရဲ႕ အားပါ ျပင္းထန္တဲ့ အနီးကပ္ ကန္သြင္းခ်က္ဟာ ဂိုးဘားတန္းကို ထိသြားခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၈ ႏွစ္အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉးဟာ ပထမပိုင္းအၿပီးမွာ ေဒါသထြက္ေနပုံေပၚခဲ့ၿပီး ၎ရဲ႕ အသင္း အရန္ခုံတန္းဆီကို စိတ္ပ်က္ေဒါသထြက္မႈကို ထုတ္ေဖာ္ ျပသခဲ့တာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက “မိနစ္တိုင္းကို မုန္းတီးေနတယ္။ သူ မုန္းတီးေနတယ္မဟုတ္လား”လို႔ ဗီဒီယိုဖိုင္ကို တုံ႔ျပန္ခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “သူက လြန္ခဲ့တဲ့ ၅ ႏွစ္ကတည္းက အနားယူခဲ့ရင္ ပိုၿပီး ေကာင္းခဲ့မွာ အမွန္ပဲ။ အခုေတာ့ သူ႔ရဲ႕ အေမြအႏွစ္ေတြက အမွန္တကယ္ ထိခိုက္ပ်က္စီးေနၿပီ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.