Premier League Transfer News

ကာဗာနီ၊ တဲလက္စ္နဲ႔ အားျဖည့္မွဳေတြက ဆုိးလ္ရွားအတြက္ ေမွ်ာ္လင့္ခ်က္ေတြျဖစ္လာမလား

အေျပာင္းအေရႊ႕ေနာက္ဆုံးရက္ Deadline Day မွာ အခ်ိန္ကပ္ၿပီးမွ ေပၚတုိေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကို ေၾကျငာႏုိင္ခဲ့သလို အသင္းလက္မဲ့ တုိက္စစ္မွဴး အက္ဒင္ဆန္ ကာဗာနီကိုလည္း ဒီေနာက္ဆုံးအခ်ိန္နဲ႔ ပတ္သက္ျခင္း မရွိေပမယ့္လည္း အျမန္ဆုံး ေခၚယူလိုတဲ့ ဆႏၵနဲ႔ ထုတ္ေဖာ္ျပသခဲ့တာျဖစ္ပါတယ္။

နည္းျပ အိုလီဂန္နာ ဆုိးလ္ရွား ေျပာထားဖူးတဲ့ သူ႕ရဲ႕ လိုအပ္ခ်က္ေတြက ဘယ္ေနာက္ခံလူ၊ ညာေတာင္ပံနဲ႔ တုိက္စစ္မွဴးလို႔ ဆုိထားခဲ့ရာမွာ အသင္းအေနနဲ႔ ဒါကို အျပည့္အဝ မစြမ္းေဆာင္ႏုိင္ခဲ့ေပမယ့္ ၇၅ ရာခိုင္ႏွဳန္းေလာက္ေတာ့ လုပ္ေပးႏုိင္ခဲ့တယ္လုိ႔ ဆုိရမွာျဖစ္ၿပီး သူတုိ႔ႏွစ္ဦးအျပင္ လက္ရွိမွာ မျမင္ရေသးတဲ့သူ တစ္ဦးနဲ႔ သေဘာတူညီႏုိင္ခဲ့လုိ႔ ျဖစ္ပါတယ္။

ဝါရင့္တုိက္စစ္မွဴး ကာဗာနီကို အလြတ္၊ အဲလက္စ္ တဲလက္စ္အတြက္ ယူ႐ို ၁၅ သန္း+ ခံစားခြင့္ ၃ သန္း… စုစုေပါင္း ၁၈ သန္း ေပးေခ်ခဲ့ရခ်ိန္မွာ ယူႏုိက္တက္တုိ႔က ထင္မွတ္ထားျခင္းမရွိတဲ့သူတစ္ဦးအတြက္ ေငြေၾကးသုံးစြဲလုိက္ၿပီး သူကေတာ့ အတၱလန္တာရဲ႕ အသက္ ၁၈ ႏွစ္အရြယ္ ေတာင္ပံကစားသမား အာမက္ ထရာအုိေရးပဲျဖစ္ပါတယ္။

ကနဦးေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၁ သန္းနဲ႔ ခံစားခြင့္ ယူ႐ိုသန္း ၂၀ ေပးေခ်ခဲ့ရတဲ့ အိုင္ဗရီကို႔စ္ေတာင္ပံကစားသမားဟာ ေျခေထာက္ႏွစ္ေခ်ာင္းစလုံးကို အသုံးျပဳႏုိင္သူျဖစ္ၿပီး ေတာင္ပံေတြမွာ လ်င္ျမန္တဲ့ ကစားပုံကို ျပသေလ့ရွိသလို အသင္းအတြက္ ေမွ်ာ္လင့္ခ်က္ေကာင္းတစ္ခုျဖစ္ေပမယ့္ ေလာေလာဆယ္မွာ အလုပ္လုပ္ခြင့္ပါမစ္ကို ေစာင့္ဆုိင္းရဦးမွာျဖစ္လုိ႔ အခ်ိန္မမီႏိုင္ေတာ့ဘဲ ဇန္နဝါရီတစ္ရက္ေန႔မွ ပူးေပါင္းႏုိင္မွာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားအတြက္ေတာ့ သူလိုခ်င္တဲ့ ကစားသမားေတြ ေရာက္ရွိလာတာဟာ အားတစ္ခုျဖစ္ခဲ့သလို အဓိကအားျဖင့္ ဂိုးသြင္းပါးနပ္သူတစ္ဦး လိုအပ္ေနတဲ့ အေထာင္တုိက္စစ္နဲ႔ စပါးစ္နဲ႔ပြဲက ၃ ဂိုးေလာက္ကို တာဝန္ရွိခဲ့တဲ့ ဘယ္ေနာက္ခံေနရာေတြကို ကာဗာနီနဲ႔ တဲလက္စ္တို႔ ျဖည့္ဆည္းသြားႏုိင္မလား ဆုိတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။ ဒါ့အျပင္ လူငယ္ေတာင္ပံကစားသမား ဖာကန္ဒို ပယ္လစၥထရီကို ပုိင္ဆုိင္ႏုိင္ခဲ့တာကလည္း သူ႕အတြက္ တစ္ခုခုေတာ့ ထည့္သြင္းစဥ္းစားႏုိင္ဦးမယ္လို႔ ထင္ပါတယ္။

