Premier League

မာစီယယ်လ်ရဲ့ ပြုတ်မနူးမျက်နှာကို ပြစ်တင်လိုက်တဲ့ တင် ရှားဝုဒ်

တင် ရှားဝုဒ်က မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် အန်သိုနီ မာစီယယ်လ်ရဲ့ ပြုတ်မနူး မျက်နှာကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးကို ကြည့်နေရင်းနဲ့တောင် စိတ်အနှောင့်အယှက်ဖြစ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

မာစီယယ်လ်ဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသူဖြစ်ပေမယ့်လည်း မားကပ်စ် ရက်ရှ်ဖို့ဒ် ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ပါဝင်ကစားပေးနေတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။

တင်ရှားဝုဒ်က မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးကို ထူးထူးဆန်းဆန်း အကြောင်းအရာနဲ့ ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပြီး Sky Sports ကို စကားပြောဆိုရာမှာ “မာစီယယ်လ်က ကျွန်တော့်ကို စိတ်ဆိုးအောင်လုပ်နေတယ်။ ကျွန်တော်သာ နည်းပြဆိုရင် သူ့ကို ကြည့်ရင်းနဲ့တောင် ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ သူ့ရဲ့ ပြုတ်မနူးမျက်နှာပေါ့”

“သူက မပြေးလွှားချင်ဘူး။ ခင်ဗျားက ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်အသင်းအတွက် ကစားပေးနေရတာ။ အဲဒါကို ပျော်လိုက်စမ်းပါ။ ခင်ဗျား အသင်းထဲ ပြန်ပါခွင့်ရတယ်။ ခင်ဗျားမှာ အရည်အချင်းရှိတယ်။ ဒါပေမယ့် ခင်ဗျားက ခင်ဗျားအရည်အချင်းရှိသလောက် မလုပ်ပြနိုင်ဘူး။”လို့ ပြောကြားခဲ့ပါတယ်။

အန်သိုနီ မာစီယယ်လ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းက ယခုနွေရာသီမှာ ရောင်းထုတ်ပြီး ပိုက်ဆံရှာသွားမယ့် ကစားသမားတွေထဲမှာ ပါဝင်နိုင်တယ်လို့ ကောလာလဟတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း တန်ဟက်က ပြင်သစ်တိုက်စစ်မှူးအနေနဲ့ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.