Premier League

စပါးစ်က ကလော့ပ်နဲ့ ဂွါဒီယိုလာခေါ်ရင်တောင် ကျရှုံးနေဦးမှာပဲဆိုတဲ့ ပန်းနန့်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဂွါဒီယိုလာ သို့မဟုတ် ယာဂန် ကလော့ပ်တို့လိုမျိုး ထိပ်တန်းနည်းပြတွေ ကိုင်တွယ်ရင်တောင်မှ ကျရှုံးနေဦးမှာဖြစ်တယ်လို့ ကြယ်ပွင့်ဟောင်း ဂျာမိန်း ပန်းနန့်က ပြောကြားခဲ့ပြီး အောက်ခြေကနေ ထိပ်ဆုံးအထိ အပြောင်းအလဲတွေ လုပ်ဖို့လိုနေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ကွန်တီရဲ့လက်ထောက်ဟောင်း ယာယီနည်းပြ ခရစ်ရှန် စတယ်လီနီကို နယူးကာဆယ် ယူနိုက်တက်ကို ၆-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်အပြီး တနင်္လာနေ့ညမှာ ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ရိုင်ယန် မေဆန်က ယခုရာသီကုန်အထိ အသင်းကို တာဝန်ယူသွားမှာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဟိုဆေး မော်ရင်ညို၊ ကွန်တီတို့လို ထိပ်တန်းနည်းပြတွေ အများအပြားကို ငှားရမ်းခဲ့ပေမယ့်လည်း အောင်မြင်မှု လမ်းကြောင်းပေါ်ကို ရောက်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ စပါးစ်ကြယ်ပွင့်ဟောင်း ဂျာမိန်း ပန်းနန့်က စပါးစ်အနေနဲ့ ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ တာဝန်ယူကိုင်တွယ်ရင်တောင်မှ ယှဉ်ပြိုင်နိုင်ဖို့ ရုန်းကန်နေရလိမ့်မယ်လို့ ပြောကြားခဲ့ပြီး အသင်း ရှေ့ဆက်သွားနိုင်ဖို့ ဥက္ကဌ ဒန်နီရယ် လီဗိုင်းအနေနဲ့ ထွက်ခွာသွားဖို့ လိုတယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။

“ခင်ဗျား လီဗိုင်းကို ထွက်အောင် လုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ဖလားတွေ အနိုင်ရခဲ့တဲ့ ထိပ်တန်းနည်းပြတွေ ရှိခဲ့ပါတယ်။ ကွန်တီ၊ မော်ရင်ညိုတို့နဲ့တောင် သူတို့တွေ ရုန်းကန်ခဲ့ရတယ်။ ခင်ဗျားမှာ ပိုချက်တီနိုလို အရမ်းကောင်းတဲ့နည်းပြရှိခဲ့ပြီး သူတောင်မှ ရုန်းကန်ခဲ့ရတယ်။ အဲဒီတော့ ခင်ဗျား ဘယ်သူ့ကို ခေါ်လဲဆိုတာက အရေးမကြီးဘူး”

