Premier League Transfer News

ေနာက္ဆုံးရ Deadline Day ညေနခင္းသတင္းမ်ား

– အာဆင္နယ္အသင္းအေနနဲ႔ ေတာ္ရဲရားအတြက္ အက္သလက္တီကိုဆီ အငွားအၿပီးသတ္ဖို႔ ရွိေနၿပီး ေသာမတ္စ္ ပါေတးကို ေနာက္ဆုံး အႀကိမ္ ထပ္မံကမ္းလွမ္းလိုက္ၿပီလုိ႔ Goal.com ေဖာ္ျပ။

– အဲဗာတန္အသင္းမွာ ေနရာမရေတာ့တဲ့ အဂၤလန္တုိက္စစ္မွဴး သီယို ဝဲလ္ေကာ့အေနနဲ႔ သူ႕ရဲ႕ လူငယ္ဘဝအသင္းေဟာင္း ေဆာက္သမ္တန္အသင္းဆီ ျပန္လည္ေျပာင္းေရႊ႕ဖို႔ နီးစပ္ေန။

– ကာဗာနီနဲ႔ အဲလက္စ္ တဲလက္စ္တို႔ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ကာရင္တန္ ေလ့က်င့္ေရးကြင္းကို ေရာက္ရွိေနၾကၿပီျဖစ္ၿပီး ေဆးစစ္မွဳေတြ လုပ္ေဆာင္ေနၾကသလို ၿဗိတိန္စံေတာ္ခ်ိန္ ညေနပုိင္းမွာ တရားဝင္ေၾကျငာႏုိင္ဖြယ္ရွိ။

– ေနာ့ဝစ္ခ်္စီးတီးေနာက္ခံလူ ဘန္ ေဂါ့ဖရီကို အဲဗာတန္အသင္း တရားဝင္ေၾကျငာႏုိင္ခဲ့ၿပီျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္း+ ခံစားခြင့္ ၅ သန္းနဲ႔ ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဆိုသြားခဲ့။

– လိဒ္စ္ယူႏုိက္တက္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေတာင္ပံကစားသမား ရွာပုံေတာ္အတြက္ ေျပလည္သြားခဲ့ၿပီျဖစ္ၿပီး ျပင္သစ္ကလပ္ ရင္းေနးရဲ႕ ဘရာဇီးလ္သား ရာဖင္ညာကို ေခၚယူဖို႔ သေဘာတူညီမွဳရရွိ။

– ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းမွာ ေနရာမရရွိခဲ့တဲ့ ဘယ္ေနာက္ခံလူနဲ႔ ေတာင္ပံေတြမွာ ကစားႏုိင္တဲ့ လူငယ္ကစားသမား ႐ိုင္ယန္ ဆီဆက္ညြန္ကို ေဟာ့ဖန္ဟိုင္းမ္အသင္းက တစ္ရာသီအငွားနဲ႔ ေခၚယူ။

– အသင္းတာဝန္ရွိသူေတြနဲ႔ အဆင္မေျပေတာ့တဲ့ အာဆင္နယ္ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ေခၚယူဖို႔ ဟာသာဘာလင္အသင္း ႀကဳိးစားေနၿပီး တစ္ရာသီအငွားကို အျမန္ဆုံး အၿပီးသတ္ႏုိင္ဖို႔ နီးစပ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းအနေနဲ့ တော်ရဲရားအတွက် အက်သလက်တီကိုဆီ အငှားအပြီးသတ်ဖို့ ရှိနေပြီး သောမတ်စ် ပါတေးကို နောက်ဆုံး အကြိမ် ထပ်မံကမ်းလှမ်းလိုက်ပြီလို့ Goal.com ဖော်ပြ။

– အဲဗာတန်အသင်းမှာ နေရာမရတော့တဲ့ အင်္ဂလန်တိုက်စစ်မှူး သီယို ဝဲလ်ကော့အနေနဲ့ သူ့ရဲ့ လူငယ်ဘဝအသင်းဟောင်း ဆောက်သမ်တန်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ နီးစပ်နေ။

– ကာဗာနီနဲ့ အဲလက်စ် တဲလက်စ်တို့ မန်ချက်စတာယူနိုက်တက်ရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်ရှိနေကြပြီဖြစ်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်နေကြသလို ဗြိတိန်စံတော်ချိန် ညနေပိုင်းမှာ တရားဝင်ကြေငြာနိုင်ဖွယ်ရှိ။

– နော့ဝစ်ချ်စီးတီးနောက်ခံလူ ဘန် ဂေါ့ဖရီကို အဲဗာတန်အသင်း တရားဝင်ကြေငြာနိုင်ခဲ့ပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း+ ခံစားခွင့် ၅ သန်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုသွားခဲ့။

– လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား ရှာပုံတော်အတွက် ပြေလည်သွားခဲ့ပြီဖြစ်ပြီး ပြင်သစ်ကလပ် ရင်းနေးရဲ့ ဘရာဇီးလ်သား ရာဖင်ညာကို ခေါ်ယူဖို့ သဘောတူညီမှုရရှိ။

– တော့တင်ဟမ် ဟော့စပါးစ်အသင်းမှာ နေရာမရရှိခဲ့တဲ့ ဘယ်နောက်ခံလူနဲ့ တောင်ပံတွေမှာ ကစားနိုင်တဲ့ လူငယ်ကစားသမား ရိုင်ယန် ဆီဆက်ညွန်ကို ဟော့ဖန်ဟိုင်းမ်အသင်းက တစ်ရာသီအငှားနဲ့ ခေါ်ယူ။

– အသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေတော့တဲ့ အာဆင်နယ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ခေါ်ယူဖို့ ဟာသာဘာလင်အသင်း ကြိုးစားနေပြီး တစ်ရာသီအငှားကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့ နီးစပ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.