Premier League

အစ်တီဟတ်မသွားခင် ဆာလီဘာနောက်ဆုံးအခြေအနေကို သိခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ မကြာသေးမီက ဓာတ်မှန်ရလဒ်တွေအရ ပြင်သစ်နောက်ခံလူဟာ နောက်ကျောဒဏ်ရာကနေ လုံလောက်တဲ့ တိုးတက်မှုမရှိခဲ့တဲ့နောက် မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ ဆာလီဘာမပါဝင်ဘဲ ကစားသွားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အာဆင်နယ်ကြယ်ပွင့်နောက်ခံကစားသမားဟာ မတ်လက စပို့တင်း လစ္စဘွန်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ နောက်ကျော ဒဏ်ရာရရှိခဲ့ပြီးကတည်းက ပါဝင်ကစားပေးနိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ဆာလီဘာဟာ ယခုရာသီမှာ ဂါဘရီယဲလ်နဲ့အတူ ကောင်းမွန်တဲ့ ခံစစ်အတွဲကို ပုံဖော်နိုင်ခဲ့သူဖြစ်ပြီး ဂန်းနားတွေဟာ ပြင်သစ်နောက်ခံလူရဲ့ ခံစစ်က ဦးဆောင်မှုမရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဆုဖလားစိန်ခေါ်မှုအတွက် ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က အာတီတာဆီကနေ အဆိုးမြင်တဲ့ နောက်ဆုံးအခြေအနေကို ကြားခဲ့ရပေမယ့်လည်း ဆာလီဘာဟာ ဗုဒ္ဓဟူးနေ့မှာ ဆုဖလားအတွက် အဆုံးအဖြတ်ဖြစ်လာမယ့် မန်ချက်စတာစီးတီးနဲ့ပွဲမှာ အချိန်မီ ပြန်လည်ပါဝင်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် ထားရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း The Athletic ရဲ့ ပြောကြားချက်အရ ပြင်သစ်နောက်ခံလူရဲ့ နောက်ဆုံး ဓာတ်မှန်ရလဒ်က ဆာလီဘာဟာ အသင်းက မျှော်လင့်ထားသလောက် တိုးတက်မှုမရှိခဲ့ဘူးလို့ ပြသခဲ့တဲ့အတွက် အစ်တီဟတ်ကို သွားရောက်ရမယ့်ခရီးကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ မၾကာေသးမီက ဓာတ္မွန္ရလဒ္ေတြအရ ျပင္သစ္ေနာက္ခံလူဟာ ေနာက္ေက်ာဒဏ္ရာကေန လုံေလာက္တဲ့ တိုးတက္မႈမရွိခဲ့တဲ့ေနာက္ မန္ခ်က္စတာစီးတီးနဲ႔ပြဲစဥ္မွာ ဆာလီဘာမပါဝင္ဘဲ ကစားသြားဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ေနာက္ခံကစားသမားဟာ မတ္လက စပို႔တင္း လစၥဘြန္းကို ရႈံးနိမ့္ခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ေနာက္ေက်ာ ဒဏ္ရာရရွိခဲ့ၿပီးကတည္းက ပါဝင္ကစားေပးႏိုင္ျခင္း မရွိေတာ့တာ ျဖစ္ပါတယ္။

ဆာလီဘာဟာ ယခုရာသီမွာ ဂါဘရီယဲလ္နဲ႔အတူ ေကာင္းမြန္တဲ့ ခံစစ္အတြဲကို ပုံေဖာ္ႏိုင္ခဲ့သူျဖစ္ၿပီး ဂန္းနားေတြဟာ ျပင္သစ္ေနာက္ခံလူရဲ႕ ခံစစ္က ဦးေဆာင္မႈမရွိခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဆုဖလားစိန္ေခၚမႈအတြက္ ေျခစြမ္းပိုင္း မတည္ၿငိမ္မႈေတြ ရွိလာခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေသာၾကာေန႔က အာတီတာဆီကေန အဆိုးျမင္တဲ့ ေနာက္ဆုံးအေျခအေနကို ၾကားခဲ့ရေပမယ့္လည္း ဆာလီဘာဟာ ဗုဒၶဟူးေန႔မွာ ဆုဖလားအတြက္ အဆုံးအျဖတ္ျဖစ္လာမယ့္ မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ အခ်ိန္မီ ျပန္လည္ပါဝင္လာႏိုင္တယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ ထားရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း The Athletic ရဲ႕ ေျပာၾကားခ်က္အရ ျပင္သစ္ေနာက္ခံလူရဲ႕ ေနာက္ဆုံး ဓာတ္မွန္ရလဒ္က ဆာလီဘာဟာ အသင္းက ေမွ်ာ္လင့္ထားသေလာက္ တိုးတက္မႈမရွိခဲ့ဘူးလို႔ ျပသခဲ့တဲ့အတြက္ အစ္တီဟတ္ကို သြားေရာက္ရမယ့္ခရီးကို လြဲေခ်ာ္မွာျဖစ္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.