Premier League UCL&UEL

အန်တိုနီကို ကာကွယ်ပြီး အခြားမန်ယူနိုက်တက်ကစားသမားကို ပြစ်တင်ခဲ့တဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက အန်တိုနီကို ကာကွယ်ပေးခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်း ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှုအတွက် နောက်ထပ်မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကို သီးသန့် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကြာသပတေးနေ့ညက စပိန်လာလီဂါကလပ်အသင်းကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ဆီဗီလာက ၂ ကျော့ပေါင်း ၅-၂ နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

မာဆယ် ဆာဘစ်ဇာရဲ့ ပထမအကျော့ အိုးထရက်ဖို့ဒ်က သွင်းဂိုး ၂ ဂိုးကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ထိန်းချုပ်မှု ရရှိထားခဲ့ပေမယ့်လည်း ဆီဗီလာက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့တာဖြစ်ပါတယ်။

ဆီဗီလာဟာ ဒုတိယအကျော့မှာလည်း အဲဒီအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး အန်နက်ဆီရီက ဟာရီ မက်ွဂိုင်းယားရဲ့ အမှားကနေ အစောပိုင်း ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်တွေဟာ ပထမပိုင်းမပြီးဆုံးခင်မှာ ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိခဲ့ရမှာဖြစ်ပေမယ့်လည်း ဒုတိယပိုင်းမှာ ဘာဒေက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒဟေးယားဟာ ဆီဗီလာကို ပေးခဲ့ရတဲ့ ၂ ဂိုးစလုံးမှာ ပိုမိုကောင်းမွန်အောင် လုပ်နိုင်ခဲ့သင့်ပြီး ၎င်းရဲ့ ဆိုးရွားတဲ့ ညနေခင်းဟာ အန်နက်ဆီရီကို ပွဲကစားချိန် ၁၀ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ နောက်ထပ်တစ်ဂိုး လက်ဆောင်ပေးခဲ့ရချိန်မှာ ပိုလို့တောင် ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကစားသမားတစ်ယောက်ကမှ ဆီဗီလာနဲ့ ပွဲစဉ်မှာ အကျိုးသက်ရောက်မှုမပြသနိုင်ခဲ့ပေမယ့်လည်း ဆန်ချိုနဲ့ ဘစ်ဆာကာတို့က ပထမပိုင်းအပြီးမှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

ဘရာဇီးလ်တောင်ပံကြယ်ပွင့် အန်တိုနီဟာ ယခုရာသီမှာ ပြစ်တင်ဝေဖန်မှုအများအပြား ခံခဲ့ရသူဖြစ်ပေမယ့်လည်း ကာရေဂါက ပထမပိုင်းမှာ လူစားလဲခံခဲ့ရလို့ ပြင်းထန်တဲ့ အကဲဖြတ်မှုတွေကနေ လွတ်မြောက်သွားခဲ့တဲ့ ဆန်ချိုထက်တော့ ပိုမိုစွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“အန်တိုနီက ဆန်ချို ၂ နှစ် ကစားခဲ့တာထက် ၆ လအတွင်းမှာ ပိုလုပ်နိုင်ခဲ့တယ်။ ဒါတောင် အန်တိုနီက ပြစ်တင်ဝေဖန်မှုအများအပြား ရရှိနေပြီး ဆန်ချိုကျတော့ နည်းနည်းလေးပဲ ရနေတုန်းပဲလား။”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.