UCL&UEL

ကြောက်မက်ဖွယ် ပြေးလွှားမှုနဲ့ နာပိုလီ ခံစစ်ကို ဖျက်ဆီးခဲ့တဲ့ ရာဖေးလ် လီအို

ရာဖေးလ် လီအိုဟာ အေစီမီလန်အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်စေမယ့် သွင်းဂိုးကို ဖန်တီးပေးဖို့ အံ့မခန်း ပြေးလွှားမှုပြုလုပ်ပြီး နာပိုလီ ခံစစ်ကို ထိုးဖောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်မဲခွဲမှုပြုလုပ်ခဲ့ချိန်မှာ နာပိုလီအသင်းဟာ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်း ဖြစ်ခဲ့တာဖြစ်ပြီး စီးရီးအေအမှတ်ပေးဇယားဦးဆောင်သူတွေဟာ ကွာတားဖိုင်နယ်မှာ အေစီမီလန်နဲ့ ကျရောက်ခဲ့တာဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ စီးရီးအေအမှတ်ပေးဇယားမှာ နာပိုလီရဲ့အောက်မှာ ရပ်တည်နေတာကြောင့် နေပယ်သားတွေဟာ ဆီမီးဖိုင်နယ်မှာ အင်တာမီလန် သို့မဟုတ် ဘင်ဖီကာနဲ့ ရင်ဆိုင်ရမယ့် အခွင့်အရေး ရှိနေတာဖြစ်ပါတယ်။

စပယ်လက်တီရဲ့အသင်းဟာ အေစီမီလန်အသင်းကို အနိုင်ယူပြီးနောက် အစ္စတန်ဘူလ်က ဗိုလ်လုပွဲကို ရိုးရိုးရှင်းရှင်းပဲ တက်ရောက်သွားပြီး မဲခွဲမှုရဲ့ ဆန့်ကျင်ဘက်အခြမ်းက ဘယ်အသင်းတက်မလဲဆိုတာကို ကြည့်ရမယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီး စတီဖာနို ပီအိုလီရဲ့အသင်းဟာ ယခုလအစောပိုင်းမှာ စီးရီးအေအမှတ်ပေးဇယားဦးဆောင်သူတွေ ၄-၀ နဲ့ အံ့အားသင့်ဖွယ် ချေမှုန်းခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက် ၁၀ ရက်အကြာမှာပဲ နာပိုလီနဲ့ အေစီမီလန်တို့ဟာ ချန်ပီယံလိဂ်မှာ တွေ့ဆုံခဲ့ပြီး ဗစ်တာ အိုဆီမန်မပါဝင်တဲ့ နာပိုလီဟာ ပထမအကျော့မှာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ဘင်နေဆာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အေစီမီလန်က အနိုင်ရရှိသွားခဲ့ပြီး ဒုတိယအကျော့မှာ အိုဆီမန််က ဂျီရူးရဲ့ဦးဆောင်ဂိုးကို ချေပခဲ့ပေမယ့်လည်း ၂ ကျော့ပေါင်း ၂-၁ နဲ့ ပီအိုလီရဲ့အသင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယအကျော့မှာ အိုဆီမန် ပြန်လည်ပါဝင်လာမှာဖြစ်တာကြောင့် ဒုတိယအကျော့မှာ နာပိုလီအသင်း ပြန်လာနိုင်လိမ့်မယ်လို့ မျှော်မှန်းခဲ့ပေမယ့်လည်း နေပယ်မှာ ဧည့်သည်တွေက ပထမပိုင်းမှာ အိုလီဗီယေး ဂျီရူးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ရာဖေးလ် လီအိုဟာ အေစီမီလန်အသင်းရဲ့ ကွင်းဘက်ခြမ်းကနေ မယုံနိုင်လောက်အောင် တကိုယ်တော် ပြေးလွှားမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အသင်းဖော် ဂျီရူး ဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးပို့ခဲ့တာဖြစ်ပါတယ်။

ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟောင်း ရှဝိန်းစတိုင်ဂါက ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးအတွက် ချီးကျူးမှုတွေ အပြည့်အဝ ပြုလုပ်ခဲ့ပြီး “ရာဖေးလ် လီအိုရဲ့ ဂျီရူးအတွက် ဂိုးဖန်တီးမှုက အချိန်အတော်ကြာအတွင်းမှာ ကျွန်တော် မြင်ဖူးခဲ့သမျှထဲက အကောင်းဆုံးတွေထဲက တစ်ခုပါ။ တကယ်လို့ လီအိုသာ သူ့ရဲ့ အရည်အသွေးတွေကို မကြာခဏဆိုသလို သက်သေပြသနိုင်မယ်ဆိုရင် သူက ကမ္ဘာပေါ်က ထိပ်တန်း ၃ ဦးထဲက တစ်ဦးဖြစ်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ပရိသတ်တစ်ဦးက “ရာဖေးလ် လီအိုက အရမ်း ထူးခြားပါတယ်။ အရမ်းထူးခြားတယ်။ သူက ခဗာရက်စခီလီယာကို ဒီအဆင့်မှာ တကယ့်အဆင့်ကို ပြသခဲ့တာပါ။”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဂျီရူးကို ဖန်တီးပေးဖို့ တစ်ချိန်လုံးပြေးလွှားခဲ့တယ်။ ထိပ်တန်းမြန်နှုန်း၊ စွမ်းရည်နဲ့ ခွန်အားပေါင်းစပ်မှုပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.