Premier League

အာဆင်နယ်ဖန်တွေ ကြွေသွားအောင် စပါးစ်ကို လှောင်ပြောင်ခဲ့တဲ့ ဘုန်းမောက်

အာဆင်နယ်ပရိသတ်တွေဟာ ဘုန်းမောက်အသင်းက တွစ်တာလူမှုကွန်ရက်ပေါ်မှာ မြောက်လန်ဒန်က အနီရောင်လို့ လှောင်ပြောင်ခဲ့ပြီးနောက် အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဘုန်းမောက်အသင်းဟာ စနေနေ့ညက တော့တင်ဟမ်ဟော့စပါးအသင်းအိမ်ကွင်းမှာ ၃-၂ နဲ့ စိတ်လှုပ်ရှားဖွယ် နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ၉၅ မိနစ်မှာ နောက်ကျ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးဖို့ ရည်မှန်းထားတာကြောင့် ဘုန်းမောက်အသင်းကို သက်တောင့်သက်သာနဲ့ ကျော်ဖြတ်သွားနိုင်မယ်လို့ မျှော်မှန်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ၁၄ မိနစ်မှာ ဆွန်ဟောင်မင်ရဲ့ ဦးဆောင်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဘုန်းမောက်အသင်းက မာမာထန်ထန်ပဲ ပြန်လည်တုံ့ပြန်ခဲ့ပြီး ဗီနာ၊ ဆိုလန်ကီတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ ပြန်လည်ဦးဆောင်နိင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူစားဝင်လာတဲ့ ဒန်ဂျူးမားက တော့တင်ဟမ်ဟော့စပါးအတွက် ချေပဂိုးကို ၈၈ မိနစ်မှာ သွင်းယူပေးသွားခဲ့တာကြောင့် ၂-၂ နဲ့ ပွဲပြီးဆုံးတော့မယ်လို့ ထင်မှတ်ခဲ့ပေမယ့်လည်း ၉၅ မိနစ်မှာ ဒန်ဂို အူအာတာရာက ဘုန်းမောက်အတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဘုန်းမောက်အသင်း တွစ်တာစာမျက်နှာက ၎င်းတို့ရဲ့ အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုအတွက် အောင်ပွဲခံခဲ့ပြီး “မြောက်လန်ဒန်က အနီရောင်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီရေးသားချက်ဟာ မြောက်လန်ဒန် ၂ သင်းဖြစ်တဲ့ စပါးစ်နဲ့ အာဆင်နယ်တို့ကြားက ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ရည်ညွှန်းတာဖြစ်ပြီး မြောက်လန်ဒန်ဒါဘီဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ပွဲစဉ်တွေထဲက တစ်ပွဲအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေက ဘုန်းမောက်အသင်းတွစ်တာပို့စ်ကို လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြတာဖြစ်ပြီး ပီးယာ့စ် မော်ဂန်က ရယ်မောနေတဲ့ အီမိုဂျီနဲ့ လက်ခုပ်တီးနေတဲ့ အီမိုဂျီကို မှတ်ချက်ပေးခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း အဲဒါကြောင့် မင်းတို့တွေ အနိုင်ရနေတာလို့ နောက်ပြောင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ပရိသတ္ေတြဟာ ဘုန္းေမာက္အသင္းက တြစ္တာလူမႈကြန္ရက္ေပၚမွာ ေျမာက္လန္ဒန္က အနီေရာင္လို႔ ေလွာင္ေျပာင္ခဲ့ၿပီးေနာက္ အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

ဘုန္းေမာက္အသင္းဟာ စေနေန႔ညက ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအိမ္ကြင္းမွာ ၃-၂ နဲ႔ စိတ္လႈပ္ရွားဖြယ္ ႏိုင္ပြဲရရွိခဲ့တာျဖစ္ၿပီး ၉၅ မိနစ္မွာ ေနာက္က် အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးဖို႔ ရည္မွန္းထားတာေၾကာင့္ ဘုန္းေမာက္အသင္းကို သက္ေတာင့္သက္သာနဲ႔ ေက်ာ္ျဖတ္သြားႏိုင္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ ၁၄ မိနစ္မွာ ဆြန္ေဟာင္မင္ရဲ႕ ဦးေဆာင္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ဘုန္းေမာက္အသင္းက မာမာထန္ထန္ပဲ ျပန္လည္တုံ႔ျပန္ခဲ့ၿပီး ဗီနာ၊ ဆိုလန္ကီတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂-၁ နဲ႔ ျပန္လည္ဦးေဆာင္နိင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လူစားဝင္လာတဲ့ ဒန္ဂ်ဴးမားက ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ ေခ်ပဂိုးကို ၈၈ မိနစ္မွာ သြင္းယူေပးသြားခဲ့တာေၾကာင့္ ၂-၂ နဲ႔ ပြဲၿပီးဆုံးေတာ့မယ္လို႔ ထင္မွတ္ခဲ့ေပမယ့္လည္း ၉၅ မိနစ္မွာ ဒန္ဂို အူအာတာရာက ဘုန္းေမာက္အတြက္ ေနာက္က် အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ဘုန္းေမာက္အသင္း တြစ္တာစာမ်က္ႏွာက ၎တို႔ရဲ႕ အံ့အားသင့္ဖြယ္ ျပန္လာႏိုင္မႈအတြက္ ေအာင္ပြဲခံခဲ့ၿပီး “ေျမာက္လန္ဒန္က အနီေရာင္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။ ဒီေရးသားခ်က္ဟာ ေျမာက္လန္ဒန္ ၂ သင္းျဖစ္တဲ့ စပါးစ္နဲ႔ အာဆင္နယ္တို႔ၾကားက ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈကို ရည္ၫႊန္းတာျဖစ္ၿပီး ေျမာက္လန္ဒန္ဒါဘီဟာ ကမာၻေပၚမွာ အျပင္းထန္ဆုံး ပြဲစဥ္ေတြထဲက တစ္ပြဲအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြက ဘုန္းေမာက္အသင္းတြစ္တာပို႔စ္ကို လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၾကတာျဖစ္ၿပီး ပီးယာ့စ္ ေမာ္ဂန္က ရယ္ေမာေနတဲ့ အီမိုဂ်ီနဲ႔ လက္ခုပ္တီးေနတဲ့ အီမိုဂ်ီကို မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း အဲဒါေၾကာင့္ မင္းတို႔ေတြ အႏိုင္ရေနတာလို႔ ေနာက္ေျပာင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.