Other Leagues

တလေးတစားနဲ့ ရှပ်ချင်းလဲဖို့ တောင်းဆိုမှုကို ငြင်းခဲ့တဲ့ ရော်နယ်လ်ဒိုကြောင့် စိတ်ပျက်ခဲ့တဲ့ ဘိုဂယ်

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြိုင်ဘက်က ရှပ်ချင်း လဲလှယ်ဖို့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရပါတယ်။

တနင်္လာနေ့မှာ ဂျင်း-ဒေးဗစ် ဘိုဂယ်ဟာ ရော်နယ်လ်ဒိုရဲ့ အယ်လ် နာဆာအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း အယ်လ် ဝါဒါးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းကို ဘုရင့်ဖလားဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရှုံးပွဲမတိုင်ခင် ၂ လအလိုတုန်းက အယ်လ် ဝါဒါးအသင်းဟာ အဗ္ဗဒူလာလ် အယ်လ်-ဟာဖစ်က အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ရော်နယ်လ်ဒိုရဲ့ သွင်းဂိုး ၄ ဂိုးအထိ သွင်းယူခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ဘလွန်ဒေါ ၅ ဆုရှင်ဟာ စိတ်ပျက်လက်ပျက်ပုံစံဖြစ်နေခဲ့ပြီး ပထမပိုင်းအပြီးမှာ ၎င်းရဲ့ နည်းပြတွေကိုတောင် အော်ဟစ်ပြစ်တင်နေခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ် ဝါဒးနဲ့ ပွဲစဉ်မှာ ပွဲစဉ်အပေါ်မှာ အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့ဘဲ အနိင်ဂိုးရှင် ဘိုဂယ်က ပေါ်တူဂီကြယ်ပွင့်ရဲ့ အမာခံပရိသတ်ဖြစ်ပြီး ရှပ်ချင်း လဲလှယ်ပေးဖို့ တောင်းဆိုချိန်မှာ ကောင်းမွန်တဲ့စိတ်အခြေအနေမှာ ရှိမနေခဲ့တာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့  စိတ်သဘောထားနဲ့ အသင်းဖော်တွေအပေါ် အပြုအမူကောင့် အံ့အားသင့်ခဲ့ရပြီး အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးရဲ့ လက်ဆွဲနှုတ်ဆက်မှုဟာ အေးတိအေးစက်နိုင်ခဲ့တယ်လို့တောင် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် နည်းနည်း စိတ်ပျက်ခဲ့မိပါတယ်။ ပွဲအပြီးမှာ ကျွန်တော်က သူ့ရဲ့ အမာခံပရိသတ်ဖြစ်ပြီး သူ့ရဲ့ဂျာစီကို ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူက ကျွန်တော့်ကို ကြည့်တောင်မကြည့်ခဲ့ဘဲ မထီမဲ့မြင်ပုံစံနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ကျွန်တော် သူ ကောလိပ်မှာ ရှိနေခဲ့တဲ့အချိန်တုန်းက ဗီဒီယိုကို ကြည့်ခဲ့တာကို မှတ်မိပါသေးတယ်။ သူက ရှုံးပွဲအပြီးမှာ စိတ်ပျက်နေခဲ့မယ်ဆိုတာ ကျွန်တော် နားလည်တယ်။ သူက အရမ်းကို ယှဉ်ပြိုင်လိုစိတ်ရှိသူပါ။ ဒါပေမယ့် သူ့ရဲ့ စိတ်သဘောထားက ကျွန်တော့်ကို အံ့အားသင့်စေခဲ့တယ်။ ကွင်းထဲမှာတောင်မှ သူက သူက စိတ်ဆိုးပြီး အသင်းဖော်တွေကို အော်ဟစ်ခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုနဲ့ အပြုသဘော မဆောင်တဲ့ တွေ့ဆုံမှု ဖြစ်ခဲ့ပေမယ့်လည်း ဘိုဂယ်က ပေါ်တူဂီကြယ်ပွင့် ဆော်ဒီ အာရေဗျမှာ တည်ရှိနေမှုက အရှေ့အလယ်ပိုင်းနိုင်ငှုံက ဘောလုံးအနာဂတ်အတွက် ကောင်းမွန်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“စီးပွားရေးရှုထောင့်ကို ကျော်လွန်ပြီး သူ ရောက်ရှိလာမှုက ဆော်ဒီ ဘောလုံးအတွက် အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ဆော်ဒီတွေက ဘောလုံးပရိသတ်တွေပါ။ သူ ရောက်ရှိလာမှုက ဒီမှာ ကစားချင်တဲ့ ကစားသမားတွေရဲ့ အရည်အချင်းကို တွန်းအားဖြစ်စေမှာပါ။ ဒါက ဒီက ဘောလုံးလောက၊ အကယ်ဒမီတွေနဲ့ လေကျင့်ရေးစင်တာတွေကို ဖွံ့ဖြိုးတိုးတက်စေပါလိမ့်မယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပိဳင္ဘက္က ရွပ္ခ်င္း လဲလွယ္ဖို႔ ေတာင္းဆိုမႈကို ျငင္းပယ္ခဲ့တဲ့အတြက္ ျပစ္တင္ေဝဖန္ျခင္းခံခဲ့ရပါတယ္။

