Premier League

အက်ဖ်အေဖလားဗိုလ်လုပွဲအတွက် မန်စီးတီးကို သတိပေးလိုက်တဲ့ ဒဟေးယား

ဒေးဗစ် ဒဟေးယားက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားသွားရမယ့်ပွဲမတိုင်ခင် မန်ချက်စတာယူနိုက်တက်က မြို့ခံပြိုင်ဘက်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားနိုင်တယ်ဆိုတာကို ပြသခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညနေက ဘရိုက်တန်အသင်းကို ဝင်ဘလေမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဆော်လီ မာ့ချ် ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် လင်ဒီလော့ဖ်က အဆုံးအဖြတ် ပင်နယ်တီကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒဟေးယားဟာ ပင်နယ်တီ ကန်သွင်းမှုတွေကို မကာကွယ်နိုင်ခဲ့ပေမယ့်လည်း မိနစ် ၁၂၀ အတွင်းမှာ အရေးကြီးတဲ့ကာကွယ်မှုတွေ အများအပြား ပြုလုပ်ခဲ့ပြီး ကြာသပတေးနေ့က ဆီဗီလာနဲ့ပွဲစဉ်က အမှားတွေအတွက် ပြန်လည်ပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကာရာဘောင်းဖလားကို အနိုင်ရရှိခဲ့ပြီးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ဟာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားမယ့်ပွဲစဉ်မှာ ဒုတိယမြောက် ဆုဖလားကို ရရှိနိုင်တဲ့ အခွင့်အရေးရှိနေတာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အာဆင်နယ်နဲ့ ရမှတ်ကွာဟမှုကို လျှော့ချနိုင်ဖို့နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။

တန်ဟက်ရဲ့အသင်းဟာ ယခုရာသီအစောပိုင်းတုန်းက အစ်တီဟတ်မှာ ၆-၃ နဲ့ ဂိုးပြတ် အနိုင်ယူခြင်းခံခဲ့ရပေမယ့်လည်း ဇန်နဝါရီလက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ဂွါဒီယိုလာရဲ့အသင်းကို နောက်ကနေ လိုက်ကစားပြီး အနိုင်ယူခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီမှာ အလွန်ကောင်းမွန်တဲ့ ပုံစံကောင်း ရရှိနေပေမယ့်လည်း ဒဟေးယားက ၎င်းရဲ့အသင်းဟာ ဇွန်လ ၃ ရက်နေ့ ဝင်ဘလေမှာ ကစားရမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ လုပ်ရမယ့်အလုပ်ကို အပြီးသတ်နိုင်တယ်လို့ ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။

