Premier League

၆.၁၀.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလျပည့္ေက်ာ္ ၅ ရက္၊ အဂၤါေန႔။

၆.၁၀.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလျပည့္ေက်ာ္ ၅ ရက္၊ အဂၤါေန႔၊ ဝါရမိတၱဳႀကီး၊ ရက္ပုပ္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ေန႔လယ္ ၁၃:၃၁ အထိ တိထီ ၄ လုံး။ ေက်ာ္လွ်င္ ၅ လုံး။ ၅ လုံးတြင္ ေလာင္ကၽြမ္းယုဂ္၊ အဖ်က္သေဘာေဆာင္ေသာအလုပ္မ်ားသာ လုပ္ေဆာင္ရန္သင့္။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၈:၅၃ အထိ ၾကတၱိကာနကၡတ္။ ေက်ာ္လွ်င္ ေရာဟိဏီနကၡတ္။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၁:၅၃ အထိ သိဒၶိယုဂ္၊ ေအာင္ျမင္မွဳရျခင္း၊ အကာအကြယ္ရျခင္း၊ ကၽြမ္းက်င္မွဳျဖင့္ ၿပီးျပည့္စုံေစျခင္းျဖစ္၍ မိမိ ကၽြမ္းက်င္ပိုင္ႏုိင္ေသာအလုပ္အား ေရြးခ်ယ္လုပ္ေဆာင္ပါ။ ေက်ာ္လွ်င္ ဗ်ာတိပါတယုဂ္၊ ႐ုတ္တရက္ ထိခိုက္မိျခင္း၊ ကံဆုိးတတ္ျခင္း၊ ထိန္ခ်န္သိုဝွက္ အ႐ူးလုပ္ခံရျခင္း၊ သတိႀကီးႀကီးထား၍ ဂ႐ုတစိုက္ သြားလာေနထုိင္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
ေန႔လယ္ ၁၃:၃၁ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၂:၄၁ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆိုျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ေန႔လယ္ ၁၃:၃၁ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၆.၁၀.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ အင်္ဂါနေ့၊ ဝါရမိတ္တုကြီး၊ ရက်ပုပ်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နေ့လယ် ၁၃:၃၁ အထိ တိထီ ၄ လုံး။ ကျော်လျှင် ၅ လုံး။ ၅ လုံးတွင် လောင်ကျွမ်းယုဂ်၊ အဖျက်သဘောဆောင်သောအလုပ်များသာ လုပ်ဆောင်ရန်သင့်။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၈:၅၃ အထိ ကြတ္တိကာနက္ခတ်။ ကျော်လျှင် ရောဟိဏီနက္ခတ်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၅၃ အထိ သိဒ္ဓိယုဂ်၊ အောင်မြင်မှုရခြင်း၊ အကာအကွယ်ရခြင်း၊ ကျွမ်းကျင်မှုဖြင့် ပြီးပြည့်စုံစေခြင်းဖြစ်၍ မိမိ ကျွမ်းကျင်ပိုင်နိုင်သောအလုပ်အား ရွေးချယ်လုပ်ဆောင်ပါ။ ကျော်လျှင် ဗျာတိပါတယုဂ်၊ ရုတ်တရက် ထိခိုက်မိခြင်း၊ ကံဆိုးတတ်ခြင်း၊ ထိန်ချန်သိုဝှက် အရူးလုပ်ခံရခြင်း၊ သတိကြီးကြီးထား၍ ဂရုတစိုက် သွားလာနေထိုင်ပါ။

တစ်နေ့တာ ကရိုဏ်း။
နေ့လယ် ၁၃:၃၁ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၂:၄၁ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နေ့လယ် ၁၃:၃၁ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)