Premier League

ဆာလီဘာနဲ့ပတ်သက်ပြီး စိုးရိမ်စရာသတင်းပေးခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက သောကြာနေ့ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ဆာလီဘာ ပါဝင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ဘယ်အချိန်ပြန်လာမလဲဆိုတာနဲ့ပတ်သက်ပြီး အတည်မပြုနိုင်ခဲ့တာကြောင့် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့လက စပို့တင်း လစ္စဘွန်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ နောက်ကျောဒဏ်ရာကြောင့် လူစားလဲခဲ့ရတာဖြစ်ပြီး ရလဒ်အနေနဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ရော့ဘ် ဟိုးဒင်းက အဲဒီပွဲစဉ်တွေမှာ ဆာလီဘာရဲ့နေရာမှာ ဝင်ကစားပေးခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းဟာ ပြင်သစ်နောက်ခံလူမပါဝင်နိုင်မှုကြောင့် ပေးဂိုးမရှိ ပွဲစဉ် ရရှိခဲ့ခြင်းမရှိဘဲ ၆ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဆာလီဘာဟာ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေခဲ့ပေမယ့်လည်း အာတီတာက ပြင်သစ်နောက်ခံလူ ပြန်လာဖို့က လိုသေးတယ်လို့ ပြောကြားခဲ့ပြီး မန်စီးတီးနဲ့ ကစားရမယ့် အရေးကြီးပွဲစဉ်ကိုပါလွဲချော်နိုင်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဘာမှ ကြီးကြီးမားမားသတင်းမရှိပါဘူး။ ပြီးခဲ့တဲ့အပတ်အတိုင်းပဲ ဘာမှအပြောင်းအလဲမရှိပါဘူး။ ဝီလီယံနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နည်းနည်းတော့ ပိုပြီး စောင့်ဆိုင်းရမှာပါ။ သူက ကျွန်တော်တို့ မျှော်လင့်ထားသလောက် မြန်မြန်တော့ မတိုးတက်လာပါဘူး။ အဲဒါက နည်းနည်း ထိရှလွယ်တယ်”

“သူက ကျွန်တော်တို့ တွန်းအားပေးလိုက်တဲ့အချိန်မှာ ဝန်ကို စုပ်ယူဖို့နဲ့ ကျွန်တော်တို့ စွန့်စားမှုပြုလုပ်မယ့်အရာအတွက် အဆင်သင့်ဖြစ်နေမလားဆိုတာကိုအရမ်းသေချာစေချင်ပါတယ်။ အဲဒါက အခုလောလောဆယ်မှာတော့ လုပ်ဖို့ မဖြစ်နိုင်သေးပါဘူး”

“သူ ဒီရာသီမှာ ထပ်မကစားနိုင်တော့မှာကို စိုးရိမ်ပူပင်နေလားဆိုရင် ကျွန်တော် မသိပါဘူး။ အဲဒါက နည်းနည်းတော့ စောပါသေးတယ်။ လာမယ့်အပတ်လောက်ဆိုရင်တော့ ကျွန်တော်တို့ နည်းနည်းပိုပြီး တိတိကျကျ သိရမှာပါ။ ဆင့်ကဲတိုးတက်မှုအချို့တော့ ရှိပါတယ်။ သူက လှုပ်ရှားမှုတွေ ပိုပြီး ပြုလုပ်နေပါတယ်။ ဒါပေမယ့် သူက ဒီလိဂ်မှာ ယှဉ်ပြိုင်ဖို့အတွက် တောင်းဆိုနေတဲ့ အဆင့်အတန်းအတိုင်းကစားဖို့ ကွင်းထဲကို စပြီးတော့ ထည့်လို့ရတဲ့ အနေအထားမှာမရှိသေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.