Premier League

ဟာလန်းကို ရပ်တန့်နိုင်မယ့် တစ်ဦးတည်းသော ဂန်းနားကြယ်ပွင့်ကို ပြောပြလိုက်တဲ့ ဝိန်း ရူနီ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီက အစ်တီဟတ်မှာ ယှဉ်ပြိုင်ကစားမယ့် ဆုဖလားအဆုံးအဖြတ်ပွဲစဉ်မတိုင်ခင် မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းကို တားဆီးနိုင်မယ့် တစ်ဦးတည်းသော အာဆင်နယ်ကစားသမားကို သတ်မှတ်ခဲ့ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးမှာ စိတ်လှုပ်ရှားဖွယ် ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်နေသူဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၄၈ ဂိုးအထိ သွင်းယူပေးပြီး ဂွါဒီယိုလာရဲ့အသင်းကို သမိုင်းဝင် ဆုဖလား ၃ လုံးတပြိုင်နက် စိန်ခေါ်နိုင်အောင်ကူညီပေးနေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မှာဖြစ်သလို အက်ဖ်အေဖလားနဲ့ ဆီမီးဖိုင်နယ်နောက်ပိုင်းအဆင့်တွေကို တက်ရောက်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ညဟာ ဆုဖလားပြိုင်ပွဲမှာ အဆုံးအဖြတ်ပေးနိုင်မယ့် အခိုက်အတန့် ဖြစ်လာမှာဖြစ်ပြီး ဝိန်း ရူနီက အာဆင်နယ်ကစားသမား တစ်ဦးတည်းကသာ ဟာလန်းရဲ့ မြန်နှုန်းနဲ့ ပါဝါကို လိုက်မီနိုင်မှာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူတို့တွေ ဟာလန်းကို ဘယ်လို ရပ်တန့်မှာလဲ။ ဆာလီဘာက ဒဏ်ရာရနေတာကြောင့် သူ့ရဲ့ မြန်နှုန်းနဲ့ ပါဝါကို တစ်ဦးချင်း ယှဉ်နိုင်မယ့် အလားအလာမရှိပါဘူး။ တစ်ခုတည်းသောနည်းလမ်းက သူတို့ရဲ့ ကစားပုံရဲ့ ဟာကွက်ကို ရှာဖို့ ကြိုးစားဖို့ပဲ။ စီးတီးက ခင်ဗျား သူတို့ကို အကူးအပြောင်းမှာ တိုက်ခိုက်နိုင်ရင် ထိခိုက်လွယ်ပြီး ခင်ဗျား အဲဒါကို ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ မြင်ခဲ့တယ်”

“အထူးသဖြင့် လီရွိုင်း ဆာနေးက ဘိုင်ယန်မြူးနစ်က ဘောလုံးပိုင်ဆိုင်မှုရပြီး သူတို့ကို ထိုးဖောက်ခဲ့ပြီးနောက်မှာ ဂိုးသွင်းယူနိုင်ခဲ့ရမှာပါ။ ဒီဟာက ခင်ဗျား မန်စီးတီးနဲ့ ရင်ဆိုင်ကစားတဲ့အခါမှာ ရနိုင်တဲ့ အခွင့်အရေးတွေပဲ။ အာဆင်နယ်က ဘိုင်ယန်မြူးနစ်မလုပ်နိုင်ခဲ့တဲ့ အဲဒီပုံစံအတိုင်း အခွင့်ကောင်းယူနိုင်မယ့် ဘူကာယို ဆာကာ၊ မာတီနယ်လီနဲ့ ဂါဘရီယဲလ် ဂျေးဇုတို့လို ကစားသမားတွေရှိတယ်။ အာဆင်နယ်က ဟာလန်းကို အရမ်း အာရုံစိုက်မယ့်အစား အဲဒီ စီးတီးခံစစ်ကစားသမားတွေကို ဘယ်လို ထိုးဖောက်မလဲဆိုတဲ့အပေါ်မှာပဲ အာရုံစိုက်သင့်တယ်”

“သူတို့ ထားရမယ့် စိတ်က ဘယ်သူကမှ ငါတို့ကို ဒီနေရာမှာ ရှိနေမယ်လို့ မထင်ခဲ့ကြဘူး။ ငါတို့တွေ အခု ဆုဖလားအတွက် ကစားနေတယ်။ အဲဒီတော့ သွားပြီး ယူလိုက်ကြစို့လို့ သဘောထားရမယ်။ သူတို့တွေ အဲဒီလို အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့သွားရင် အဲဒါက အရမ်းကောင်းတဲ့ပွဲဖြစ်ပါလိမ့်မယ်။ သူတို့တွေ ခံစစ်မှာ ထိုင်ပြီးစောင့်နေခဲ့ရင်ရောဆိုရင် စီးတီးနဲ့ အဲဒီလိုမျိုးသွားလုပ်ရင် ခင်ဗျား ဖြည်းဖြည်းချင်း သေသွားမှာပါ။စီးတီးက ထူးခြားပြီး ထိန်းသိမ်းလို့မရနိုင်ဘူး။ အဲဒီတော့ သူတို့တွေ တိုက်စစ်မှာ ဘာလုပ်နိုင်လဲဆိုတာနဲ့ နောင်တမရဖို့ပဲ အရေးကြီးပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.