Other Leagues

ချန်ပီယံလိဂ်ရထားတဲ့နည်းပြကို ကမ်းလှမ်းဖို့ ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နာဆာအသင်းက ချန်ပီယံလိဂ်ဖလား ၃ ကြိမ်အထိ ရရှိထားတဲ့ နည်းပြ ဇီဒန်းကို ၎င်းတို့ရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရည်မှန်းထားတာကြောင့် ဆွေးနွေးရာမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဆော်ဒီ အာရေဗျကလပ်အသင်းဟာ ရူဒီ ဂါစီယာကို ကြာသပတေးနေ့မှာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက နည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ နာမည်ကြီး နည်းပြအချို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

CBS Sports ရဲ့ ဖော်ပြချက်အရ အယ်လ် နာဆာအသင်းဟာ ရူဒီ ဂါစီယာရဲ့နေရာမှာ ဆက်ခံမယ့်သူအဖြစ် ဇီဒန်းနဲ့ မော်ရင်ညိုတို့ထဲက တစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပြီး ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းဟာ ပြင်သစ်လူမျိုးနည်းပြနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး နှုတ်အားဖြင့် ကမ်းလှမ်းမှု ပေးပို့ပြီးဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

နည်းပြ ၂ ဦးစလုံးလက်အောက်မှာ ကစားခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုက အယ်လ် နာဆာမှာ နည်းပြသစ် ခန့်အပ်တာနဲ့ ထုတ်ပယ်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပြီး ဇီဒန်းကို ခန့်အပ်ဖို့ ဆွေးနွေးမှုမှာလည်း ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဇီဒန်းဟာ ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းကို ကိုင်တွယ်ချင်လားဆိုတာတော့ မသေချာဘူးလို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး ရော်နယ်လ်ဒိုဟာ ဇီဒန်းလက်အောက်မှာ ၁၁၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၀ ကြိမ် ပြုလုပ်နိုင်ခဲ့သလို ချန်ပီယံလိဂ် ၃ ကြိမ်ဆက်တိုက်နဲ့ လာလီဂါဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ နည်းပြ မော်ရင်ညိုလက်အောက် ရီးရဲလ်မက်ဒရစ်မှာ ပွဲပိုမို ပါဝင်ကစားပေးခဲ့ပြီး ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အတွင်း ၁၆၄ ပွဲမှာ သွင်းဂိုး ၁၆၈ ဂိုး၊ ဂိုးဖန်တီးမှု ၄၉ ကြိမ် ပြုလုပ်နိုင်ခဲ့သလို လာလီဂါဖလား ၁ ကြိမ်နဲ့ ကိုပါဒယ်ရေးဖလား ၁ ကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္ နာဆာအသင္းက ခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္အထိ ရရွိထားတဲ့ နည္းျပ ဇီဒန္းကို ၎တို႔ရဲ႕ နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ရည္မွန္းထားတာေၾကာင့္ ေဆြးေႏြးရာမွာ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

ေဆာ္ဒီ အာေရဗ်ကလပ္အသင္းဟာ ႐ူဒီ ဂါစီယာကို ၾကာသပေတးေန႔မွာ နည္းျပရာထူးကေန ထုတ္ပယ္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက နည္းျပသစ္ျဖစ္လာႏိုင္တဲ့ စာရင္းထဲမွာ နာမည္ႀကီး နည္းျပအခ်ိဳ႕ ပါဝင္ခဲ့တာျဖစ္ပါတယ္။

CBS Sports ရဲ႕ ေဖာ္ျပခ်က္အရ အယ္လ္ နာဆာအသင္းဟာ ႐ူဒီ ဂါစီယာရဲ႕ေနရာမွာ ဆက္ခံမယ့္သူအျဖစ္ ဇီဒန္းနဲ႔ ေမာ္ရင္ညိဳတို႔ထဲက တစ္ဦးကို ေခၚယူဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရၿပီး ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္အသင္းဟာ ျပင္သစ္လူမ်ိဳးနည္းျပနဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ခဲ့ၿပီး ႏႈတ္အားျဖင့္ ကမ္းလွမ္းမႈ ေပးပို႔ၿပီးျဖစ္တယ္လို႔ ယုံၾကည္ရပါတယ္။

နည္းျပ ၂ ဦးစလုံးလက္ေအာက္မွာ ကစားခဲ့ဖူးတဲ့ ေရာ္နယ္လ္ဒိုက အယ္လ္ နာဆာမွာ နည္းျပသစ္ ခန႔္အပ္တာနဲ႔ ထုတ္ပယ္မႈမွာ ပါဝင္ပတ္သက္ခဲ့တယ္လို႔ သိရၿပီး ဇီဒန္းကို ခန႔္အပ္ဖို႔ ေဆြးေႏြးမႈမွာလည္း ပါဝင္ပတ္သက္ခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ဇီဒန္းဟာ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္အသင္းကို ကိုင္တြယ္ခ်င္လားဆိုတာေတာ့ မေသခ်ာဘူးလို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး ေရာ္နယ္လ္ဒိုဟာ ဇီဒန္းလက္ေအာက္မွာ ၁၁၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃၀ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ ၃ ႀကိမ္ဆက္တိုက္နဲ႔ လာလီဂါဖလားတို႔ကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ နည္းျပ ေမာ္ရင္ညိဳလက္ေအာက္ ရီးရဲလ္မက္ဒရစ္မွာ ပြဲပိုမို ပါဝင္ကစားေပးခဲ့ၿပီး ၂၀၁၀ ကေန ၂၀၁၃ ခုႏွစ္အတြင္း ၁၆၄ ပြဲမွာ သြင္းဂိုး ၁၆၈ ဂိုး၊ ဂိုးဖန္တီးမႈ ၄၉ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့သလို လာလီဂါဖလား ၁ ႀကိမ္နဲ႔ ကိုပါဒယ္ေရးဖလား ၁ ႀကိမ္ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.