UCL&UEL

အူပါမီကာနိုကို ဂိုးသွင်းတာ ထိုင်ကြည့်ခိုင်းခဲ့တဲ့ ဟာလန်း

အာလင်း ဟာလန်းဟာ ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးဖို့အတွက် အူပါမီကာနိုကို အလဲလဲအပြိုပြိုဖြစ်အောင် လုပ်ခဲ့ပါတယ်။

မန်စီးတီးဟာ ပထမအကျော့ အစ်တီဟတ်မှာ ၃-၀ နဲ့ အနိုင်ရရှိထားခဲ့တဲ့ အားသာချက်နဲ့အတူ မြူးနစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညမှာ ဘိုင်ယန်မြူးနစ်က ပိုမို ကောင်းမွန်တဲ့အသင်းအဖြစ်နဲ့ စတင်နိုင်ခ့တာဖြစ်ပါတယ်။

မန်စီးတီးကြယ်ပွင့်ဟောင်း ဆာနေးက ၁၆ မိနစ်မှာ ဂျမဲလ် မူစီအားလားနဲ့ တွဲဖက်ပြီး ဦးဆောင်ဂိုးသွင်းယူနိုင်ဖို့ ကြီးမားတဲ့အခွင့်အရေးရရှိခဲ့ပေမယ့်လည်း ဂျာမန်တောင်ပံကစာသးမားရဲ့ကန်ချက်က ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ အဲဒီနောက်ပိုင်း ပွဲစဉ်အတွင်းမှာ ပြန်လည် အားကောင်းလာခဲ့ပြီး အူပါမီကာနိုက ဂန်ဒိုဝမ်ရဲ့ ကန်ချက်ကို ပိတ်ဆို့ရာမှာ လက်နဲ့ထိသွားခဲ့တာကြောင့် ပင်နယ်တီရခဲ့ပေမယ့်လည်း ဟာလန်းရဲ့ကန်ချက်က ဂိုးဘားတန်းပေါ် ထောင်တက်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဘိုင်ယန်မြူးနစ်က ဦးဆောင်ဂိုး ရရှိဖို့ ဆက်လက် ကြိုးပမ်းလာတာကြောင့် နောက်ထပ်တစ်ကြိမ် တောက်ပလာခဲ့ပေမယ့်လည်း ကီဗင် ဒီဘရိုင်းနားက တန်ပြန်တိုက်စစ်ကနေ ဟာလန်းအတွက် ပြီးပြည့်စုံတဲ့ ပေးပို့မှု ပြုလုပ်ခဲ့ပြီး နော်ဝေတိုက်စစ်မှူးက ဂိုးမကန်သွင်းခင်မှာ အူပါမီကာနိုကို ဖင်ထိုင်ရက်လဲကျပြီး ကျန်နေခဲ့စေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ နောက်ဆုံးမှာတော့ လိုချင်တဲ့ ဦးဆောင်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပြီး ၈၃ မိနစ်မှာ မာနေးရဲ့ဖြတ်တင်ပေးပို့မှုကို အကန်းဂျိ ကာကွယ်ရာမှာ လက်နဲ့ထိသွားခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အတွက် ပင်နယ်တီကနေတဆင့် ဂျိုရွှာ ကင်းမစ်ချ်က ချေပဂိုး ပြန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ မန်ချက်စတာစီးတီးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဟာလန်းရဲ့ သွင်းဂိုးကို လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြပြီး ပရိသတ်တစ်ဦးက “ဟာလန်းက ဂိုးမသွင်းခင်မှာ အူပါမီကာနိုရဲ့ ခြေကျင်းဝတ်ကို ချိုးခဲ့တယ်”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသ်တစ်ဦးကလည်း “အူပါမီကာနိုက ဟာလန်း သူ့ဆီ ပြေးလာတာမြင်တဲ့အချိန်မှာ ကြောက်ရွံ့နေခဲ့တယ်။ ခင်ဗျား ဘောလုံးမကစားဖူးရင် အဲဒါက ဘယ်လို ခံစားရလဲဆိုတာကို သိမှာမဟုတ်ပါဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.