Premier League Transfer News

အေျပာင္းေရႊ႕ေနာက္ဆုံးေန႔ Deadline Day နံနက္ခင္းသတင္းမ်ား

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ခံစစ္ပုိင္းမွာ ဖ႐ိုဖရဲပုံစံေတြကို ျပသေနေပမယ့္ ခရစၥ စေမာလင္းကိုေတာ့ ဒီျပႆနာကို အေျဖရွာဖို႔ အထဲမွာ ထည့္သြင္းတြက္ခ်က္သြားမွာ မဟုတ္ဘဲ ႐ိုးမားကို ေရာင္းခ်ႏုိင္ဖို႔ နီးစပ္ေန။

– စပါးစ္အသင္းက စိတ္ဝင္စားေနတယ္လို႔ ဆုိထားတဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါအတြက္ ခ်ဲလ္ဆီးအသင္းဆီကေန ေခၚယူဖို႔ ေအစီမီလန္ ႀကဳိးစားေနၿပီး ၿမဳိ႕ခံၿပဳိင္ဘက္ထက္ ႏုိင္ငံရပ္ျခားကို အငွားခ်သြားဖြယ္ရွိ။

– ျပင္သစ္ လီဂူးဝမ္းကလပ္ အြန္းေဂ်းအသင္းရဲ႕ ဘယ္ေနာက္ခံလူ အိတ္ႏူရီကို ဝုလ္ဗ္စ္အသင္းက တစ္ရာသီအငွားနဲ႔ ေခၚယူလုိက္ၿပီျဖစ္ၿပီး စာခ်ဳပ္ထဲမွာ ေျခစြမ္းကို သေဘာက်ရင္ အၿပီးသတ္ေခၚယူႏုိင္ခြင့္ကိုလည္း ထည့္သြင္းထား။

– အသင္းေဟာင္း ဂ်ဴဗင္တပ္စ္ကို အငွားနဲ႔ ျပန္ေတာ့မယ္လို႔ သတင္းထြက္ေနခဲ့တဲ့ အဲဗာတန္တုိက္စစ္မွဴး မြဳိက္စ္ ကီးန္ကို ျပင္သစ္လီဂူးဝမ္းအင္အားႀကီး ပီအက္စ္ဂ်ီအသင္းက တစ္ရာသီအငွားနဲ႔ ေခၚယူ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းကို ဥ႐ုေဂြးတုိက္စစ္မွဴး အက္ဒင္ဆန္ ကာဗာနီ ေရာက္ရွိဖို႔ တစ္ရာ ရာခိုင္ႏွဳန္း ေသခ်ာေနၿပီျဖစ္ၿပီး သူ႕ရဲ႕ လစာေငြနဲ႔ ေအးဂ်င့္ခေတြကိုလည္း သေဘာတူညီခဲ့သလို ဒီေန႔မွာ ေၾကျငာႏိုင္ဖို႔ရွိ။

– လုခ္ ေရွာရဲ႕ စပါးစ္နဲ႔ပြဲမွာ ဆုိးဆုိးရြားရြားျဖစ္ေနခဲ့တဲ့ ဘယ္ေနာက္ခံေနရာကို အစားထိုးမယ့္ ကစားသမား အဲလက္စ္ တဲလက္စ္အေနနဲ႔ မန္ခ်က္စတာၿမဳိ႕ကို ေရာက္ရွိေနခဲ့ၿပီး အခ်ိန္မီ ေၾကျငာဖို႔ အၿပီးသတ္လုပ္ငန္းစဥ္ေတြ ေဆာင္ရြက္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ထားလုိ႔မေကာင္း၊ ေရာင္းလုိ႔မထြက္တဲ့ လူငယ္ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ဂ်ာမန္ကလပ္ ဟာသာဘာလင္အသင္းဆီ တစ္ရာသီအငွားခ်သြားဖို႔ ရွိေနၿပီး အငွားေျပာင္းေရႊ႕ေၾကးကိုေတာ့ တစ္ျပားမွ မရရွိႏုိင္ဘူးလို႔ သိရ။

– လီဂူးဝမ္းကလပ္ စေတဒီ ဘရီတြာ(ဘရက္စ္)အသင္းရဲ႕ ေနာက္ခံလူ အီဘရာဟီမာ ဂ်ယ္လိုကို ေဆာက္သမ္တန္အသင္းက ယူ႐ို ၁၅ သန္းနဲ႔ ေခၚယူလုိက္ၿပီျဖစ္ၿပီး ေလးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိသြားခဲ့။

