Premier League

ရော်နယ်လ်ဒိုနဲ့ မက်ဆီ ပရိသတ်တွေကို ဒေါသထွက်စေမယ့် စကားပြောလိုက်တဲ့ ဝိန်း ရူနီ

မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ဝိန်း ရူနီက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ရဲ့ ဘောလုံးလောကကို လွှမ်းမိုးနိုင်မှုဟာ လက်ရှိမှာ အဆုံးသတ်သွားပြီလို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝိန်း ရူနီဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ရော်နယ်လ်ဒိုရဲ့ မန်ယူနိုက်တက်အသင်းဖော်ဖြစ်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာ လီယွန်နယ် မက်ဆီနဲ့ ဘာစီလိုနာအသင်းကို ပုံမှန်ဆိုသလို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အထင်ရှားဆုံးကတော့ ၂၀၁၁ ခုနှစ် ဗိုလ်လုပွဲဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ၃-၁ နဲ့ ဝင်ဘလေကွင်းမှာ အနိုင်ရရှိပြီးနောက် ဥရောပ ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဝိန်း ရူနီဟာ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့ အရည်အချင်းတွေကို အကြိမ်ပေါင်းများစွာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပေမယ့်လည်း လက်ရှိမှာတော့ ၎င်းတို့ရဲ့ အမြင့်မားဆုံးအဆင့်အတန်းက စွမ်းအားဟာ ယိမ်းယိုင်လာပြီဖြစ်ပြီး ၎င်းတို့ရဲ့ အရိုက်အရာကို ဆက်ခံမယ့် ကြယ်ပွင့်တွေ ရှိနေပြီဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အာလင်း ဟာလန်းက အခုအချိန် ကမ္ဘာပေါ်က အကောင်းဆုံးဘောလုံးသမားပါ။ လီယွန်နယ် မက်ဆီက အကြီးမြတ်ဆုံးဖြစ်ပေမယ့် ကျွန်တော်ကိုယ်တိုင် အဲဒီနေရာမှာ စံချိန်တွေ ရိုက်ချိုးခဲ့ဖူးတာတောင်မှ ရင်သပ်ရှုမောရတဲ့ အခုအချိန်မှာ ဘယ်သူကမှ သူ ရောက်ရှိနေတဲ့ အဆင့်အတန်းထက် ပိုကောင်းအောင် ကစားနိုင်တဲ့တိုက်စစ်မှူးမရှိပါဘူး။ သူက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားပါ။ ဘာလို့လဲဆိုတော့ သူ ပိုင်ဆိုင်ထားတဲ့ ကိန်းဂဏန်းတွေ၊ သူ ပြသနေတဲ့ စွမ်းဆောင်ရည်တွေနဲ့ စိတ်ဓာတ်ကြောင့်ပါ”

“ခင်ဗျား နောက်ကျရင် ဘလွန်ဒေါဆု ဘယ်သူရမလဲဆိုပြီး ကြည့်လိုက်ရင် သူပဲ ဖြစ်ပါလိမ့်မယ်။ ဒီရာသီမှာ သူ့ရဲ့ ခြေစွမ်းကို ထိန်းသိမ်းထားတယ် ။ဘာကြောင့် သူ ဘလွန်ဒေါ မရရမှာလဲ။ ၂၆၄ ပွဲမှာ ၂၂၄ ဂိုး စံချိန်က အဆင့်အတန်း မကျဆင်းတဲ့ ကစားသမားတစ်ယောက်ရဲ့ အမှတ်အသားပဲ။ ကျွန်တော်တို့ မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုခေတ်ကို တွေ့ကြုံခဲ့ရတယ်။ အခုက ဟာလန်းနဲ့ အမ်ဘာပေတို့ ခေတ်ပဲ။ သူ့လိုမျိုး အရည်အချင်းရှိတဲ့သူမျိုး ခင်ဗျား အနားမှာရှိနေရင်အဲဒါကို ပျော်ရွှင်ခံစားရမှာပါ။ သူက မန်ချက်စတာစီးတီးရှပ်ကို ဝတ်ဆင်ထားတယ်ဆိုရင်တောင်မှပေါ့”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.