Serie A

ရမှတ်လျှော့ပြစ်ဒဏ်ပယ်ဖျက်ခံရပြီးနောက် ဇယားထိပ်ကို အံ့အားသင့်ဖွယ်ခုန်ပျံတက်ခဲ့တဲ့ ဂျူဗင်တပ်

ဂျူဗင်တပ်အသင်းရဲ့ စီးရီးအေမှာ ရမှတ် ၁၅ မှတ်လျှော့ခံထားရမှုကို ယာယီ ပယ်ဖျက်ခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၃ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဇန်နဝါရီလတုန်းက ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့သဘောတူညီမှုတွေနဲ့ပတ်သက်ပြီး ငွေကြေးပိုင်းစာရင်းလိမ်လည်ပြသမှုကြောင့် ရမှတ် ၁၅ မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ စီးရီးအေကလပ်အသင်းရဲ့ ဘုတ်အဖွဲ့တစ်ဖွဲ့လုံးဟာ အသင်းရဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခြင်းခံခဲ့ရပြီးနောက် ရာထူးကနေ နုတ်ထွက်သွားခဲ့ကြတာဖြစ်ပြီး ဥက္ကဌဟောင်း အက်ဂ်ညယ်လီဟာ အီတလီဘောလုံးလောကမှာ ရုံးထိုင်ခွင့် ၂၄ လ ပိတ်ပင်ခံခဲ့ရသလို နက်ဗက်ကလည်း ၈ လကြာ ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ တော့တင်ဟမ်ဟော့စပါးအားကစားဒါရိုက်တာ ဖေဘီယို ပါရာတီစီကလည်း လပေါင်း ၃၀ ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး ပါရာတီစီနဲ့ အက်ဂ်ညယ်လီတို့ရဲ့ အယူခံက မအောင်မြင်ခဲ့ပေမယ့်လည်း နက်ဗက်ကတော့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်က ဘာအမှားမှ ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့ပြီး အီတလီရဲ့ အမြင့်မားဆုံး အားကစားခုံရုံးကို အယူခံတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရမှတ် ၁၅ မှတ်လျှော့ ပြစ်ဒဏ်ဟာ ပြန်လည်ရုပ်သိမ်းခြင်းခံခဲ့ရပြီဖြစ်ပါတယ်။

အီတလီတရားရုံးက ဒီအမှုကို ပြန်လည်စစ်ဆေးဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် ဂျူဗင်တပ်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၇ နေရာကနေ အဆင့် ၃ နေရာအထိ ခုန်တက်နိုင်ခဲ့ပြီဖြစ်ပြီး အေစီမီလန်က ချန်ပီယံလိဂ်ဝင်ခွင့်အပြင်ဘက် ထွက်ပေးခဲ့ရသလို မော်ရင်ညိုရဲ့ ရိုးမားကလည်း ၈ ပွဲသာ ကစားဖို့ ကျန်တော့တဲ့အချိန်မှာ အဆင့် ၄ နေရာကို ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.