– အာဆင္နယ္အသင္းမန္ေနဂ်ာ မီခယ္လ္ အာတီတာက လီယြန္ကြင္းလယ္လူ ေအာဝါကို မေခၚယူႏုိင္ခဲ့ေပမယ့္ သူတုိ႔အေနနဲ႔ Deadline Day မွာ အေျပာင္းအေရႊ႕ေတြကို လုပ္ေဆာင္သြားႏုိင္ဖို႔ ယုံၾကည္မွဳ ရွိေနေၾကာင္း ေျပာၾကား။

– မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ေနရာမရတဲ့ ေပၚတူဂီေနာက္ခံလူ ဒီယိုဂို ဒါေလာ့ကို ေအစီမီလန္အသင္းက တစ္ရာသီအငွားနဲ႔ ေခၚယူလုိက္ၿပီျဖစ္ၿပီး ဆန္စီ႐ိုမွာ ေက်ာနံပါတ္ ၅ ကို ဝတ္ဆင္သြားဖို႔ရွိေန။

– နာပိုလီအသင္းနည္းျပ ဂတ္တူဆိုအေနနဲ႔ ေအစီမီလန္မွာ လက္တြဲခဲ့ဖူးတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမား တီမူး ဘာကာယိုကို,ကို တစ္ရာသီအငွားနဲ႔ ေခၚယူသြားမွာျဖစ္ၿပီး ဆန္ေပၚလိုမွာ ဒီေန႔ ေဆးစစ္မည္။

– ေနာ့ဝစ္ခ်္အသင္းရဲ႕ ေျခစြမ္းရွိ လူငယ္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဘန္ ေဂါ့ဖရီအတြက္ အဲဗာတန္အသင္းရဲ႕ ေဆးစစ္မွဳ ေအာင္ျမင္ခဲ့ၿပီျဖစ္ၿပီး ေပါင္ ၂၅ သန္း ေပးေခ်ရမယ့္ အေျပာင္းအေရႊ႕ကို ဒီေန႔ေၾကျငာဖို႔ ရွိေန။

– ေတာ့တင္ဟမ္စပါးစ္အသင္းနည္းျပ ဂ်ဳိေဆး ေမာ္ရင္ညဳိရဲ႕ ပထမလူစာရင္းမွာ ပါဝင္ျခင္းမရွိတဲ့ အာဂ်င္တီးနားေနာက္ခံလူ ဟြမ္ ဖြဳိက္သ္ကို လာလီဂါကလပ္ ဗီလာရီးရဲလ္အသင္းဆီ တစ္ရာသီအငွားခ်ထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းမှာ ဖရိုဖရဲပုံစံတွေကို ပြသနေပေမယ့် ခရစ္စ စမောလင်းကိုတော့ ဒီပြဿနာကို အဖြေရှာဖို့ အထဲမှာ ထည့်သွင်းတွက်ချက်သွားမှာ မဟုတ်ဘဲ ရိုးမားကို ရောင်းချနိုင်ဖို့ နီးစပ်နေ။

– စပါးစ်အသင်းက စိတ်ဝင်စားနေတယ်လို့ ဆိုထားတဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါအတွက် ချဲလ်ဆီးအသင်းဆီကနေ ခေါ်ယူဖို့ အေစီမီလန် ကြိုးစားနေပြီး မြို့ခံပြိုင်ဘက်ထက် နိုင်ငံရပ်ခြားကို အငှားချသွားဖွယ်ရှိ။

– ပြင်သစ် လီဂူးဝမ်းကလပ် အွန်းဂျေးအသင်းရဲ့ ဘယ်နောက်ခံလူ အိတ်နူရီကို ဝုလ်ဗ်စ်အသင်းက တစ်ရာသီအငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး စာချုပ်ထဲမှာ ခြေစွမ်းကို သဘောကျရင် အပြီးသတ်ခေါ်ယူနိုင်ခွင့်ကိုလည်း ထည့်သွင်းထား။