“ခင်ဗျား ပက်ကို ခေါ်နိုင်တယ်။ ကလော့ပ်ကို ခေါ်နိုင်တယ်။ ခင်ဗျား လိဂ်က အကောင်းဆုံးနည်းပြကို ခေါ်နိုင်တယ်။ အခု သူတို့တွေ အခု ရထားတဲ့ အခု သူတို့တွေ ရှိနေတဲ့ နည်းပြက ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။ အရင်တုန်းကစပါးစ်ပဲ ဖြစ်နေပါလိမ့်မယ်။ အစပိုင်းကောင်းပြီး စိတ်ပျက်စရာဘောလုံးကစားပုံ၊ လိဂ်မှာ ရပ်တည်မှု လျော့ကျပြီး အဆုံးသတ်သွားလိမ့်မယ်။ သူတို့တွေ ထိပ်ဆုံးကနေ အပြောင်းအလဲလုပ်ဖို့ လိုတယ်။ လီဗိုင်း ထွက်သွားဖို့လိုတာ ၁၀၀ ရာခိုင်နှုန်းပဲ။ ခင်ဗျား ပင်မရင်းမြစ်ကို မသွားနိုင်ရင် ဘာမှ ပြင်ဆင်လို့ မရပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ဂြါဒီယိုလာ သို႔မဟုတ္ ယာဂန္ ကေလာ့ပ္တို႔လိုမ်ိဳး ထိပ္တန္းနည္းျပေတြ ကိုင္တြယ္ရင္ေတာင္မွ က်ရႈံးေနဦးမွာျဖစ္တယ္လို႔ ၾကယ္ပြင့္ေဟာင္း ဂ်ာမိန္း ပန္းနန႔္က ေျပာၾကားခဲ့ၿပီး ေအာက္ေျခကေန ထိပ္ဆုံးအထိ အေျပာင္းအလဲေတြ လုပ္ဖို႔လိုေနတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ကြန္တီရဲ႕လက္ေထာက္ေဟာင္း ယာယီနည္းျပ ခရစ္ရွန္ စတယ္လီနီကို နယူးကာဆယ္ ယူႏိုက္တက္ကို ၆-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အိမ္ကြင္းပြဲစဥ္အၿပီး တနလၤာေန႔ညမွာ ရာထူးကေန ထုတ္ပယ္ခဲ့တာျဖစ္ၿပီး ႐ိုင္ယန္ ေမဆန္က ယခုရာသီကုန္အထိ အသင္းကို တာဝန္ယူသြားမွာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ဟိုေဆး ေမာ္ရင္ညိဳ၊ ကြန္တီတို႔လို ထိပ္တန္းနည္းျပေတြ အမ်ားအျပားကို ငွားရမ္းခဲ့ေပမယ့္လည္း ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚကို ေရာက္ဖို႔ ႐ုန္းကန္ခဲ့ရတာ ျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ စပါးစ္ၾကယ္ပြင့္ေဟာင္း ဂ်ာမိန္း ပန္းနန႔္က စပါးစ္အေနနဲ႔ ဂြါဒီယိုလာနဲ႔ ကေလာ့ပ္တို႔ တာဝန္ယူကိုင္တြယ္ရင္ေတာင္မွ ယွဥ္ၿပိဳင္ႏိုင္ဖို႔ ႐ုန္းကန္ေနရလိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး အသင္း ေရွ႕ဆက္သြားႏိုင္ဖို႔ ဥကၠဌ ဒန္နီရယ္ လီဗိုင္းအေနနဲ႔ ထြက္ခြာသြားဖို႔ လိုတယ္လို႔ ခံစားေနရတာ ျဖစ္ပါတယ္။

“ခင္ဗ်ား လီဗိုင္းကို ထြက္ေအာင္ လုပ္ဖို႔ လိုအပ္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြမွာ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္ဖလားေတြ အႏိုင္ရခဲ့တဲ့ ထိပ္တန္းနည္းျပေတြ ရွိခဲ့ပါတယ္။ ကြန္တီ၊ ေမာ္ရင္ညိဳတို႔နဲ႔ေတာင္ သူတို႔ေတြ ႐ုန္းကန္ခဲ့ရတယ္။ ခင္ဗ်ားမွာ ပိုခ်က္တီႏိုလို အရမ္းေကာင္းတဲ့နည္းျပရွိခဲ့ၿပီး သူေတာင္မွ ႐ုန္းကန္ခဲ့ရတယ္။ အဲဒီေတာ့ ခင္ဗ်ား ဘယ္သူ႔ကို ေခၚလဲဆိုတာက အေရးမႀကီးဘူး”

“ခင္ဗ်ား ပက္ကို ေခၚႏိုင္တယ္။ ကေလာ့ပ္ကို ေခၚႏိုင္တယ္။ ခင္ဗ်ား လိဂ္က အေကာင္းဆုံးနည္းျပကို ေခၚႏိုင္တယ္။ အခု သူတို႔ေတြ အခု ရထားတဲ့ အခု သူတို႔ေတြ ရွိေနတဲ့ နည္းျပက ဘာမွလုပ္ႏိုင္မွာမဟုတ္ပါဘူး။ အရင္တုန္းကစပါးစ္ပဲ ျဖစ္ေနပါလိမ့္မယ္။ အစပိုင္းေကာင္းၿပီး စိတ္ပ်က္စရာေဘာလုံးကစားပုံ၊ လိဂ္မွာ ရပ္တည္မႈ ေလ်ာ့က်ၿပီး အဆုံးသတ္သြားလိမ့္မယ္။ သူတို႔ေတြ ထိပ္ဆုံးကေန အေျပာင္းအလဲလုပ္ဖို႔ လိုတယ္။ လီဗိုင္း ထြက္သြားဖို႔လိုတာ ၁၀၀ ရာခိုင္ႏႈန္းပဲ။ ခင္ဗ်ား ပင္မရင္းျမစ္ကို မသြားႏိုင္ရင္ ဘာမွ ျပင္ဆင္လို႔ မရပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.