Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၅.၁၀.၂၀၂၀

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အာဂ်င္တီးနားကလပ္ အက္သလက္တီကို ေတာ္လာရက္စ္အသင္းရဲ႕ တုိက္စစ္မွဴး နာဟူးလ္ ဘပ္စ္တို႔စ္ကို ေခၚယူဖို႔ လုပ္ေဆာင္ေနေပမယ့္ အသင္းကို ေခၚယူဦးမွာ မဟုတ္ဘဲ ဂီ႐ိုနာအသင္းကို အငွားခ်သြားဖြယ္ရွိ။

– ေတာင္ပံတုိက္စစ္မွဴး ရာဟင္းမ္ စတာလင္မွာ ဒဏ္ရာရွိေနတာေၾကာင့္ အဂၤလန္အသင္းကေန ႏုတ္ထြက္ခဲ့ရၿပီး ေဝးလ္စ္နဲ႔ ေျခစမ္းပြဲ၊ ဘယ္လ္ဂ်ီယမ္၊ ဒိန္းမတ္တို႔နဲ႔ ေနးရွင္းလိဂ္ပြဲေတြကို လြဲေခ်ာ္မွာျဖစ္ေၾကာင္း ထုတ္ျပန္။

– ဒဏ္ရာေၾကာင့္ ကာလၾကာရွည္ နားေနခဲ့ရတဲ့ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ အသင္းရဲ႕ ထရိန္နင္မွာ ျပန္လည္ေလ့က်င့္ေနၿပီျဖစ္ၿပီး ပြဲထြက္ႏုိင္ဖို႔အတြက္ေတာ့ တစ္ပတ္ကေန ႏွစ္ပတ္အထိ အခ်ိန္ယူရဖို႔ ရွိေနလို႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ျပန္လည္စတင္ခ်ိန္မွာ ပါဝင္ႏုိင္ဖို႔ ပစ္မွတ္ထားေန။

– ဘာစီလိုနာအသင္းအေနနဲ႔ အုိင္းယက္စ္ေနာက္ခံလူ ဆာဂ်ီညဳိ ဒက္စ္အတြက္ ေငြသုံးခဲ့ေပမယ့္ အဲရစ္ ဂါစီယာကို ေဈးဆစ္ေနတာကေတာ့ မန္စီးတီးပရိသတ္ေတြ ေဒါသထြက္စရာျဖစ္ေနၿပီး ကစားသမားအတြက္ အာ႐ုံပ်ံ႕လြင့္မွဳျဖစ္ေစသလို ေတာင္းဆုိထားတဲ့ ေငြေၾကးကိုလည္း တစ္ဝက္သာ ေပးေခ်ဖို႔ ထပ္မံကမ္းလွမ္းထား။

– ႐ူဘင္ ဒီယက္စ္ ေရာက္ရွိလာခဲ့ၿပီးမွာ သူနဲ႔ မန္ခ်က္စတာစီးတီးအသင္းရဲ႕ အနာဂတ္က ပုိမိုေမွးမွိန္သြားခဲ့ေပမယ့္ ပရီးမီးယားလိဂ္ကလပ္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းရဲ႕ ကမ္းလွမ္းမွဳကို ဂၽြန္စတုန္း ပယ္ခ်။

– ဘန္ ေဂါ့ဖရီကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ ေခၚယူႏုိင္ခဲ့ေပမယ့္ စီးတီးလူငယ္ေနာက္ခံလူ တိုဆင္ အာဒါရာဘုိင္ယို႐ိုကို ေခၚယူဖို႔ အဲဗာတန္အသင္းက စိတ္ဝင္စားေနဆဲျဖစ္ၿပီး အေျပာင္းအေရႊ႕မပိတ္ခင္ အငွားနဲ႔ ေခၚယူႏုိင္သလို လိဒ္စ္နဲ႔ ဖူလ္ဟမ္တုိ႔လည္း စိတ္ဝင္စားေန။