တနလၤာေန႔မွာ ဂ်င္း-ေဒးဗစ္ ဘိုဂယ္ဟာ ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္ နာဆာအသင္းနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း အယ္လ္ ဝါဒါးအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီး အသင္းကို ဘုရင့္ဖလားဗိုလ္လုပြဲကို ပို႔ေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီရႈံးပြဲမတိုင္ခင္ ၂ လအလိုတုန္းက အယ္လ္ ဝါဒါးအသင္းဟာ အဗၺဒူလာလ္ အယ္လ္-ဟာဖစ္က အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရၿပီး ေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုး ၄ ဂိုးအထိ သြင္းယူျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ ဘလြန္ေဒါ ၅ ဆုရွင္ဟာ စိတ္ပ်က္လက္ပ်က္ပုံစံျဖစ္ေနခဲ့ၿပီး ပထမပိုင္းအၿပီးမွာ ၎ရဲ႕ နည္းျပေတြကိုေတာင္ ေအာ္ဟစ္ျပစ္တင္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အယ္လ္ ဝါဒးနဲ႔ ပြဲစဥ္မွာ ပြဲစဥ္အေပၚမွာ အက်ိဳးသက္ေရာက္မႈ မျပသႏိုင္ခဲ့ဘဲ အနိင္ဂိုးရွင္ ဘိုဂယ္က ေပၚတူဂီၾကယ္ပြင့္ရဲ႕ အမာခံပရိသတ္ျဖစ္ၿပီး ရွပ္ခ်င္း လဲလွယ္ေပးဖို႔ ေတာင္းဆိုခ်ိန္မွာ ေကာင္းမြန္တဲ့စိတ္အေျခအေနမွာ ရွိမေနခဲ့တာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕  စိတ္သေဘာထားနဲ႔ အသင္းေဖာ္ေတြအေပၚ အျပဳအမူေကာင့္ အံ့အားသင့္ခဲ့ရၿပီး အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ လက္ဆြဲႏႈတ္ဆက္မႈဟာ ေအးတိေအးစက္ႏိုင္ခဲ့တယ္လို႔ေတာင္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ နည္းနည္း စိတ္ပ်က္ခဲ့မိပါတယ္။ ပြဲအၿပီးမွာ ကြၽန္ေတာ္က သူ႔ရဲ႕ အမာခံပရိသတ္ျဖစ္ၿပီး သူ႔ရဲ႕ဂ်ာစီကို ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ သူက ကြၽန္ေတာ့္ကို ၾကည့္ေတာင္မၾကည့္ခဲ့ဘဲ မထီမဲ့ျမင္ပုံစံနဲ႔ လက္ဆြဲႏႈတ္ဆက္ခဲ့ပါတယ္။ ကြၽန္ေတာ္ သူ ေကာလိပ္မွာ ရွိေနခဲ့တဲ့အခ်ိန္တုန္းက ဗီဒီယိုကို ၾကည့္ခဲ့တာကို မွတ္မိပါေသးတယ္။ သူက ရႈံးပြဲအၿပီးမွာ စိတ္ပ်က္ေနခဲ့မယ္ဆိုတာ ကြၽန္ေတာ္ နားလည္တယ္။ သူက အရမ္းကို ယွဥ္ၿပိဳင္လိုစိတ္ရွိသူပါ။ ဒါေပမယ့္ သူ႔ရဲ႕ စိတ္သေဘာထားက ကြၽန္ေတာ့္ကို အံ့အားသင့္ေစခဲ့တယ္။ ကြင္းထဲမွာေတာင္မွ သူက သူက စိတ္ဆိုးၿပီး အသင္းေဖာ္ေတြကို ေအာ္ဟစ္ခဲ့တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ အျပဳသေဘာ မေဆာင္တဲ့ ေတြ႕ဆုံမႈ ျဖစ္ခဲ့ေပမယ့္လည္း ဘိုဂယ္က ေပၚတူဂီၾကယ္ပြင့္ ေဆာ္ဒီ အာေရဗ်မွာ တည္ရွိေနမႈက အေရွ႕အလယ္ပိုင္းႏိုင္ငႈံက ေဘာလုံးအနာဂတ္အတြက္ ေကာင္းမြန္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“စီးပြားေရးရႈေထာင့္ကို ေက်ာ္လြန္ၿပီး သူ ေရာက္ရွိလာမႈက ေဆာ္ဒီ ေဘာလုံးအတြက္ အရမ္းေကာင္းတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ေဆာ္ဒီေတြက ေဘာလုံးပရိသတ္ေတြပါ။ သူ ေရာက္ရွိလာမႈက ဒီမွာ ကစားခ်င္တဲ့ ကစားသမားေတြရဲ႕ အရည္အခ်င္းကို တြန္းအားျဖစ္ေစမွာပါ။ ဒါက ဒီက ေဘာလုံးေလာက၊ အကယ္ဒမီေတြနဲ႔ ေလက်င့္ေရးစင္တာေတြကို ဖြံ႕ၿဖိဳးတိုးတက္ေစပါလိမ့္မယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.