Premier League

လီဗာပူးလ်ရဲ့အဓိကပြဿနာကို ဖြေရှင်းရာမှာ ကူညီပေးနိုင်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီရဲ့ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့နိုင်ခြေရှိမှုက လီဗာပူးလ်ကို ကတ်တလန်ထိပ်သီးအသင်းကြီးရဲ့ တန်ဖိုးအရှိဆုံးကစားသမားတွေထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

Sky Sports News ရဲ့ အင်္ဂါနေ့မှာ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ လီယွန်နယ် မက်ဆီကို ယခုနွေရာသီမှာ စာချုပ်ကမ်းလှမ်းမှု ပြုလုပ်ဖို့အတွက် ကြိုးပမ်းနေတာကြောင့် လာလီဂါကို ၎င်းတို့ရဲ့ FFP စည်းမျဉ်းတွေကို ပိုမို ပျော့ပျောင်းမှုရှိလာအောင် လုပ်ဆောင်ပေးဖို့ ပြောဆိုနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီအတွက် ၎င်းတို့ရဲ့ ငွေကြေးသုံးစွဲဖို့ ကန့်သတ်ချက်နဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ကတ်တလန်အသင်းကြီးဟာ ဥရောပဘောလုံးလောကမှာ နောက်ဆုံးနှစ်ဖြစ်ဖွယ်ရှိနေတဲ့ လီယွန်နယ် မက်ဆီကို နူးကမ့်ကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာရဲ့ အားထုတ်မှုဟာ မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြောဆိုဆွေးနွေးမှုတွေက တိုးတက်မှုကင်းမဲ့နေခြင်းကြောင့် အားတက်စရာဖြစ်လာခဲ့တာဖြစ်ပြီး ယခုလအစောပိုင်းသတင်းတွေမှာ မက်ဆီဟာ စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ခင်မှာ ပီအက်စ်ဂျီရဲ့အားကစားစီမံကိန်းကို နားလည်ချင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်ဖို့က ယခုရာသီမှာ ကစားသမား ၃ ဦးနဲ့ပတ်သက်ပြီး FFP ကန့်သတ်ချက်တွေကို ချိုးဖောက်မှုကြောင့် တရားစွဲဆိုခံထားရတဲ့ ဘာစီလိုနာအတွက် လွယ်ကူမှာမဟုတ်ဘဲ အာဂျင်တီးနားဂန္တဝင်ကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ကစားသမားတွေကို ထွက်ခွာခွင့်ပေးရမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက ဘာစီလိုနာရဲ့ အလျင်အမြန် ရောင်းချမှုကနေ အကျိုးအမြတ် ဖြစ်ထွန်းနိုင်ပြီး မတ်လတုန်းက The Times က မန်စီးတီးနဲ့ လီဗာပူးလ်တို့ ၂ သင်းစလုံးဟာ ဂါဗီရဲ့ ဘာစီလိုနာက စာချုပ်အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ CIES က ပေါင်သန်း ၁၃၀ တန်ကြေးသတ်မှတ်ထားတဲ့ စပိန်ကွင်းလယ်ကစားသမားကို လာမယ့်နွေရာသီမှာ အလွတ်နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေး ရရှိဖွယ်ရှိနေတာစြဖ်ပါတယ်။

အမှန်တကယ်တော့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ စက်တင်ဘာလကမှ ၂၀၂၆ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေစေမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အဲဒီစာချုပ်ကြောင့် ဂါဗီဟာ စီနီယာကစားသမားဖြစ်လာခဲ့သလို စာချုပ်လျော်ကြေးယူရို ၁ ဘီလီယံ သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာလီဂါက လိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် ဘာစီလိုနာအသင်းဟာ ဆယ်ကျော်သက် ကွင်းလယ်ကြယ်ပွင့်ကို ပထမအသင်းကစားသမားအဖြစ် စာရင်းသွင်းနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာကြောင့် စာချုပ်ပါအချက်က အလိုအလျောက် အသက်မဲ့သွားတော့မှာ ဖြစ်ပါတယ်။

ဂါဗီရဲ့ စီနီယာကစားသမားစာချုပ်ကိုသာ လာလီဂါက ဖျက်သိမ်းခဲ့မယ်ဆိုရင် လူငယ်အသင်းစာချုပ်နဲ့ လာမယ့်နွေရာသီမှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့် ရရှိတော့မှာဖြစ်ပြီး မက်ဆီသတင်းမထွက်လာခင်ကတည်းက ဘာစီလိုနာဟာ ဂါဗီကို လက်မလွှတ်ရဖို့ အဓိကကစားသမားအများအပြားကို ရောင်းထုတ်ဖို့ လိုအပ်နေပြီးသားဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘလွန်ဒေါ ၇ ဆုရှင်ပြန်လာမယ်ဆိုရင် အခြေအနေတွေက ပိုလို့တောင် ရှုပ်ထွေးလာဖို့များနေပြီဖြစ်ပြီး ဂါဗီကလည်း တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားတိုင်း ကတ်တလန်အသင်းကြီးကို စွန့်ခွာဖို့ ပိုများလာနေတာက လီဗာပူးလ်အတွက် အကျိုးအမြတ်ဖြစ်လာနိုင်ပါတယ်။

ကလော့ပ်ဟာ ဂါဗီရဲ့အမာခံပရိသတ်ဖြစ်တယ်လို့ ယူဆရပြီး စပိန်ရေဒီယိုဌာန El Nacional ရဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလက ဖော်ပြချက်အရ လီဗာပူးလ်နည်းပြဟာ စပိန်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့အတွက် စိတ်ဆန္ဒပြင်းပြလာနေတယ်လို့ သိရပါတယ်။

လီဗာပူးလ်ဟာ သက်ကြီးကွင်းလယ်ကစားသမားတွေ များပြားနေမှုကြောင့် ကွင်းလယ်ကို သွေးသစ်လောင်းဖို့ မဖြစ်မနေလိုအပ်နေတာဖြစ်ပြီး ဂါဗီရဲ့ အရည်အသွေးက ၎င်းတို့ကို လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.