Premier League

ဖလား ၃ လုံးအခွင့်အရေးနဲ့ပတ်သက်ပြီး မန်ယူနိုက်တက်ကို မျက်နှာပြောင်ခဲ့တဲ့ ဂွါဒီယိုလာ

ပက် ဂွါဒီယိုလာက အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အနေနဲ့ မန်ချက်စတာစီးတီးက ယခုရာသီမှာ ဆုဖလား ၃ လုံးလမ်းကြောင်းပေါ်မှာ ရှိနေသေးတာကို ကြောက်ရွံ့နေစရာမလိုဘူးလို့ ဟာသဖောက်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ စနေနေ့ညက ရှက်ဖီးယူနိုက်တက်ကို မာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပြီးနောက် အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက် သို့မဟုတ် ဘရိုက်တန်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ကစားမယ့် အစ်တီဟတ်က ပွဲစဉ်မှာ အနိုင်ရရှိခဲ့မယ်ဆိုရင် လိဂ်ဖလားကို အနိုင်ရရှိဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိသွားမှာဖြစ်ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ကစားသွားရဖို့ ရှိနေတာဖြစ်ပါတယ်။

ဂွါဒီယိုလာက သောကြာနေ့မှာ ဆုဖလား ၃ လုံးတပြိုင်နက်ရယူဖို့အတွက် ပြောဆိုမှုတွေကို ငြင်းပယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ပရိသတ်တွေထဲမှာ မန်စီးတီးအနေနဲ့ ၎င်းတို့ရဲ့ ၁၉၉၉ ဖလား ၃ လုံးအောင်မြင်မှုအတိုင်း လိုက်လုပ်နိုင်မှာကို စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

“သူတို့တွေ ကြောက်နေဖို့ မလိုပါဘူး။ ကျွန်တော်တို့က အိမ်နီးချင်းတွေပဲဟာ။ အိမ်နီးချင်းတွေက အမြဲတမ်း တစ်ယောက်အပေါ်တစ်ယောက် ကောင်းရမယ်လေ။ ဟင့်အင်း။ ကျွန်တော် မနေ့က ပြောခဲ့တာက ဒီလို အခြေအနေမျိုးနဲ့ ကျွန်တော်တို့က အဝေးကြီးမှာလို့ ပြောခဲ့တာပါ။ ဆုဖလား ၃ လုံးတပြိုင်နက်ရဖို့နဲ့ ဒီ ဆွေးနွေးမှုတွေနဲ့ပေါ့။ အိုကေ။ ပျော်စရာအခိုက်အတန့်အတွက် ပြောတာက အဆင်ပြေပါတယ်။ ပကတိအမှန်တရားက ဒီကို လာဖို့ပါ။ ကျွန်တော် အကြိမ်ပေါင်းများစွာပြောခဲ့တ်။ ဒီအသင်းကို၊ အသင်းတာဝန်ရှိသူတွေကို၊ နည်းပြအဖွဲ့ကို ကျွန်တော် အထင်အကြီးဆုံးအရာက နှစ်ပေါင်းများစွာ၊ ၆ နှစ်လောက်ကြပြီးတဲ့နောက်မှာ ဆုဖလားတွေ ရပြီးရင်း ရနေတာပါ”

