Serie A

အခက်ခဲဆုံးပြိုင်ဘက်အဖြစ် တူညီတဲ့ကစားသမားကို ရွေးခဲ့တဲ့ ရိုနယ်လ်ဒိုနဲ့ ဒင်ညို

ဘရာဇီးလ် ဂန္တဝင်တွေဖြစ်တဲ့ ရိုနယ်လ်ဒို နာဇာရီယိုနဲ့ ရော်နယ်လ်ဒင်ညိုတို့ဟာ အီတလီဂန္တဝင်နောက်ခံကစားသမား မာလ်ဒီးနီကို ရင်ဆိုင်ခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အခက်ခဲဆုံးပြိုင်ဘက်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။

ကစားသမား ၂ ဦးဟာ စီးရီးအေမှာ အီတလီ နောက်ခံကစားသမားနဲ့ တစ်ချိန်တည်းမှာ ကစားခဲ့ကြတာဖြစ်ပြီး ရိုနယ်လ်ဒိုဟာ အေစီမီလန်အသင်းအတွက်ရော အင်တာမီလန်အသင်းအတွက်ပါ ကစားပေးခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ရော်နယ်လ်ဒင်ညိုကလည်း ဘာစီလိုနာအသင်းကို စွန့်ခွာခဲ့ပြီးနောက် အေစီမီလန်အသင်းကို ကိုယ်စားပြု ကစားပေးခဲ့တာဖြစ်ပြီး ကတ်တလန်အသင်းကြီးနဲ့အတူ ရှိနေခဲ့တဲ့အချိန်အတွင်း မာလ်ဒီးနီနဲ့ ရင်ဆိုင်ကစားခဲ့ဖူးတာ ဖြစ်ပါတယ်။

အေစီမီလန်မှာ မာလ်ဒီးနီနဲ့အတူ ကစားခဲ့ဖူးတဲ့ ရော်နယ်လ်ဒင်ညိုက ၎င်းရဲ့ အခက်ခဲဆုံး ပြိုင်ဘက်အကြောင်း FourFourTwo နဲ့ တွေ့ဆုံရာမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

“မာလ်ဒီးနီပဲ ဖြစ်မှာပါ။ အရမ်းကို အရည်အချင်းရှိလွန်းတယ်။ အထူးသဖြင့် ခင်ဗျား သူနဲ့ ကစားရတဲ့အခါမှာ သူ အရာအားလုံးကို အားစိုက်ထုတ်မှုမရှိသလိုမျိုး လုပ်သွားတဲ့ပုံစံကြောင့် အံ့အားမသင့်ဘဲ နေဖို့ မဖြစ်နိုင်ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ရိုနယ်လ်ဒိုက မာလ်ဒီးနီကို လေးစားမှု ပြသခဲ့ပေမယ့်လည်း အခြား အီတလီနောက်ခံလူတွေဖြစ်တဲ့ ဖေဘီယို ကန်နဗားရိုး၊ နက်စတာတို့လို ကစားသမားတွေကိုလည်း ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တေ့်ကစားသမားဘဝမှာ ရင်ဆိုင်ခဲ့ရဖူးတဲ့ အခက်ခဲဆုံးနောက်ခံလူလား။ ပါလ်အိုလို မာလ်ဒီးနီက အခက်ခဲဆုံးဖြစ်လိမ့်မယ်။ အခြား အီတလီနောက်ခံလူတွေထဲမှာဆိုရင် ကျွန်တော် ကန်နဗားရိုး၊ နက်စတာ၊ ပီယက်ထရို ဗီယာချော့ဝတ်တို့လို့ ပြောရပါလိမ့်မယ်။ သူတို့တွေအားလုံးက အရမ်းကို သန်မာကြပါတယ်”လို့ ပြေကြားသွားခဲ့တာဖြစ်ပါတယ်။

မာလ်ဒီးနီဟာ ကစားသမားဘဝတလျှောက်လုံး အေစီမီလန်အသင်းအတွက်သာ ကစားပေးခဲ့သူဖြစ်ပြီး တောက်ပတဲ့ ကစားသမားဘဝအတွင်း စီးရီးအေထိပ်သီးအသင်းကြီးအတွက် ၉၀၁ ပွဲ ပါဝင်ကစားပေးခဲ့သလို ၂၀၀၉ ခုနှစ်မှာ ကစားသမားဘဝကနေ အနားမယူခင် အီတလီလက်ရွေးစင်အသင်းအတွက်လည်း ၁၂၆ ပွဲ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.