Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၅.၁၀.၂၀၂၀

– ယူႏိုက္တက္အသင္းနဲ႔အတူ စပါးစ္နဲ႔ပြဲမွာ ကာဗာနီကို ပြဲထုတ္ႏုိင္ဖို႔ ကစားသမားဘက္ကေရာ ကလပ္အသင္းဘက္ကပါ ဆႏၵရွိခဲ့ေပမယ့္ တရားဝင္လုပ္ေဆာင္စရာ စာရြက္စာတမ္းနဲ႔ လုပ္ထုံးလုပ္နည္းအဆင့္ဆင့္ေၾကာင့္ အဆင္မေျပခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ခံစစ္ပုိင္းမွာ ဖ႐ိုဖရဲပုံစံေတြကို ျပသေနေပမယ့္ ခရစၥ စေမာလင္းကိုေတာ့ ဒီျပႆနာကို အေျဖရွာဖို႔ အထဲမွာ ထည့္သြင္းတြက္ခ်က္သြားမွာ မဟုတ္ဘဲ ႐ိုးမားကို ေရာင္းခ်ႏုိင္ဖို႔ နီးစပ္ေန။

– ယူႏုိက္တက္အသင္းကို ဥ႐ုေဂြးတုိက္စစ္မွဴး အက္ဒင္ဆန္ ကာဗာနီ ေရာက္ရွိဖို႔ တစ္ရာ ရာခိုင္ႏွဳန္း ေသခ်ာေနၿပီျဖစ္ၿပီး သူ႕ရဲ႕ လစာေငြနဲ႔ ေအးဂ်င့္ခေတြကိုလည္း သေဘာတူညီခဲ့သလို ဒီေန႔မွာ ေၾကျငာႏိုင္ဖို႔ရွိ။

– လုခ္ ေရွာရဲ႕ စပါးစ္နဲ႔ပြဲမွာ ဆုိးဆုိးရြားရြားျဖစ္ေနခဲ့တဲ့ ဘယ္ေနာက္ခံေနရာကို အစားထိုးမယ့္ ကစားသမား အဲလက္စ္ တဲလက္စ္အေနနဲ႔ မန္ခ်က္စတာၿမဳိ႕ကို ေရာက္ရွိေနခဲ့ၿပီး အခ်ိန္မီ ေၾကျငာဖို႔ အၿပီးသတ္လုပ္ငန္းစဥ္ေတြ ေဆာင္ရြက္ေန။

– မာစီယယ္လ္ ထုတ္ပယ္ခံခဲ့ရတဲ့ အေပၚ ေဝဖန္ေနၾကတဲ့ မန္ခ်က္စတာယူႏုိက္တက္ ပရိသတ္ေတြကို စပါးစ္နည္းျပ ဂ်ဳိေဆး ေမာ္ရင္ညဳိက ေလွာင္ေျပာင္လုိက္ၿပီး သူတို႔အသင္းဟာ VAR နဲ႔ ပတ္သက္လို႔ ဝမ္းနည္းစရာမရွိတဲ့ တစ္ခုတည္းေသာ အသင္းလို႔ ဆုိသြားခဲ့။

