Premier League

လက်ရှိအသင်းထဲက ဂန္တဝင်ဖြစ်လာမယ့်အသင်းဖော်ကို ရွေးချယ်လိုက်တဲ့ ဗန်ဒိုက်

လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က မိုဟာမက် ဆာလားဟာ ကစားသမားဘဝကနေ အနားယူတဲ့အချိန်ကျရင် အန်းဖီးက ၎င်းရဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေအတွက် ဂန္တဝင်ကစားသမားအဖြစ် ရှုမြင်ခြင်းခံရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မိုဟာမက် ဆာလားဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ ကနဦး ပေါင် ၃၆.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့အချိန်ကတည်းက ကမ္ဘာပေါ်က အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ လီဗာပူးလ်ကို ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ဖလား၊ ၂၀၁၈-၂၀၁၉ ချန်ပီယံလိဂ်ဖလားတို့အပါအဝင် လက်ရှိအချိန်အထိ စုစုပေါင်း ဆုဖလား ၇ လုံးအထိ ကိုင်မြှောက်နိုင်အောင် ကူညီပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

ဘယ်သန်တိုက်စစ်မှူးဟာ မြန်နှုန်း၊ အဆုံးသတ်ပိုင်းမှာ အလွန်ကောင်းမွန်သူဖြစ်ပြီး တစ်ဦးချင်းဆုအများအပြားနဲ့ အန်းဖီးမှာ ရှိနေခဲ့တဲ့အချိန်အတွင်း သွင်းဂိုးစံချိန်အများအပြားကိုလည်း ရိုက်ချိုးနိုင်ခဲ့သူဖြစ်ပါတယ်။

မိုဟာမက် ဆာလားဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ၃ ကြိမ်၊ PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ၂ ကြိမ်ရရှိခဲ့ပေမယ့်လည်း အီဂျစ်တိုက်စစ်မှူးဟာ မကြာခဏ ထိပ်တန်းကစားသမားတွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေမှာ လစ်လျူရှုခြင်းခံခဲ့ရတာဖြစ်ပါတယ်။

စနေနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းနိုင်ပွဲအပြီးမှာ ဗန်ဒိုက်က မိုဟာမက် ဆာလားကို လီဗာပူးလ်ရဲ့ မကြာသေးမီက အောင်မြင်မှုတွေမှာ လိုက်မမီနိုင်တဲ့ ကူညီပေးနိုင်စွမ်းရှိခဲ့မှုတွေအတွက် ချီးကျူးခဲ့တာဖြစ်ပါတယ်။

“ဒီမှာရှိတဲ့ကစားသမားအများစုက ကြီးမားတဲ့ဆုဖလားတွေရအောင် ကူညီပေးခဲ့ကြသူတွေပါ။ မိုက ဂန္တဝင်အဖြစ် ကျိန်းသေပေါက် ရှုမြင်ခြင်း ခံရပါလိမ့်မယ်။ သူက အဲဒီလောက်ကို အရေးပါတဲ့ကစားသမားပါ။ နောက်ပိုင်းအဆင့်တွေမှာ သူ လုပ်ခဲ့တဲ့အရာတွေက အများကြီးပိုပြီး အသိအမှတ်ပြုချီးကျူးဖို့ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့အတွက်တော့ သူ နေ့စဉ်နဲ့အမျှ လုပ်နေတဲ့အရာအားလုံးကို အသိအမှတ်ပြုချီးကျူးပါတယ်။ သူ လုပ်နေတဲ့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမှုတွေအားလုံးကို ကျွန်တော်တို့ မြင်နေရတယ်။ သူ အဲဒီအတိုင်း ဆက်ပြီးလုပ်သွားရုံပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္က မိုဟာမက္ ဆာလားဟာ ကစားသမားဘဝကေန အနားယူတဲ့အခ်ိန္က်ရင္ အန္းဖီးက ၎ရဲ႕ တည္ၿငိမ္တဲ့ စြမ္းေဆာင္ရည္ေတြအတြက္ ဂႏၲဝင္ကစားသမားအျဖစ္ ရႈျမင္ျခင္းခံရလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ မိုဟာမက္ ဆာလားဟာ ၂၀၁၇ ခုႏွစ္မွာ ႐ိုးမားအသင္းကေန ကနဦး ေပါင္ ၃၆.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့အခ်ိန္ကတည္းက ကမာၻေပၚက အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

