Premier League

ဝင်ဘလေက မန်ယူနိုက်တက်နဲ့ ဘရိုက်တန်ပွဲကို ဆံပင်ညှပ်ရင်းကြည့်ခဲ့တဲ့ ပရိသတ်

ပရိသတ်တစ်ဦးဟာ မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဝင်ဘလေကွင်းရဲ့ ပွဲကြည့်စင်က ထိုင်ခုံမှာ ဆံပင်ညှပ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်ရော ဘရိုက်တန်အသင်းပါ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး ပွဲပြီးဆုံးလို့ အချိန်ပိုကုန်ဆုံးတဲ့အထိ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာဖြစ်ပါတယ်။

ပွဲစဉ်အတွင်းမှာ ပရိသတ်တစ်ဦးဟာ မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန်တို့ ပွဲကစားနေချိန်မျာ ဆံပင်ညှပ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ အဲဒီဗီဒီယိုကို လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။

“ယူနိုက်တက်ပွဲမှာ ဘယ်သူက ဆံပင်လာညှပ်နေတာလဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးက “တစ်စုံတယောက်က ဘရိုက်တန်နဲ့ ယူနိုက်တက်ပွဲမှာ ဆံပင်ညှပ်နေတယ်။ ခင်ဗျားက ၈ နာရီမှာ ဒိတ်လုပ်ဖို့ ရှိနေပြီး အချိန်ပိုနဲ့ ပင်နယ်တီအထိ ဆက်သွားမယ်လို့ မထင်ထားသောအခါ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညနေက ဘရိုက်တန်အသင်းကို ဝင်ဘလေမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဆော်လီ မာ့ချ် ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် လင်ဒီလော့ဖ်က အဆုံးအဖြတ် ပင်နယ်တီကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရိသတ္တစ္ဦးဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဘ႐ိုက္တန္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း ဝင္ဘေလကြင္းရဲ႕ ပြဲၾကည့္စင္က ထိုင္ခုံမွာ ဆံပင္ညႇပ္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

တနဂၤေႏြေန႔မွာ မန္ခ်က္စတာယူႏိုက္တက္ေရာ ဘ႐ိုက္တန္အသင္းပါ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ မန္ခ်က္စတာစီးတီးနဲ႔ ေတြ႕ဆုံႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ၾကတာျဖစ္ၿပီး ပြဲၿပီးဆုံးလို႔ အခ်ိန္ပိုကုန္ဆုံးတဲ့အထိ ဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရတာျဖစ္ပါတယ္။

ပြဲစဥ္အတြင္းမွာ ပရိသတ္တစ္ဦးဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဘ႐ိုက္တန္တို႔ ပြဲကစားေနခ်ိန္မ်ာ ဆံပင္ညႇပ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ အဲဒီဗီဒီယိုကို လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၾကတာျဖစ္ပါတယ္။

“ယူႏိုက္တက္ပြဲမွာ ဘယ္သူက ဆံပင္လာညႇပ္ေနတာလဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးက “တစ္စုံတေယာက္က ဘ႐ိုက္တန္နဲ႔ ယူႏိုက္တက္ပြဲမွာ ဆံပင္ညႇပ္ေနတယ္။ ခင္ဗ်ားက ၈ နာရီမွာ ဒိတ္လုပ္ဖို႔ ရွိေနၿပီး အခ်ိန္ပိုနဲ႔ ပင္နယ္တီအထိ ဆက္သြားမယ္လို႔ မထင္ထားေသာအခါ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ တနဂၤေႏြေန႔ညေနက ဘ႐ိုက္တန္အသင္းကို ဝင္ဘေလမွာ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အက္ဖ္ေအဖလား ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ေဆာ္လီ မာ့ခ်္ ပင္နယ္တီလြဲေခ်ာ္ခဲ့ၿပီးေနာက္ လင္ဒီေလာ့ဖ္က အဆုံးအျဖတ္ ပင္နယ္တီကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.