ဒါ့အျပင္ ေနာ္ေဝသားနည္းျပအေနနဲ႔ အသင္းရဲ႕ ရလဒ္ဆုိးရြားမွဳေတြမွာ ဓားစာခံ မျဖစ္ေအာင္ေတာ့ ျပဳျပင္ေျပာင္းလဲမွဳေတြ လုပ္ေဆာင္သြားရဖို႔ ရွိေနၿပီး ေလးလံေနတဲ့ ခံစစ္ကို ဘယ္လို ဖာေထးသြားမလဲဆုိတာကို စဥ္းစားရမွာျဖစ္သလို တဲလက္စ္အတြက္ စိတ္ခ်ရရင္ ဗဟိုခံစစ္နဲ႔ ကြင္းလယ္အဖ်က္ ႏွစ္ေနရာကို ဘယ္လိုျပဳျပင္မလဲဆုိတာကိုပဲ ေတြးရေတာ့မွာပါ။

ဒီရာသီမွာ ႐ုုုုန္းကန္ေနခဲ့ရတဲ့ မာစီယယ္လ္ကေတာ့ အသင္းရဲ႕ ဂႏၴဝင္နံပါတ္ ၇ ကို ရရွိခဲ့တဲ့ ကာဗာနီရဲ႕ ေနရာၿခိမ္းေျခာက္မွဳကို ခံရေတာ့မွာျဖစ္ၿပီး ဥ႐ုေဂြးသားအေနနဲ႔ ယူႏုိက္တက္ကို ကစားသမားဘဝေႏွာင္းပုိင္းမွာမွ ေရာက္လာခဲ့တဲ့ သူ႕ေရွ႕က အီဘရာဟီမိုဗစ္ခ်္လိုပဲ ေအာင္ျမင္မွဳေတြ ရယူသြားႏုိင္မလားဆုိတာကိုေတာ့ အားလုံးက စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: MANCHESTER UNITED TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အပြောင်းအရွှေ့နောက်ဆုံးရက် Deadline Day မှာ အချိန်ကပ်ပြီးမှ ပေါ်တိုနောက်ခံလူ အဲလက်စ် တဲလက်စ်ကို ကြေငြာနိုင်ခဲ့သလို အသင်းလက်မဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီကိုလည်း ဒီနောက်ဆုံးအချိန်နဲ့ ပတ်သက်ခြင်း မရှိပေမယ့်လည်း အမြန်ဆုံး ခေါ်ယူလိုတဲ့ ဆန္ဒနဲ့ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား ပြောထားဖူးတဲ့ သူ့ရဲ့ လိုအပ်ချက်တွေက ဘယ်နောက်ခံလူ၊ ညာတောင်ပံနဲ့ တိုက်စစ်မှူးလို့ ဆိုထားခဲ့ရာမှာ အသင်းအနေနဲ့ ဒါကို အပြည့်အဝ မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ၇၅ ရာခိုင်နှုန်းလောက်တော့ လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး သူတို့နှစ်ဦးအပြင် လက်ရှိမှာ မမြင်ရသေးတဲ့သူ တစ်ဦးနဲ့ သဘောတူညီနိုင်ခဲ့လို့ ဖြစ်ပါတယ်။

