Premier League

ဆောက်သမ်တန်နဲ့သရေကျပြီးနောက် ကစားသမားတွေကို ဘာပြောခဲ့လဲဆိုတာပြောပြခဲ့တဲ့ အာတီတာ

အာတီတာဟာ ဆောက်သမ်တန်နဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ အာဆင်နယ်ကစားသမားတွေကို ဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေဟာ ဇယားအောက်ခြေက ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ နောက်ကျ ချေပဂိုး ၂ ဂိုးကြောင့် သရေ ၁ မှတ်ရရှိခဲ့တာဖြစ်ပေမယ့်လည်း ဆုဖလားပြိုင်ပွဲမှာ မန်စီးတီးကို အသာစီးရယူထားနိုင်မယ့် နောက်ထပ် ရမှတ်တွေ လျော့ကျခဲ့တာဖြစ်ပါတယ်။

အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို ဘာပြောခဲ့လဲလို့ မေးမြန်းခဲ့ရာမှာ အာတီတာက “ကျွန်တော် သူတို့ကို ချစ်မြတ်နိုးတယ်ဆိုတာ ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ သူတို့အတွက် ဘယ်လောက် ခက်ခဲလဲဆိုတာကို ကျွန်တော် သိနေလို့ပါ။ အထူးသဖြင့် ခင်ဗျား အစောပိုင်းမှာ ဒီလိုမျိုး အမှားကြီးကို ကျူးလွန်ခဲ့တဲ့အချိန်မှာပေါ့။ အဲဒါက စိတ်ပိုင်းဆိုင်ရာအရ အရမ်းကို ခက်ခဲကြမ်းတမ်းပေမယ့် ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံ၊ ဖိအားတွေအောက်မှာ ကျွန်တော်တို့ သတ္တိကို ပြခဲ့ပါတယ်”

“ကျွန်တော်တို့ ရလဒ်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တာ သိသာပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် နောက်ထပ်တစ်ကြိမ် အရမ်းခက်ခဲအောင် လုပ်ခဲ့မိပါတယ်။ ဒါပေမယ့် အမှားတွေက ဘောလုံးရဲ့ အစိတ်အပိုင်းဖြစ်ပေမယ့် ကျွန်တော်တို့ တုံ့ပြန်ခဲ့တဲ့ပုံစံကြောင့် ကစားသမားတွေကို အရင်ကထက် ပိုလို့တောင် ချစ်သွားပါတယ်။ အဲဒါက မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့ လမ်းကြောင်းပေါ်မှာ ပြန်ရှိလာခဲ့တယ်”

“ကျွန်တော်တို့ နမော်နမဲ့နိုင်တဲ့ ဂိုးတွေ နောက်ထပ်တစ်ကြိမ် ပေးခဲ့ရတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့ အနိုင်ရရှိခဲ့သင့်ပါတယ်။ ကျွန်တော်တို့ လုံလောက်တဲ့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမဖြစ်ခဲ့ဘူး။ ကျွန်တော်တို့ စိတ်ပျက်ခဲ့မိပါတယ်။ ခင်ဗျား ဒီလိဂ်မှာ ဒီလို ၃ ဂိုး ပေးလို့မရနိုင်ပါဘူး။ ခင်ဗျား ကျွန်တော်တို့ ပေးခဲ့ရသလို နမော်နမဲ့နိုင်တဲ့ ၃ ဂိုးပေးလိုက်ရင် နိုင်ပွဲရဖို့က အရမ်းခက်ခဲသွားမှာပါ။ မျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်နေတဲ့အချိန်မှာ ဒီငယ်ရွယ်တဲ့အသင်း တုံ့ပြန်ခဲ့တဲ့ပုံစံက မယုံနိုင်စရာပါပဲ”

“ဒါပေမယ့် သူတို့ ဖန်တီးခဲ့တဲ့ အခွင့်အရေးတွေနဲ့ သူတို့မှာ ရှိခဲ့တဲ့ စိတ်ဓာတ်က ကြည့်ရှုရတာက ပျော်ရွှင်စရာဖြစ်ခဲ့ပါတယ်။ သတင်းစကားကတော့ ရှင်းပါတယ်။ ကျွန်တော် သူတို့ကို ချစ်တယ်။ ကျွန်တော်တို့ ရှုံးနိမ့်နေခဲ့ပြီး သူတို့တွေက အနိုင်ယူဖို့ ဘယ်သူ့မဆိုထက် စိတ်ဆန္ဒပိုရှိခဲ့တယ်။ ခင်ဗျား အဲဒီ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်မှုကို အဝတ်လဲခန်းထဲမှာ မြင်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ခံစစ်ပိုင်းကို ပိုကောင်းအောင် လုပ်ရမယ်ဆိုတာကတော့ ရှင်းပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.