Premier League

မက်ဆီ တနေတဲ့ကောင်တွေကို ဘောပဲလို့ လုပ်ပြသွားခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လီယွန်နယ် မက်ဆီရဲ့ နာမည်ကို ကြွေးကြော်ခဲ့တဲ့ အယ်လ်ဟီလာလ်ပရိသတ်တွေကို ညစ်ညမ်းတဲ့ အပြုအမူ ပြုလုပ်ပြသွားခဲ့ပုံပေါ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အင်္ဂါနေ့ညနေက အယ်လ်နာဆာအသင်းက အယ်လ်ဟီလာလ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မေ့ပစ်ချင်စရာ ညနေခင်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ရီယက်ဒ်အခြေစိုက်အသင်းဟာ ဆော်ဒီ ပရိုလိဂ်အမှတ်ပေးဇယားက အယ်လ်-အစ်တီဟတ်ထက် ၁ ပွဲပို ၃ မှတ်ကွာဟနေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပွဲအပြီးမှာ ကွင်းထဲကနေ ထွက်ခွာချိန်မှာ ကြီးမားတဲ့ လှောင်ပြောင်သံတွေနဲ့ အယ်လ်ဟီလာလ် ပရိသတ်တွေဆီကနေ မက်ဆီ၊ မက်ဆီဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်တိုက်စစ်မှူးဟာ ကြွေးကြော်သံတွေကို လစ်လျူရှုရမယ့်အစား ၎င်းရဲ့ ငယ်ပါကို ကိုင်ပြပြီး ဥမင်လျှောက်လမ်းထဲကို ဆင်းသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ် ဟီလာလ်အသင်းနဲ့ပွဲစဉ်အတွင်း ဂိုးသွင်းယူနိုင်ခဲ့ပမေယ့်လည်း ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ အယ်လ်ဟီလာလ် ပရိသတ်တွေကို ပြုလုပ်ပြခဲ့တဲ့ အမူအရာကြောင့် စည်းကမ်းပိုင်းအရ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.