ဝါရင့်တိုက်စစ်မှူး ကာဗာနီကို အလွတ်၊ အဲလက်စ် တဲလက်စ်အတွက် ယူရို ၁၅ သန်း+ ခံစားခွင့် ၃ သန်း… စုစုပေါင်း ၁၈ သန်း ပေးချေခဲ့ရချိန်မှာ ယူနိုက်တက်တို့က ထင်မှတ်ထားခြင်းမရှိတဲ့သူတစ်ဦးအတွက် ငွေကြေးသုံးစွဲလိုက်ပြီး သူကတော့ အတ္တလန်တာရဲ့ အသက် ၁၈ နှစ် အရွယ် တောင်ပံကစားသမား အာမက် ထရာအိုရေးပဲဖြစ်ပါတယ်။

ကနဦးပြောင်းရွှေ့ကြေး ယူရို ၂၁ သန်းနဲ့ ခံစားခွင့် ယူရိုသန်း ၂၀ ပေးချေခဲ့ရတဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမားဟာ ခြေထောက်နှစ်ချောင်းစလုံးကို အသုံးပြုနိုင်သူဖြစ်ပြီး တောင်ပံတွေမှာ လျင်မြန်တဲ့ ကစားပုံကို ပြသလေ့ရှိသလို အသင်းအတွက် မျှော်လင့်ချက်ကောင်းတစ်ခုဖြစ်ပေမယ့် လောလောဆယ်မှာ အလုပ်လုပ်ခွင့်ပါမစ်ကို စောင့်ဆိုင်းရဦးမှာဖြစ်လို့ အချိန်မမီနိုင်တော့ဘဲ ဇန်နဝါရီတစ်ရက်နေ့မှ ပူးပေါင်းနိုင်မှာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားအတွက်တော့ သူလိုချင်တဲ့ ကစားသမားတွေ ရောက်ရှိလာတာဟာ အားတစ်ခုဖြစ်ခဲ့သလို အဓိကအားဖြင့် ဂိုးသွင်းပါးနပ်သူတစ်ဦး လိုအပ်နေတဲ့ အထောင်တိုက်စစ်နဲ့ စပါးစ်နဲ့ပွဲက ၃ ဂိုးလောက်ကို တာဝန်ရှိခဲ့တဲ့ ဘယ်နောက်ခံနေရာတွေကို ကာဗာနီနဲ့ တဲလက်စ်တို့ ဖြည့်ဆည်းသွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ ဒါ့အပြင် လူငယ်တောင်ပံကစားသမား ဖာကန်ဒို ပယ်လစ္စထရီကို ပိုင်ဆိုင်နိုင်ခဲ့တာကလည်း သူ့အတွက် တစ်ခုခုတော့ ထည့်သွင်းစဉ်းစားနိုင်ဦးမယ်လို့ ထင်ပါတယ်။

ဒါ့အပြင် နော်ဝေသားနည်းပြအနေနဲ့ အသင်းရဲ့ ရလဒ်ဆိုးရွားမှုတွေမှာ ဓားစာခံ မဖြစ်အောင်တော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားရဖို့ ရှိနေပြီး လေးလံနေတဲ့ ခံစစ်ကို ဘယ်လို ဖာထေးသွားမလဲဆိုတာကို စဉ်းစားရမှာဖြစ်သလို တဲလက်စ်အတွက် စိတ်ချရရင် ဗဟိုခံစစ်နဲ့ ကွင်းလယ်အဖျက် နှစ်နေရာကို ဘယ်လိုပြုပြင်မလဲဆိုတာကိုပဲ တွေးရတော့မှာပါ။

ဒီရာသီမှာ ရုန်းကန်နေခဲ့ရတဲ့ မာစီယယ်လ်ကတော့ အသင်းရဲ့ ဂန္ထဝင်နံပါတ် ၇ ကို ရရှိခဲ့တဲ့ ကာဗာနီရဲ့ နေရာခြိမ်းခြောက်မှုကို ခံရတော့မှာဖြစ်ပြီး ဥရုဂွေးသားအနေနဲ့ ယူနိုက်တက်ကို ကစားသမားဘဝနှောင်းပိုင်းမှာမှ ရောက်လာခဲ့တဲ့ သူ့ရှေ့က အီဘရာဟီမိုဗစ်ချ်လိုပဲ အောင်မြင်မှုတွေ ရယူသွားနိုင်မလားဆိုတာကိုတော့ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: MANCHESTER UNITED TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.