အီဂ်စ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ လီဗာပူးလ္ကို ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ္ဖလား၊ ၂၀၁၈-၂၀၁၉ ခ်န္ပီယံလိဂ္ဖလားတို႔အပါအဝင္ လက္ရွိအခ်ိန္အထိ စုစုေပါင္း ဆုဖလား ၇ လုံးအထိ ကိုင္ေျမႇာက္ႏိုင္ေအာင္ ကူညီေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။

ဘယ္သန္တိုက္စစ္မႉးဟာ ျမန္ႏႈန္း၊ အဆုံးသတ္ပိုင္းမွာ အလြန္ေကာင္းမြန္သူျဖစ္ၿပီး တစ္ဦးခ်င္းဆုအမ်ားအျပားနဲ႔ အန္းဖီးမွာ ရွိေနခဲ့တဲ့အခ်ိန္အတြင္း သြင္းဂိုးစံခ်ိန္အမ်ားအျပားကိုလည္း ႐ိုက္ခ်ိဳးႏိုင္ခဲ့သူျဖစ္ပါတယ္။

မိုဟာမက္ ဆာလားဟာ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကို ၃ ႀကိမ္၊ PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု ၂ ႀကိမ္ရရွိခဲ့ေပမယ့္လည္း အီဂ်စ္တိုက္စစ္မႉးဟာ မၾကာခဏ ထိပ္တန္းကစားသမားေတြနဲ႔ပတ္သက္ၿပီး ေျပာဆိုေဆြးေႏြးမႈေတြမွာ လစ္လ်ဴရႈျခင္းခံခဲ့ရတာျဖစ္ပါတယ္။

စေနေန႔က ေနာ္တင္ဟမ္ေဖာရက္စ္ကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အိမ္ကြင္းႏိုင္ပြဲအၿပီးမွာ ဗန္ဒိုက္က မိုဟာမက္ ဆာလားကို လီဗာပူးလ္ရဲ႕ မၾကာေသးမီက ေအာင္ျမင္မႈေတြမွာ လိုက္မမီႏိုင္တဲ့ ကူညီေပးႏိုင္စြမ္းရွိခဲ့မႈေတြအတြက္ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

“ဒီမွာရွိတဲ့ကစားသမားအမ်ားစုက ႀကီးမားတဲ့ဆုဖလားေတြရေအာင္ ကူညီေပးခဲ့ၾကသူေတြပါ။ မိုက ဂႏၲဝင္အျဖစ္ က်ိန္းေသေပါက္ ရႈျမင္ျခင္း ခံရပါလိမ့္မယ္။ သူက အဲဒီေလာက္ကို အေရးပါတဲ့ကစားသမားပါ။ ေနာက္ပိုင္းအဆင့္ေတြမွာ သူ လုပ္ခဲ့တဲ့အရာေတြက အမ်ားႀကီးပိုၿပီး အသိအမွတ္ျပဳခ်ီးက်ဴးဖို႔ေကာင္းတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ကြၽန္ေတာ္တို႔အတြက္ေတာ့ သူ ေန႔စဥ္နဲ႔အမွ် လုပ္ေနတဲ့အရာအားလုံးကို အသိအမွတ္ျပဳခ်ီးက်ဴးပါတယ္။ သူ လုပ္ေနတဲ့ ျပင္းျပင္းထန္ထန္ အလုပ္ႀကိဳးစားမႈေတြအားလုံးကို ကြၽန္ေတာ္တို႔ ျမင္ေနရတယ္။ သူ အဲဒီအတိုင္း ဆက္ၿပီးလုပ္သြား႐ုံပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.