– အသင်းဟောင်း ဂျူဗင်တပ်စ်ကို အငှားနဲ့ ပြန်တော့မယ်လို့ သတင်းထွက်နေခဲ့တဲ့ အဲဗာတန်တိုက်စစ်မှူး မွိုက်စ် ကီးန်ကို ပြင်သစ်လီဂူးဝမ်းအင်အားကြီး ပီအက်စ်ဂျီအသင်းက တစ်ရာသီအငှားနဲ့ ခေါ်ယူ။

– မန်ချက်စတာယူနိုက်တက်အသင်းကို ဥရုဂွေးတိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီ ရောက်ရှိဖို့ တစ်ရာ ရာခိုင်နှုန်း သေချာနေပြီဖြစ်ပြီး သူ့ရဲ့ လစာငွေနဲ့ အေးဂျင့်ခတွေကိုလည်း သဘောတူညီခဲ့သလို ဒီနေ့မှာ ကြေငြာနိုင်ဖို့ရှိ။

– လုခ် ရှောရဲ့ စပါးစ်နဲ့ပွဲမှာ ဆိုးဆိုးရွားရွားဖြစ်နေခဲ့တဲ့ ဘယ်နောက်ခံနေရာကို အစားထိုးမယ့် ကစားသမား အဲလက်စ် တဲလက်စ်အနေနဲ့ မန်ချက်စတာမြို့ကို ရောက်ရှိနေခဲ့ပြီး အချိန်မီ ကြေငြာဖို့ အပြီးသတ်လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ထားလို့မကောင်း၊ ရောင်းလို့မထွက်တဲ့ လူငယ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ဂျာမန်ကလပ် ဟာသာဘာလင်အသင်းဆီ တစ်ရာသီအငှားချသွားဖို့ ရှိနေပြီး အငှားပြောင်းရွှေ့ကြေးကိုတော့ တစ်ပြားမှ မရရှိနိုင်ဘူးလို့ သိရ။

– လီဂူးဝမ်းကလပ် စတေဒီ ဘရီတွာ(ဘရက်စ်)အသင်းရဲ့ နောက်ခံလူ အီဘရာဟီမာ ဂျယ်လိုကို ဆောက်သမ်တန်အသင်းက ယူရို ၁၅ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး လေးနှစ်စာချုပ် ချုပ်ဆိုသွားခဲ့။

– အာဆင်နယ်အသင်းမန်နေဂျာ မီခယ်လ် အာတီတာက လီယွန်ကွင်းလယ်လူ အောဝါကို မခေါ်ယူနိုင်ခဲ့ပေမယ့် သူတို့အနေနဲ့ Deadline Day မှာ အပြောင်းအရွှေ့တွေကို လုပ်ဆောင်သွားနိုင်ဖို့ ယုံကြည်မှု ရှိနေကြောင်း ပြောကြား။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ နေရာမရတဲ့ ပေါ်တူဂီနောက်ခံလူ ဒီယိုဂို ဒါလော့ကို အေစီမီလန်အသင်းက တစ်ရာသီအငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး ဆန်စီရိုမှာ ကျောနံပါတ် ၅ ကို ဝတ်ဆင်သွားဖို့ရှိနေ။

– နာပိုလီအသင်းနည်းပြ ဂတ်တူဆိုအနေနဲ့ အေစီမီလန်မှာ လက်တွဲခဲ့ဖူးတဲ့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား တီမူး ဘာကာယိုကို,ကို တစ်ရာသီအငှားနဲ့ ခေါ်ယူသွားမှာဖြစ်ပြီး ဆန်ပေါ်လိုမှာ ဒီနေ့ ဆေးစစ်မည်။

– နော့ဝစ်ချ်အသင်းရဲ့ ခြေစွမ်းရှိ လူငယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဘန် ဂေါ့ဖရီအတွက် အဲဗာတန်အသင်းရဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်ပြီး ပေါင် ၂၅ သန်း ပေးချေရမယ့် အပြောင်းအရွှေ့ကို ဒီနေ့ကြေငြာဖို့ ရှိနေ။

– တော့တင်ဟမ်စပါးစ်အသင်းနည်းပြ ဂျိုဆေး မော်ရင်ညိုရဲ့ ပထမလူစာရင်းမှာ ပါဝင်ခြင်းမရှိတဲ့ အာဂျင်တီးနားနောက်ခံလူ ဟွမ် ဖွိုက်သ်ကို လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းဆီ တစ်ရာသီအငှားချထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.