– မန္ခ်က္စတာစီးတီးအသင္းပရိသတ္ေတြက မဲေပးေရြးခ်ယ္တဲ့ အစ္တီဟတ္ စက္တင္ဘာလတစ္လတာ အေကာင္းဆုံး ကစားသမားဆုအတြက္ ေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာ၊ ကြင္းလယ္လူ ဖီးလ္ ဖိုဒန္နဲ႔ ကီဗင္ ဒီဘ႐ိုင္းနားတုိ႔ကို ပဏာမ ေရြးခ်ယ္ထားၿပီး ထပ္မံမဲေပးႏုိင္ေၾကာင္း အသင္းဝက္ဘ္ဆုိက္မွာ ေဖာ္ျပထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အာဂျင်တီးနားကလပ် အက်သလက်တီကို တော်လာရက်စ်အသင်းရဲ့ တိုက်စစ်မှူး နာဟူးလ် ဘပ်စ်တို့စ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေပေမယ့် အသင်းကို ခေါ်ယူဦးမှာ မဟုတ်ဘဲ ဂီရိုနာအသင်းကို အငှားချသွားဖွယ်ရှိ။

– တောင်ပံတိုက်စစ်မှူး ရာဟင်းမ် စတာလင်မှာ ဒဏ်ရာရှိနေတာကြောင့် အင်္ဂလန်အသင်းကနေ နုတ်ထွက်ခဲ့ရပြီး ဝေးလ်စ်နဲ့ ခြေစမ်းပွဲ၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်တို့နဲ့ နေးရှင်းလိဂ်ပွဲတွေကို လွဲချော်မှာဖြစ်ကြောင်း ထုတ်ပြန်။

– ဒဏ်ရာကြောင့် ကာလကြာရှည် နားနေခဲ့ရတဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ အသင်းရဲ့ ထရိန်နင်မှာ ပြန်လည်လေ့ကျင့်နေပြီဖြစ်ပြီး ပွဲထွက်နိုင်ဖို့အတွက်တော့ တစ်ပတ်ကနေ နှစ်ပတ်အထိ အချိန်ယူရဖို့ ရှိနေလို့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေ။

– ဘာစီလိုနာအသင်းအနေနဲ့ အိုင်းယက်စ်နောက်ခံလူ ဆာဂျီညို ဒက်စ်အတွက် ငွေသုံးခဲ့ပေမယ့် အဲရစ် ဂါစီယာကို ဈေးဆစ်နေတာကတော့ မန်စီးတီးပရိသတ်တွေ ဒေါသထွက်စရာဖြစ်နေပြီး ကစားသမားအတွက် အာရုံပျံ့လွင့်မှုဖြစ်စေသလို တောင်းဆိုထားတဲ့ ငွေကြေးကိုလည်း တစ်ဝက်သာ ပေးချေဖို့ ထပ်မံကမ်းလှမ်းထား။

– ရူဘင် ဒီယက်စ် ရောက်ရှိလာခဲ့ပြီးမှာ သူနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ အနာဂတ်က ပိုမိုမှေးမှိန်သွားခဲ့ပေမယ့် ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ် ဟော့စပါးစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ဂျွန်စတုန်း ပယ်ချ။

– ဘန် ဂေါ့ဖရီကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပေမယ့် စီးတီးလူငယ်နောက်ခံလူ တိုဆင် အာဒါရာဘိုင်ယိုရိုကို ခေါ်ယူဖို့ အဲဗာတန်အသင်းက စိတ်ဝင်စားနေဆဲဖြစ်ပြီး အပြောင်းအရွှေ့မပိတ်ခင် အငှားနဲ့ ခေါ်ယူနိုင်သလို လိဒ်စ်နဲ့ ဖူလ်ဟမ်တို့လည်း စိတ်ဝင်စားနေ။

– မန်ချက်စတာစီးတီးအသင်းပရိသတ်တွေက မဲပေးရွေးချယ်တဲ့ အစ်တီဟတ် စက်တင်ဘာလတစ်လတာ အကောင်းဆုံး ကစားသမားဆုအတွက် နောက်ခံလူ ခိုင်လ် ဝေါ်လ်ကာ၊ ကွင်းလယ်လူ ဖီးလ် ဖိုဒန်နဲ့ ကီဗင် ဒီဘရိုင်းနားတို့ကို ပဏာမ ရွေးချယ်ထားပြီး ထပ်မံမဲပေးနိုင်ကြောင်း အသင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.