“ခင်ဗျားနောက်ဆုံးအဆင့်တွေမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ဒါမှမဟုတ် အက်ဖ်အေဖလား ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ပြီး ခင်ဗျား ရှုံးနိမ့်သွားတဲ့အချိန်ကျရင် ကျွန်တော်တို့မှာ နောက်ထပ် တစ်နှစ်ဆိုတာ ရှိပါသေးတယ်။ ဒါက ကျွန်တော် နည်းပြတစ်ယောက်အနေနဲ့ ဂုဏ်ယူမိတဲ့အရာပါ။ ကျွန်တော် ဒီမှာနေရတာကို နှစ်သက်ပြီး ဒီအသင်းနဲ့ အလုပ်လုပ်နေတာ အဲဒီအကြောင်းအရင်းကြောင့်ပါ။ တစ်နှစ်တော့ ခင်ဗျား အဲဒါကို လုပ်နိုင်တယ်။ ကျွန်တော် ချန်ပီယံလိဂ်တစ်လုံး အနိုင်မရချင်ဘူး။ ခင်ဗျားက အောက်ခြေမှာရှိနေပြီး တိုက်ပွဲမဝင်တဲ့နောက်မှာပေါ့။ ချန်ပီယံလိဂ်က ခင်ဗျား အနိုင်ရတဲ့အခါနဲ့ ခင်ဗျား ရှုံးနိမ့်တဲ့အခါမှာ စီမံကိန်း အချိန်အများစုကို ဖျက်ဆီးပြီး အသင်းက အဲဒီအပိုင်းမှာတော့ တော်တော်လေး တည်ငြိမ်ပါတယ်”

“ဟုတ်တာပေါ့။ ကျွန်တော်တို့ ပရီးမီးယားလိဂ်နဲ့ တခြား ဆုဖလားတွေ အနိုင်ရခဲ့တယ်။ အဲဒီလိုမှမဟုတ်ရင်တော့ တခြားနည်းပြတစ်ယောက် ရောက်နေလောက်ပြီ။ ကျွန်တော်က အရူးမဟုတ်ဘူး။ အသင်းကို ခွဲခြမ်းစိတ်ဖြာရမယ်ဆိုတာ သိတယ်။ ကျွန်တော်တို့ လိုအပ်တာကို သိတယ်။ ကျွန်တော်တို့ ဘာလုပ်နေလဲဆိုတာ သိတယ်။ တိကျတဲ့ရလဒ်တွေအတွက် လာခဲ့တာမဟုတ်ဘူး။ အဲဒါကြောင့်ပဲ ၆ နှစ်အကြာမှာ ကျွန်တော်တို့က ၇ ပတ်ပဲ ကျန်တော့တဲ့အချိန်မှာ နောက်ဆုံးအဆင့်တွေမှာ ရှိနေပြီး ဆုဖလားတွေအတွက် တိုက်ပွဲဝင်နေရသေးတာပါ။ ကောင်းပြီ။ ကျွန်တော်တို့ ကာရာဘောင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဆုဖလားတွေ ဆုံးရှုံးရဖို့ ရှိနေပါသေးတယ်”

“ဒါက ကျွန်တော်တို့ ရနိုင်တဲ့ အရေးအကြီးဆုံးဖလားပါ။ လူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ကောင်တွေကို ပြောခဲ့တယ်။ ပြီးခဲ့တဲ့ ၃ နှစ်မှာ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အဆိုးရွားဆုံး စွမ်းဆောင်ရည်က အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပါ။ ကျွန်တော်တို့ ဒီမှာ (ဗိုလ်လုပွဲ)မရှိခဲ့ကြဘူး။ ဒီနေ့ လူတွေအများကြီး မန်ချက်စတာကနေ ခရီးထွက်ခဲ့ကြတယ်။ သူတို့တွေမှာ ကျွန်တော်တို့မှာရှိတဲ့ အခွင့်ထူးမျိုး မရှိကြဘူး။ အဲဒီတော့ အနည်းဆုံး ကျွန်တော်တို့ ကောင်းကောင်း စွမ်းဆောင်ပြရမယ်။ အနိုင် ဒါမှမဟုတ် အရှုံး။ ကျွန်တော်တို့ စွမ်းဆောင်တဲ့ပုံစံအတိုင်း စွမ်းဆောင်ရမယ်။ သွေးပူမှာ၊ အဝတ်လဲခန်းထဲမှာ ပထမဆုံးမိနစ်ကတည်းက ကျွန်တော်တို့က အဆင်သင့်ဖြစ်နေခဲ့တယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ အနိုင်ရသွားတာပါ။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.