Premier League

ဆန်ချိုအပါအဝင် နွေရာသီမှာ ကစားသမား ၁၅ ဦးအထိ ရှင်းထုတ်မယ့် တန်ဟက်

အဲရစ် တန်ဟက်ဟာ ယခုလာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်စီနီယာကစားသမား ၁၅ ဦးအထိ ရှင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကြာသပတေးနေ့မှာ မန်ချက်စတာယူနိုက်တက်ဟာ ဆီဗီလာအသင်းကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂ ကျော့ပေါင်း ၅-၂ နဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပြီး ဒေးဗစ် ဒဟေးယားနဲ့ မက်ဂွိုင်းယားတို့ကြား နားလည်မှုကင်းမဲ့နေမှုကို စပိန်ကလပ်အသင်းက အခွင့်ကောင်း ယူသွားခဲ့တာဖြစ်ပါတယ်။

“ဒါက အမှန်တရားဖြစ်တယ်ဆိုတာကို ကျွန်တော် ဝန်ခံရမယ်။ အဲဒါက ခက်ခဲတယ်။ အဲဒါက ကြမ်းတမ်းတယ်။ အဲဒါကို ဖြစ်လို့မရနိုင်ဘူး။ အဲဒါက လက်မခံနိုင်စရာပဲ။ ကျွန်တော်တို့ လေ့လာသင်ယူရမယ်။ ကျွန်တော်တို့ ပွဲတွေကို ပိုကောင်းကောင်း စတင်ရမယ်။ ပိုပြီး စိတ်ဆန္ဒရှိရမယ်။ စိတ်အားထက်သန်မှုပိုရှိရမယ်။ ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေဖြစ်ခဲ့တယ်။ ကျွန်တော်တို့ တိုက်ပွဲတွေမှာလည်း ရှုံးနိမ့်ခဲ့တယ်။ သူတို့တွေက ပိုပြီး စိတ်ဆန္ဒပြင်းပြခဲ့တယ်။ ပိုပြီး အနိုင်ရချင်စိတ်ရှိခဲ့တယ်။ ဥပမာအားဖြင့် ဒုတိယဂိုးပါ။ ပြီးတဲ့နောက်မှာ ကြီးမားတဲ့ဘောလုံးပွဲတွေမှာ အနိုင်ရဖို့က ခက်ခဲသွားပါပြီ”

“ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ စွမ်းဆောင်ရည်ကောင်းနဲ့ ကောင်းမွန်တဲ့နိုင်ပွဲတွေ ပြသခဲ့တယ်။ ဒါပေမယ့် ဒီညနဲ့ အချိန်အချို့မှာ ပွဲအတွက် ကျွန်တော်တို့ အဆင်သင့်မဖြစ်ခဲ့ဘူး။ အဲဒါက ဖြစ်လို့ မရပါဘူး။ ခင်ဗျားက ဒီလို အဆင့်အတန်းမျိုးမှာ ရှိနေပြီး မန်ယူနိုက်တက်အတွက် ကစားပေးနေတဲ့အချိန်မှာ ခင်ဗျားပွဲတိုင်းအတွက် အဆင်သင့်ဖြစ်နေရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲရစ် တန်ဟက်ဟာ ယခုနွေရာသီမှာ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုကြီး ပြုလုပ်ဖို့အတွက် စီစဉ်နေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး The Guardian ရဲ့ ဖော်ပြချက်အရ တန်ဟက်ဟာ ဆန်ချို၊ မာစီယယ်လ်၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ မက်တော်မီနေး၊ ဖရက်ဒ်တို့လို ကစားသမားတွေ အပါအဝင် စီနီယာကစားသမား ၁၅ ဦးအထိ ရှင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ ဒီကစားသမားတွေကို ရောင်းချလို့ ရလာတဲ့ ငွေကြေးတွေကို ကစားသမားသစ်တွေနဲ့ အသင်းရဲ့ အခြေခံစံနှုန်းကို မြှင့်တင်ဖို့အတွက် ပြန်လည်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.