Premier League

အာဆင်နယ်မပြောင်းဘဲ ဆက်နေဖို့ တောင်းဆိုခဲ့တဲ့ ပရိသတ်တွေကို တုံ့ပြန်လိုက်တဲ့ ဒီကလန် ရိုက်စ်

ဒီကလန် ရိုက်စ်ဟာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဝက်စ်ဟမ်းမှာပဲ ဆက်နေဖို့ ကြွေးကြော်ပြီး တောင်းဆိုခဲ့တဲ့ ပရိသတ်တွေကို တုံ့ပြန်ခဲ့ပါတယ်။

ဒီကလန် ရိုက်စ်ဟာ ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး အင်္ဂလန် ကွင်းလယ်ကြယ်ပွင့်အတွက် ၂ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်မှုလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပါဘလို ဖော်နယ်စ်က ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းအသင်းကို ၄-၀ နဲ့ အနိုင်ရရှိစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ဒေးဗစ် မွိုက်စ်ရဲ့ အသင်းဟာ တန်းဆင်းဇုန်ရဲ့အဝေး ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်ဖို့အတွက် သိသာထင်ရှားတဲ့ခြေလှမ်း လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

တနဂ်နွေနေ့ညနေခင်းမှာ ဗီတာလတီကွင်းထဲက အဝေးကွင်းပရိသတ်တွေဟာ ဒီကလန် ရိုက်စ်ရဲ့ နာမည်ကို သီဆိုခဲ့ချိန်အတွင်း ဝက်စ်ဟမ်းမှာ စာချုပ်သစ် ချုပ်ဆိုပြီး ဆက်နေဖို့ ကြွေးကြော်ပြီး တောင်းပန်ခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လန်ဒန်ကွင်းမှာ ဆက်နေဖိုပအတွက် စာချုပ်သစ် ကမ်းလှမ်းမှုအများအပြားကို ငြင်းပယ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားချင်တဲ့ ၎င်းရဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီကလန် ရိုက်စ်အတွက် ပြောင်းရွှေ့နိုင်ခြေအရှိဆုံး နေရာတစ်နေရာအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဟာ အာတီတာရဲ့ ကစားဟန်ကို သဘောကျနှဏ်သက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းပရိသတ်တွေဟာ နောက်ထပ် ၅ နှစ်၊ နောက်ထပ် ၅ နှစ် ဒီကလန် ရိုက်စ်လို့ သီဆိုခဲ့ကြတာကို တနင်္ဂနွေနေ့ညနေမှာ ကြားခဲ့ရပြီး ကြယ်ပွင့်ကစားသမားကို အသင်းမှာ ဆက်နေပေးဖို့ တောင်းပန်တိုးလျှိုးခဲ့ကြတာဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်က ပွဲအပြီး လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေကို တုံ့ပြန်ခဲ့တာဖြစ်ပြီး “ဒီနေ့ ဝက်စ်ဟမ်းပရိသတ်တွေ ခင်ဗျားတို့အားလုံးအတွက် စကားလုံးတောင် မရှိပါဘူး။ မယုံနိုင်စရာကောင်းတယ်”ဆိုတဲ့ စာသားနဲ့အတူ အသည်းပုံနဲ့ လက်ခုပ်တီးနေတဲ့ အီမိုဂျီနဲ့ တွစ်တာမှာရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီကလန္ ႐ိုက္စ္ဟာ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ ဝက္စ္ဟမ္းမွာပဲ ဆက္ေနဖို႔ ေႂကြးေၾကာ္ၿပီး ေတာင္းဆိုခဲ့တဲ့ ပရိသတ္ေတြကို တုံ႔ျပန္ခဲ့ပါတယ္။

ဒီကလန္ ႐ိုက္စ္ဟာ ဘုန္းေမာက္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္ ပထမပိုင္းမွာ အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔ ဂိုး သြင္းယူေပးခဲ့တာျဖစ္ၿပီး အဂၤလန္ ကြင္းလယ္ၾကယ္ပြင့္အတြက္ ၂ ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္မႈလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

ပါဘလို ေဖာ္နယ္စ္က ဒုတိယပိုင္းမွာ ဝက္စ္ဟမ္းအသင္းကို ၄-၀ နဲ႔ အႏိုင္ရရွိေစမယ့္ သြင္းဂိုးကို သြင္းယူေပးခဲ့ၿပီး ေဒးဗစ္ မြိဳက္စ္ရဲ႕ အသင္းဟာ တန္းဆင္းဇုန္ရဲ႕အေဝး ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္ႏိုင္ဖို႔အတြက္ သိသာထင္ရွားတဲ့ေျခလွမ္း လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

တနဂ္ေႏြေန႔ညေနခင္းမွာ ဗီတာလတီကြင္းထဲက အေဝးကြင္းပရိသတ္ေတြဟာ ဒီကလန္ ႐ိုက္စ္ရဲ႕ နာမည္ကို သီဆိုခဲ့ခ်ိန္အတြင္း ဝက္စ္ဟမ္းမွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီး ဆက္ေနဖို႔ ေႂကြးေၾကာ္ၿပီး ေတာင္းပန္ခဲ့ၾကတာ ျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ လန္ဒန္ကြင္းမွာ ဆက္ေနဖိုပအတြက္ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈအမ်ားအျပားကို ျငင္းပယ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ကစားခ်င္တဲ့ ၎ရဲ႕ ဆႏၵကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဒီကလန္ ႐ိုက္စ္အတြက္ ေျပာင္းေ႐ႊ႕ႏိုင္ေျခအရွိဆုံး ေနရာတစ္ေနရာအျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ၿပီး အဂၤလန္ကြင္းလယ္ကစားသမားဟာ အာတီတာရဲ႕ ကစားဟန္ကို သေဘာက်ႏွဏ္သက္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးတာျဖစ္ပါတယ္။

ဝက္စ္ဟမ္းပရိသတ္ေတြဟာ ေနာက္ထပ္ ၅ ႏွစ္၊ ေနာက္ထပ္ ၅ ႏွစ္ ဒီကလန္ ႐ိုက္စ္လို႔ သီဆိုခဲ့ၾကတာကို တနဂၤေႏြေန႔ညေနမွာ ၾကားခဲ့ရၿပီး ၾကယ္ပြင့္ကစားသမားကို အသင္းမွာ ဆက္ေနေပးဖို႔ ေတာင္းပန္တိုးလွ်ိဳးခဲ့ၾကတာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္စ္က ပြဲအၿပီး လူမႈကြန္ရက္ေပၚမွာ ပရိသတ္ေတြကို တုံ႔ျပန္ခဲ့တာျဖစ္ၿပီး “ဒီေန႔ ဝက္စ္ဟမ္းပရိသတ္ေတြ ခင္ဗ်ားတို႔အားလုံးအတြက္ စကားလုံးေတာင္ မရွိပါဘူး။ မယုံႏိုင္စရာေကာင္းတယ္”ဆိုတဲ့ စာသားနဲ႔အတူ အသည္းပုံနဲ႔ လက္ခုပ္တီးေနတဲ့ အီမိုဂ်ီနဲ႔ တြစ္တာမွာေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.