Premier League

ဖာမီနို ဘာစီလိုနာသွားမယ့်သတင်းတွေကို အဖြေပေးလိုက်တဲ့ နာမည်ကျော်ဂျာနယ်လစ်

ဖက်ဘရီဇီယို ရိုမာနိုက လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ နောက်ဆုံးသတင်းကို ပေးခဲ့ပါတယ်။

စနေနေ့မနက်အစောပိုင်းမှာ Mail Online က ယခုရာသီကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဖာမီနိုဟာ လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အပြောင်းအရွှေ့ပါရဂူဖြစ်တဲ့ ရိုမာနိုက အဲဒီ ပြောဆိုမှုတွေကို ငြင်းပယ်လိုက်ပြီး ဖာမီနိုနဲ့ ဘာစီလိုနာအသင်းတို့ကြားမှာ လက်ရှိအချိန်အထိ ဘာသဘောတူညီမှုမှ မရှိခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရောဘတ်တို ဖာမီနိုနဲ့ ဘာစီလိုနာတို့ကြား အခုအချိန်မှာ ဘာသဘောတူညီမှု ဒါမှမဟုတ် လက်မှတ်ရေးထိုးမှုမှ မရှိဘူးလို့ နားလည်ရပါတယ်။ သဘောတူညီမှု နောက်တဆင့်တောင် မဟုတ်ပါဘူး”

“အသင်းအတွင်းပိုင်းမှာ နာမည်ကို ဆွေးနွေးခဲ့ရုံပါ။ ဘာဆာရဲ့ အဓိကဦးစားပေးက အင်နီဂို၊ ဂန်ဒိုဝမ်၊ မက်ဆီလည်း ပါတာပေါ့။ ဖာမီနိုက ရွေးချယ်စရာတွေကို ရှာဖွေနေတုန်းပါ။ ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးပါဘူး”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.