Premier League UCL&UEL

ဆီဗီလာအဖွင့်ဂိုးမှာ မက်ဂွိုင်းယားမမှားဘူးလို့ ယုံကြည်နေတဲ့ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက ဆီဗီလာရဲ့ အဖွင့်ဂိုးမှာ အမှားကျူးလွန်ပြီး ဂိုးပေးခဲ့ရတဲ့ ဟာရီ မက်ဂွိုင်းယားဘက်ကနေ ကာကွယ်ခဲ့ပါတယ်။

ကြာသပတေးနေ့ညမှာ မန်ချက်စတာယူနိုက်တက်ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ဆီဗီလာနဲ့ ရင်ဆိင်ရာမှာ ခက်ခဲတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပထမပိုင်း ၈ မိနစ်အပြီးမှာပဲ နောက်ကနေ လိုက်ကစားခဲ့ရပြီး ဆိုးရွားတဲ့ စတင်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒေးဗစ် ဒဟေးယားရဲ့ ပင်နယ်တီဧရိယာအစွန်က မက်ဂွိင်းယားဆီကို အန္တရာယ်များတဲ့ ပေးပို့မှုကို ဆီဗီလာအသင်းက အခွင့်ကောင်းယူသွားခဲ့တာဖြစ်ပြီး လာမယ်လာက မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဆီကနေ ဘောလုံးကို လုယူပြီးနောက် အန်နက်ဆီရီက ဂိုးဘယ်ဖက်အောက်ထောင့်ကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဆီဗီလာအသင်းရဲ့ အဖွင့်ဂိုးမှာ အမှားကျူးလွန်ခဲ့တဲ့အတွက် ဟာရီ မက်ဂွိုင်းယားက အစဉ်အလာအပျက် ပရိသတ်တွေဆီကနေ ပြစ်တင်ကြိမ်းမောင်းမှုတွေ ခံခဲ့ရပေမယ့်လည်း ဂယ်ရီ နဗီးက မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဘက်ကနေ ကာကွယ်ခဲ့တာဖြစ်ပါတယ်။

“မက်ဂွိုင်းယားက ပြစ်တင်ကြိမ်းမောင်းမှုတွေကို ခံရမှာပါ။ ဒါပေမယ့် ဒဟေးယားဆီကနေ ပေးပို့မှုကိုတော့ ကျွန်တော် မနှစ်သက်ပါဘူး”လို့ တွစ်တာလူမှုကွန်ရက်ပေးမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အကယ်ဒမီကစားသမားဟောင်း ရော်ဘီ ဆားဗေ့ချ်ကလည်း ဟာရီ မက်ဂွိုင်းယားဘက်မှာ ရှိနေခဲ့တာဖြစ်ပြီး “ယူနိုက်တက်က ဒဟေးယားဆီကနေ ပေးပို့မှုနဲ့ နောက်တန်းကနေ ကစားဖို့ ကြိုးပမ်းခဲ့တယ်။ ဟာရီ မက်ဂွိင်းယားနားမှာ အဖြူရောင်ရှပ်နဲ့၃ ဦးရှိနေတာကို ကြည့်လိုက်ပါ။ သူက တြိဂံပုံဝိုင်းထားတဲ့ အလယ်ခေါင်မှာ ရှိနေတယ်။ သူ အဲဒီနေရာမှာ ဘောလုံးလက်ခံချင်မလားဆိုတာ ကျွန်တော် မသေချာပါဘူး။ အဲဒါက ကောင်းမွန်တဲ့ ဖိအားပေးမှုဖြစ်ပြီး ခင်ဗျားကို အဲဒါက အံ့အားသင့်ဖွယ် အဆုံးသတ်လို့ ကျွန်တော် ပြောချင်တယ်”

“မက်ဂွိုင်းယားက ပိုကောင်းအောင် လုပ်နိုင်တယ်။ ဒါပေမယ့် ဘာကြောင့် ဒဟေးယားက ဝမ် ဘစ်ဆာကာဆီကို ဘောလုံးမပေးခဲ့တာလဲ။ ဗဟိုခံစစ်က တြိဂံအလယ်မှာ ရှိနေခဲ့ပြီး ကစားသမား ၃ ဦးက သူ့ကို ပိတ်ချထားတယ်။ ဟုတ်ပါတယ်။ အဲဒါက မက်ဂွိုင်းယားရဲ့အမှားပါ။ ဒါပေမယ့် ဒဟေးယားက ဘောလုံးကို ဝမ် ဘစ်ဆာကာဆီပေးရမှာသေချာပါတယ်။ အရမ်းကို ဆိုးရွားပါတယ်။ ဟုတ်တာပေါ့။ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေနဲ့ နည်းပြကတော့ ဖာနန်ဒက်စ်ကို ကစားစေချင်မှာပါ။ သူ မကစားနိုင်ခဲ့ဘူး။ ခင်ဗျား အဲဒီအမှားကို ဖုံးထားလို့ မရနိုင်ပါဘူး။ အဲဒါက အရမ်းကို ဆိုးရွားပါတယ်။ မက်ဂွိုင်းယားက ပြစ်တင်ခံရပါလိမ့်မယ်။ ဒါပေမယ့် ဒေးဗစ် ဒဟေးယားက သူ့ကို အဖြူရောင်ရှပ်နဲ့ ၃ ဦးက ဖိအားပေးနေချိန်မှာ ဘောလုံးပေးခဲ့တာလဲ။ အန္တရာယ်မရှိတဲ့ တောင်ပံနေရာက ဝမ် ဘစ်ဆာကာကို ပေးသင့်တယ်မဟုတ်ဘူးလား။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.