Bundesliga UCL&UEL

လူစားလဲချိန်မှာ စိတ်ကသိကအောင့်ဖြစ်စရာ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆာနေးနဲ့ မာနေး

လီရွိင်း ဆာနေးနဲ့ ဆာဒီယို မာနေးတို့ဟာ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အလွန်စိတ်ကသိကအောင့်ဖြစ်စရာ လူစားလဲမှုမှာ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။

ဆာနေးနဲ့ မာနေးတို့ဟာ ပထမအကျော့ အစ်တီဟတ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကွင်းအတွင်း အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အဝတ်လဲခန်းထဲမှာ ဆီနီဂေါကြယ်ပွင့်က ဂျာမန်တောင်ပံကစားသမားကို လက်သီးနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။

မာနေးဟာ အဲဒီလုပ်ရပ်ကြောင့် ဘွန်ဒက်စ်လီဂါကလပ်အသင်းကြီးရဲ့ စံချိန်တင် ဒဏ်ကြေး တပ်ရိုက်ခံခဲ့ရတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဟာ ဗုဒ္ဓဟူးနေ့ညက မန်စီးတီးနဲ့ပွဲမှာ ပထမအကျော့က ရှုံးနိမ့်မှုကို ပြောင်းပြန်လှန်နိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါချန်ပီယံတွေဟာ အဲလီးယန့်ဇ်ကွင်းမှာ ၁-၁ သရေကျခဲ့တာကြောင့် ၂ ကျော့ပေါင်း ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအတွက် ၅၇ မိနစ်မှာ အာလင်း ဟာလန်းက ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး နော်ဝေတိုက်စစ်မှူးသွင်းဂိုးအပြီး သိပ်မကြာခင်မှာပဲ တူဟယ်က ဆာနေးရဲ့နေရာမှာ မာနေးကို လူစားဝင်ကစားစေခဲ့တာဖြစ်ပါတယ်။

လီရွိုင်း ဆာနေးဟာ ကွင်းထဲကနေ ထွက်ခွာလာခဲ့ပြီးနောက် စိတ်ကသိကအောင့်ဖြစ်စရာ လူစားလဲလှယ်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လီဗာပူးလ်ကြယ်ပွင့်ဟောင်းက လက် ၂ ဖက်စလုံး ကမ်းပေးခဲ့ပေမယ့်လည်း ဂျာမန်တောင်ပံကစားသမားက လက်တစ်ဖက်သာ ပေးခဲ့သလို အသင်းဖော်နဲ့ ထိတွေ့ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဆာနေးနဲ့ မာနေးတို့ကြားက လူစားလဲလှယ်မှုဟာ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီး အချို့ပရိသတ်တွေက ပြဿနာက မပြီးသေးဘူးလို့ ထင်မြင်ခဲ့ကြတာ ဖြစ်ပါတယ်။

“မာနေး-ဆာနေး ဇာတ်လမ်းက ဆက်ဖြစ်နေတုန်းပဲ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးက “ဒီလူစားလဲလှယ်မှုက စိတ်ကသိကအောင့်ဖြစ်စရာကောင်းခဲ့တယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.