Premier League

ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ နည်းဗျူဟာကို ပုံတူကူးပြီး အသင်းကို တည်ဆောက်မယ့် တန်ဟက်

အဲရစ် တန်ဟက်ဟာ အသင်းရဲ့ ကံကြမ္မာကို ပြုုပြင်ပြောင်းလဲပေးနိုင်မယ့် အဓိကကစားသမားခေါ်ယူမှုပြုလုပ်ပြီး ယာဂန် ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ကို အတုယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ယခုအပတ်မှာ မန်ချက်စတာယူနိုက်တက်ဟာ ဆီဗီလာကို ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ပထမအကျော့တုန်းက အိုးထရက်ဖို့ဒ်မှာ ၂-၀ နဲ့ ဦးဆောင်နိုင်မှုကို ကိုယ့်ဂိုးကိုယ်ပြန်သွင်းပြီး လွှင့်ပစ်ခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့က ပွဲစဉ်အတွင်းမှာ မက်ဂွိုင်းယားနဲ့ ဒဟေးယားတို့ကြားက နားလည်မှုမရှိတဲ့ ကစားပုံကြောင့် ဆီဗီလာအသင်းက ၇ မိနစ်မှာ အဖွင့်ဂိုး ရရှိသွားခဲ့တာဖြစ်ပြီး စပိန်လာလီဂါကလပ်အသင်းက ပြီးတဲ့နောက်မှာ ဘာဒီရဲ့ ခေါင်းတိုက်ချက်နဲ့ ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဆီဗီလာအသင်းရဲ့ တတိယမြောက် သွင်းဂိုးကိုလည်း ဒဟေးယားရဲ့ ညံ့ဖျင်းတဲ့ ဘောလုံးအထိန်းအသိမ်းကြောင့် လက်ဆောင်ပေးခဲ့ရတာဖြစ်ပြိး စပိန်ဂိုးသမားရဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကြောင့် မန်ယူနိုက်တက်တာဝန်ရှိသူတွေဟာ စာချုပ်သက်တမ်းတိုးဖို့တောင် စဉ်းစားနေပြီလို့ Mirror က ဖော်ပြခဲ့ပါတယ်။

တန်ဟက်ဟာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ ဂိုးသမားသစ် ခေါ်ယူပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ခဲ့တာကို သတိပြုမိခဲ့ပြီး ယူနိုက်တက်လည်း ဆုဖလားကို စိန်ခေါ်နိုင်ဖို့အတွက် အလားတူခေါ်ယူမှုမျိုး ပြုလုပ်ဖို့ လိုအပ်နေတယ်လို့ ယုံကြည်နေပါတယ်။

မန်စီးတီးကို ရောက်ရောက်ချင်းပဲ ဂွါဒီယိုလာဟာ ကာလရှည် အဓိကဂိုးသမားဖြစ်ခဲ့တဲ့ ဂျိုးဟတ်ကို ရောင်းထုတ်ခဲ့ပြီး အီဒါဆန်နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ကလည်း ဘောလုံးကစားနိုင်စွမ်းနဲ့ ဂိုးကန်ချက်တွေကို ကာကွယ်ရာမှာ အလွန်ကောင်းမွန်တဲ့ အယ်လစ်ဆန်ကို ၂၀၁၈ ခုနှစ်မှာ ရိုးမားကနေ ခေါ်ယူပြီးနောက်ပိုင်း လီဗာပူးလ်အသင်းကို ဆုဖလားစိန်ခေါ်သူတွေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.