“ဗိုလ်လုပွဲကို သွားဖို့က အဝေးကြီးလိုပါသေးတယ်။ အဲဒါက ဥရောပနဲ့ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းနဲ့ ရင်ဆိုင်ကစားသွားရမယ့်ပွဲကြီးတစ်ပွဲဖြစ်လာမှာပါ။ ကျွန်တော်တို့က သူတို့နဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့အချိန်တုန်းက သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတာကို ပြသခဲ့ပြီးပါပြီ။ ဗိုလ်လုပွဲမတိုင်ခင် အချိန်တွေအများကြီးရှိသေးပါတယ်။ ကျွန်တော်တို့ ပထမဆုံး ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးအောင် လုပ်ရမှာဖြစ်ပြီး ဗိုလ်လုပွဲမှာ အရာအားလုံး ပေးသွားမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဒးဗစ္ ဒေဟးယားက အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ မန္ခ်က္စတာစီးတီးနဲ႔ ရင္ဆိုင္ကစားသြားရမယ့္ပြဲမတိုင္ခင္ မန္ခ်က္စတာယူႏိုက္တက္က ၿမိဳ႕ခံၿပိဳင္ဘက္ေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ကစားႏိုင္တယ္ဆိုတာကို ျပသခဲ့ၿပီးျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ တနဂၤေႏြေန႔ညေနက ဘ႐ိုက္တန္အသင္းကို ဝင္ဘေလမွာ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အက္ဖ္ေအဖလား ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ေဆာ္လီ မာ့ခ်္ ပင္နယ္တီလြဲေခ်ာ္ခဲ့ၿပီးေနာက္ လင္ဒီေလာ့ဖ္က အဆုံးအျဖတ္ ပင္နယ္တီကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒေဟးယားဟာ ပင္နယ္တီ ကန္သြင္းမႈေတြကို မကာကြယ္ႏိုင္ခဲ့ေပမယ့္လည္း မိနစ္ ၁၂၀ အတြင္းမွာ အေရးႀကီးတဲ့ကာကြယ္မႈေတြ အမ်ားအျပား ျပဳလုပ္ခဲ့ၿပီး ၾကာသပေတးေန႔က ဆီဗီလာနဲ႔ပြဲစဥ္က အမွားေတြအတြက္ ျပန္လည္ျပင္ဆင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ကာရာေဘာင္းဖလားကို အႏိုင္ရရွိခဲ့ၿပီးျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ဟာ မန္ခ်က္စတာစီးတီးနဲ႔ ရင္ဆိုင္ကစားမယ့္ပြဲစဥ္မွာ ဒုတိယေျမာက္ ဆုဖလားကို ရရွိႏိုင္တဲ့ အခြင့္အေရးရွိေနတာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းဟာ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ အာဆင္နယ္နဲ႔ ရမွတ္ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔နဲ႔ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ရင္ဆိုင္ကစားရဖို႔ ရွိေနတာျဖစ္ပါတယ္။

တန္ဟက္ရဲ႕အသင္းဟာ ယခုရာသီအေစာပိုင္းတုန္းက အစ္တီဟတ္မွာ ၆-၃ နဲ႔ ဂိုးျပတ္ အႏိုင္ယူျခင္းခံခဲ့ရေပမယ့္လည္း ဇန္နဝါရီလက အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ပြဲစဥ္မွာေတာ့ ဂြါဒီယိုလာရဲ႕အသင္းကို ေနာက္ကေန လိုက္ကစားၿပီး အႏိုင္ယူခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ယခုရာသီမွာ အလြန္ေကာင္းမြန္တဲ့ ပုံစံေကာင္း ရရွိေနေပမယ့္လည္း ဒေဟးယားက ၎ရဲ႕အသင္းဟာ ဇြန္လ ၃ ရက္ေန႔ ဝင္ဘေလမွာ ကစားရမယ့္ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ လုပ္ရမယ့္အလုပ္ကို အၿပီးသတ္ႏိုင္တယ္လို႔ ယုံၾကည္ခ်က္ရွိေနတာျဖစ္ပါတယ္။

“ဗိုလ္လုပြဲကို သြားဖို႔က အေဝးႀကီးလိုပါေသးတယ္။ အဲဒါက ဥေရာပနဲ႔ ကမာၻေပၚက အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းနဲ႔ ရင္ဆိုင္ကစားသြားရမယ့္ပြဲႀကီးတစ္ပြဲျဖစ္လာမွာပါ။ ကြၽန္ေတာ္တို႔က သူတို႔နဲ႔ အိမ္ကြင္းမွာ ကစားခဲ့တဲ့အခ်ိန္တုန္းက သူတို႔ကို အႏိုင္ယူႏိုင္တယ္ဆိုတာကို ျပသခဲ့ၿပီးပါၿပီ။ ဗိုလ္လုပြဲမတိုင္ခင္ အခ်ိန္ေတြအမ်ားႀကီးရွိေသးပါတယ္။ ကြၽန္ေတာ္တို႔ ပထမဆုံး ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးေအာင္ လုပ္ရမွာျဖစ္ၿပီး ဗိုလ္လုပြဲမွာ အရာအားလုံး ေပးသြားမွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.