– ဂေလဇာေတြနဲ႔ ဝုဒ္ဝဒ္တို႔ဟာ အသင္းကို က်ရွဳံးေအာင္လုပ္ေနတာျဖစ္ၿပီး ပရိသတ္ေတြက တြစ္တာမွာ ဝိုင္းဝန္းျပစ္တင္ေနၾကၿပီး ေဈးႀကီးေပးေခၚခဲ့ၿပီး အလုပ္မျဖစ္တဲ့ ေနာက္ခံလူေတြအတြက္ပါ သူ႕မွာ တာဝန္ရွိတယ္လို႔ ဆိုေနၾက။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဖ႐ိုဖရဲနဲ႔ က်ဆုံးခဲ့ရတဲ့ ရွဳံးပြဲအတြက္ လူေတာ္ေတာ္မ်ားမ်ားဟာ ျဖတ္႐ိုက္ခံရသင့္ေၾကာင္း အသင္းရဲ႕ ေနာက္ခံလူေဟာင္း ပယ္ထရိစ္ အီဗရာက ဆုိလုိက္ၿပီး ဒီထက္ ျပင္းျပင္းထန္ထန္နဲ႔ ထိန္းခ်ဳပ္မေနဘဲ ေျပာခ်င္လို႔ သူ႕ရဲ႕ စကိုင္းစပုိ႔စ္နဲ႔ စာခ်ဳပ္ကိုေတာင္ ဖ်က္သိမ္းဖို႔ စဥ္းစားေနေၾကာင္းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ယူနိုက်တက်အသင်းနဲ့အတူ စပါးစ်နဲ့ပွဲမှာ ကာဗာနီကို ပွဲထုတ်နိုင်ဖို့ ကစားသမားဘက်ကရော ကလပ်အသင်းဘက်ကပါ ဆန္ဒရှိခဲ့ပေမယ့် တရားဝင်လုပ်ဆောင်စရာ စာရွက်စာတမ်းနဲ့ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကြောင့် အဆင်မပြေခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းမှာ ဖရိုဖရဲပုံစံတွေကို ပြသနေပေမယ့် ခရစ္စ စမောလင်းကိုတော့ ဒီပြဿနာကို အဖြေရှာဖို့ အထဲမှာ ထည့်သွင်းတွက်ချက်သွားမှာ မဟုတ်ဘဲ ရိုးမားကို ရောင်းချနိုင်ဖို့ နီးစပ်နေ။

– ယူနိုက်တက်အသင်းကို ဥရုဂွေးတိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီ ရောက်ရှိဖို့ တစ်ရာ ရာခိုင်နှုန်း သေချာနေပြီဖြစ်ပြီး သူ့ရဲ့ လစာငွေနဲ့ အေးဂျင့်ခတွေကိုလည်း သဘောတူညီခဲ့သလို ဒီနေ့မှာ ကြေငြာနိုင်ဖို့ရှိ။

– လုခ် ရှောရဲ့ စပါးစ်နဲ့ပွဲမှာ ဆိုးဆိုးရွားရွားဖြစ်နေခဲ့တဲ့ ဘယ်နောက်ခံနေရာကို အစားထိုးမယ့် ကစားသမား အဲလက်စ် တဲလက်စ်အနေနဲ့ မန်ချက်စတာမြို့ကို ရောက်ရှိနေခဲ့ပြီး အချိန်မီ ကြေငြာဖို့ အပြီးသတ်လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေ။

– မာစီယယ်လ် ထုတ်ပယ်ခံခဲ့ရတဲ့ အပေါ် ဝေဖန်နေကြတဲ့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကို စပါးစ်နည်းပြ ဂျိုဆေး မော်ရင်ညိုက လှောင်ပြောင်လိုက်ပြီး သူတို့အသင်းဟာ VAR နဲ့ ပတ်သက်လို့ ဝမ်းနည်းစရာမရှိတဲ့ တစ်ခုတည်းသော အသင်းလို့ ဆိုသွားခဲ့။

– ဂလေဇာတွေနဲ့ ဝုဒ်ဝဒ်တို့ဟာ အသင်းကို ကျရှုံးအောင်လုပ်နေတာဖြစ်ပြီး ပရိသတ်တွေက တွစ်တာမှာ ဝိုင်းဝန်းပြစ်တင်နေကြပြီး ဈေးကြီးပေးခေါ်ခဲ့ပြီး အလုပ်မဖြစ်တဲ့ နောက်ခံလူတွေအတွက်ပါ သူ့မှာ တာဝန်ရှိတယ်လို့ ဆိုနေကြ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဖရိုဖရဲနဲ့ ကျဆုံးခဲ့ရတဲ့ ရှုံးပွဲအတွက် လူတော်တော်များများဟာ ဖြတ်ရိုက်ခံရသင့်ကြောင်း အသင်းရဲ့ နောက်ခံလူဟောင်း ပယ်ထရိစ် အီဗရာက ဆိုလိုက်ပြီး ဒီထက် ပြင်းပြင်းထန်ထန်နဲ့ ထိန်းချုပ်မနေဘဲ ပြောချင်လို့ သူ့ရဲ့ စကိုင်းစပို့စ်နဲ့ စာချုပ်ကိုတောင် ဖျက်သိမ်းဖို့ စဉ်းစားနေကြောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.