Premier League

အာဆင်နယ်က အရူးလိုမျိုး တုန်လှုပ်နေတယ်လို့ ဝေဖန်လိုက်တဲ့ ဂယ်ရီ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက မန်ချက်စတာစီးတီးဟာ ဆုဖလားပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့တွေ့ဆုံဖို့ ကြိုတင်ပြင်ဆင်နေချိန်မှာ သွေးနံ့ရနေလိမ့်မယ်လို့ ပြောကြားခဲ့ပြီး ဂန်းနားတွေဟာ အရူးလိုမျိုး တုန်လှုပ်နေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နဲ့ ၃ ပွဲဆက်တိုက် သရေမကျခင်အထိ ဆုဖလားပြိုင်ပွဲမှာ ဖိအားအနည်းငယ်သာ ခံစားရတဲ့ လက္ခဏာမျိုး ပြသခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ လက်ရှိမှာတော့ အစ်တီဟတ်မှာ ကစားရမယ့် မန်စီးတီးနဲ့ပွစြဉ်မှာ မဖြစ်မနေ အနိင်ကစားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ အာဆင်နယ်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် ရမှတ် ကွာဟမှု ၂ မှတ်အထိ လျှော့ချနိုင်မှာဖြစ်ပြီး ၂ ပွဲကစားဖို့ ကျန်နေဦးမှာဖြစ်သလို ဂိုးကွာခြားချက်မှာလည်း ဂန်းနားတွေထက် သာလွန်နေတာဖြစ်ပါတယ်။

ဂယ်ရီ နဗီးက အာဆင်နယ်ဟာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ရာမှာ အနိုင်ရဖို့ ရေပန်းသိပ်မစားတဲ့အသင်းဖြစ်နေတာကနေ အကျိုးအမြတ်ရှိနိုင်တယ်လို့ ခံစားနေရပေမယ့်လည်း နောက်ဆုံးမှာတော့ ဆုဖလားပြိုင်ပွဲကနေ ဘေးချော်ထွက်သွားမှာကို ကြောက်ရွံ့နေတာဖြစ်ပါတယ်။

“အဲဒီပွဲက အာဆင်နယ် အနိင်ရဖို့ မျှော်မှန်းမထားတဲ့ ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်မှာပါ။ အဲဒီတော့ သူတို့တွေ အမှတ်ပေးဇယားအောက်ခြေက ဆောက်သမ်တန် ဒါမှမဟုတ် တန်းဆင်းဇုန်နဲ့ နီးကပ်နေတဲ့ ဝက်စ်ဟမ်းတို့နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲက စိတ်အခြေအနေကို ဝေးဝေးမှာ ထားနိုင်မှာလား။ ဒီပွဲက မန်စီးတီးကဖလားရဖို့ ရေပန်းအစားဆုံးလို့ အားလုံးထင်ကြတဲ့ သူတို့ ကစားဖို့ ကျန်နေတဲ့ ပွဲတစ်ပွဲပါ။ အဲဒါက အာဆင်နယ်ကစားသမားတွေရဲ့ ဖိအားကို ဖယ်ရှားပေးပြီး သူတို့စိတ်ကို လွတ်လပ်စေမှာလား။ ဘာလို့လဲဆိုတော့ နောက်ဆုံးပွဲစဉ်အများအပြားမှာ နည်းနည်း ပိုပြီး ပြင်းထန်မှုတွေ သူတို့တွေ ကြုံရမှာမို့လို့ပါ”

“ကျွန်တော်တို့ တစ်ရာသီလုံး မြင်တွေ့ခဲ့ရတဲ့ အာဆင်နယ်ပုံစံမဟုတ်တဲ့အရာတွေကို မြင်နေရပါတယ်။ သူတို့တွေ လွတ်လွတ်လပ်လပ် မကစားနိုင်ခဲ့ဘူ။ သူတို့တွေ အရင်တုန်းက လုပ်ခဲ့တဲ့အတိုင်း အခွင့်အရေးတွေ မဖန်တီးနိုင်ဘူး။ သူတို့တွေ နောက်ဆုံး ၁၀ မိနစ်လောက်မှာ အခွင့်အရေးတွေ စဖန်တီးနိုင်ခဲ့ပေမယ့် သူတို့တွေ ဒုတိယပိုင်း ပွဲကစားချိန်အများစုမှာ များများစားစား မဖန်တီးနိုင်ခဲ့ဘူး။ အခုက စိတ်ဓာတ်ပိုင်းနဲ့ဆိုင်တဲ့အရာပါ။ သူတို့တွေကို အနားပေးရမယ်။ဒီအပတ်မှာ ဘာတွေ လုပ်ကြမလဲ။ သူတို့ကိုယ် သူတို့ ဘယ်လို ဂရုစိုက်ကြမလဲဆိုတာကို သေချာအောင်လုပ်ရမယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့မှာ စီးတီးက တကယ်တော့ အိမ်ကွင်းမှာ ဖြစ်နေတာကြောင့် အနိုင်ယူသွားမယ်ဆိုတာကိုလည်း တွေးရပါမယ်”

“အာဆင်နယ်ကစားသမားတွေက အဲဒီကိုသွားပြီး တစ်ရာသီလုံး ကစားခဲ့တဲ့ လွတ်လပ်မှု၊ စိတ်လှုပ်ရှားမှုနဲ့ ကစားသွားရမှာပါ ။စိုးရိမ်စရာက သူတို့တွေ ဂိုးတွေ ခွင့်ပြုနေရတာဖြစ်ပြီး မန်စီးတီးက အတွေ့အကြုံရှိပြီး သူတို့တွေ သွေးနံ့ရတဲ့ ငါးမန်းလို ဖြစ်နေမှာပါ။ အာဆင်နယ်က အရူးလိုမျိုး တုန်လှုပ်နေတဲ့အသင်းတစ်သင်းရဲ့ အမှတ်အသားတွေ အားလုံး ရှိနေပါတယ်”

“သူတို့တွေကို ကြည့်ရတာ မောပန်းနေတယ်။ သူတို့တွေ အမှားတွေ လုပ်နေတယ်။ သူတို့တွေ စိတ်လှုပ်ရှားနေပုံပေါ်ပြီး များသောအားဖြင့် တစ်ရာသီလုံး ပွဲစဉ်တွေထဲမှာ လုပ်ခဲ့တဲ့အရာတွေကိုလုပ်မနေပါဘူး။ဒါက ဖြတ်သန်းဖို့ ရုန်းကန်နေရတဲ့ အသင်းတစ်သင်းရဲ့ လက္ခဏာတွေအားလုံး သူတို့မှာ ရှိနေတယ်ဆိုတာကို ပြနေတာပါ။ ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့ ကြည့်ရမှာပါ။ သူတို့အတွက်တော့ စောင့်မျှော်နေရမယ့် အံ့မခန်းပွဲစဉ်တစ်ပွဲဖြစ်မှာပါ။ ဒါပေမယ့် သူတို့တွေ အကောင်းဆုံးပုံစံ၊ သူတို့တွေက အနိုင်ရဖို့ ရေပန်းမစားတဲ့အသင်းအဖြစ် ရရှိလာမယ့် လွတ်လပ်မှုနဲ့အတူ ကစားနိုင်မှာလား”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.