Premier League UCL&UEL

ဒဟေးယားရဲ့အမှားကျူးလွန်မှုနဲ့ပတ်သက်ပြီး ပြောလိုက်ပြီဖြစ်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်က ကြာသပတေးနေ့ညနေက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီဗီလာကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အမှားကျူးလွန်ခဲ့တဲ့ ဒေးဗစ် ဒဟေးယားကို ကာကွယ်ပေးခဲ့ပါတယ်။

ဒဟေးယားဟာ စပိန်မှာ မေ့ပစ်ချင်စရာ ညတစ်ညကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဆီဗီလာသွင်းယူသွားခဲ့တဲ့ ၃ ဂိုးစလုံးမှာ အမှားမကင်းခဲ့ဘဲ အနည်းနဲ့ အများသာ ကွာခြားခဲ့တာဖြစ်ပါတယ်။ ပထမဂိုးမှာ ဆီဗီလာကစားသမား ၃ ဦးအထိ ဝိုင်းခံထားရတဲ့ မက်ဂွိုင်းယားဆီကို အန္တရာယ်ကြီးတဲ့ ဘောလုံးပေးပို့မှုပြုလုပ်ခဲ့တာဖြစ်ပြီး တတိယဂိုးမှာ ညံဖျင်းတဲ့ ဘောလုံးထိန်းသိမ်းပုံကြောင့် အန်နက်ဆီရီက ဘောလုံးရယူသွားပြီး ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တန်ဟက်ဟာ ယခုနွေရာသီမှာ ဒေးဗစ် ဒဟေးယားရဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်ကျရင် ဂိုးသမားသစ်နဲ့ အစားထိုးဖို့ တောင်းဆိုခံခဲ့ရပြီးဖြစ်ပေမယ့်လည်း ဆီဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ စပိန်ဂိုးသမားက မန်ချက်စတာယူနိုက်တက်ရဲ့ ရေရှည်အားထားရမယ့်ဂိုးသမားလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ “သူက ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိပွဲအများဆုံး ဂိုးသမားတွေထဲက တစ်ဦးပါ။ အဲဒီတော့ အဲဒါက သူက အရမ်းကို အရည်အချင်းရှိတဲ့ ဂိုးသမားဆိုတာကို ပြသနေတာပါ။”လို့ ပြောကြားခဲ့ပါတယ်။

တန်ဟက်က ဆီဗီလာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်ကစားသမားတွေ ပြသခဲ့တဲ့ စိတ်ဓာတ်ပိုင်းက လက်မခံနိုင်စရာဖြစ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ဒါက အမှန်တရားဖြစ်တယ်ဆိုတာကို ကျွန်တော် ဝန်ခံရမယ်။ အဲဒါက ခက်ခဲတယ်။ အဲဒါက ကြမ်းတမ်းတယ်။ အဲဒါကို ဖြစ်လို့မရနိုင်ဘူး။ အဲဒါက လက်မခံနိုင်စရာပဲ။ ကျွန်တော်တို့ လေ့လာသင်ယူရမယ်။ ကျွန်တော်တို့ ပွဲတွေကို ပိုကောင်းကောင်း စတင်ရမယ်။ ပိုပြီး စိတ်ဆန္ဒရှိရမယ်။ စိတ်အားထက်သန်မှုပိုရှိရမယ်။ ဘောလုံးအပေါ်မှာ တည်ငြိမ်မှု ပိုရှိရမယ်။ ကျွန်တော်တို့ စိတ်ပျက်စရာတွေကို ကြုံလာတဲ့အခါမှာ အဲဒါကို ဖြေရှင်းရမှာဖြစ်ပြီး ဘောလုံးအပေါ်မှာ အာရုံပြန်စိုက်ရမယ်။ ကျွန်တော်တို့ ပိုကောင်းလာရမယ်”

“အဲဒါက ကစားတဲ့စွမ်းရည်ချည်းပဲမဟုတ်ပါဘူး။ စိတ်ဓာတ်နဲ့လည်း ဆိုင်ပါတယ်။ သူတို့တွေက အနိုင်ရဖို့ ပိုပြီး စိတ်ဆန္ဒရှိခဲ့ပြီး အဲဒါက ဖြစ်လို့မရပါဘူး။ အဲဒါက လက်မခံနိုင်စရာလို့ ထင်ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေကို တိုးတက်အောင် လုပ်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုကိုယ် စိတ်ပျက်အောင်၊ ပရိသတ်တွေကို စိတ်ပျက်အောင် လုပ်မိခဲ့တယ်ဆိုတဲ့အမှန်တရားကိုလည်း ရင်ဆိုင်ရမှာပါ။ ခင်ဗျား ဆုဖလားတွေကို လိုချင်ရင် အောင်မြင်ချင်တယ်ဆိုရင် ခင်ဗျားမှာ စိတ်ဓာတ်ရှိဖို့လိုတယ်။ ကျွန်တော် ဒီလို အခြေအနေမျိုး အကြိမ်ပေါင်းများစွာ ကြုံခဲ့ရတယ်။ စီးတီး၊ လီဗာပူးလ်၊ ဘရန့်တ်ဖို့ဒ်တို့နဲ့ ပွဲတွေတုန်းကပေါ့။ အဲဒီလိုဖြစ်ခဲ့တဲ့ အကြိမ်တိုင်းလည်း ကျွန်တော်တို့ ပြန်လာနိုင်ခဲ့တယ်”

“ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်း အရည်အချင်းတွေရှိပြီး အချို့အချိန်တွေမှာတော့ ကျွန်တော်တို့ အဲဒီအနေအထားမှာမရှိနေပါဘူး။ ကျွန်တော်တို့ အခု လက်ခံရမှာက ခုဖြစ်သွားတာက လက်မခံနိုင်စရာပဲဆိုတာပါ။ အားလုံးက မန်ချက်စတာယူနိုက်တက်လို အသင်းထဲမှာ တောင်းဆိုမှုတွေ၊ စံနှုန်းတွေ ပိုမိုမြင့်မားလာတာကို မြင်နိုင်ရပါမယ်။။ ကျွန်တော်တို့ ဖောရက်စ်နဲ့ပွဲစဉ်မှာ အဲဒါကို လုပ်နိုင်ခဲ့တာကို မြင်ခဲ့ရတယ်။ ကျွန်တော်တို့မှာ စိတ်ဆန္ဒရှိခဲ့ပြီး ဒီနေ့မှာ မရှိခဲ့ဘူး။ ခင်ဗျား မန်ချက်စတာယူနိုက်တက်ကစားသမားတွေပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ အဲဒါကို လုပ်ဆောင်တာမျိုး မျှော်လင့်လို့ရနိုင်ပါတယ်။ မကြာခဏဆိုသလိုပဲ ကျွန်တော်တို့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ရှိခဲ့ပြီး အဲဒါက ဖြစ်လို့မရပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.