Premier League

ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ပရိသတ်တွေရဲ့ ရန်တွေ့ခြင်းကို ခံခဲ့ရတဲ့ တော့ဒ် ဘိုလီ

တော့ဒ် ဘိုလီဟာ စနေနေ့ညနေက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဒေါသထွက်နေတဲ့ ချဲလ်ဆီးပရိသတ်တွေရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ခံခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းဟာ ရာသီကို အပြုသဘောဆောင်တဲ့ ပုံစံနဲ့ အဆုံးသတ်ဖို့ ကြိုးပမ်းမှုဟာ နောက်ထပ် စိတ်ပျက်စရာရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်း တစ်ပိုင်းလုံးနီးပါး လွှမ်းမိုးထားနိုင်ခဲ့တဲ့ ဘရိုက်တန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ကော်နာ ဂယ်လေဂါက ချဲလ်ဆီးအတွက် ပထမပိုင်းမှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ဘရိုက်တန်အသင်းက ဒန်နီ ဝဲလ်ဘက်ခ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ချေပသွားခဲ့တာ ဖြစ်ပြီး ပြီးတဲ့နောက်မှာ ရောဘတ်တို ဒီ ဇာဘီရဲ့အသင်းဟာ ဒုတိယပိုင်းမှာ အခွင့်အရေးအများအပြားကို လွဲချော်ခဲ့ပြီးနောက် ဂျူလီယို အန်စီဆိုအလွန်ကောင်းမွန်တဲ့ အဝေးကန်ချက်နဲ့ ဧည့်သည်တွေအတွက် အနိုင်ရလဒ်ကို ရယူပေးသွားခဲ့တာဖြစ်ပါတယ်။

တော့ဒ် ဘိုလီဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းရဲ့ ၁၂ ပွဲမြောက် ရှုံးပွဲကို စတမ်းဖို့ဒ် ဘရစ်ချ်က ဒါရိုက်တာခုံတန်းကနေ ကြည့်ရှုခဲ့ပြီး ပွဲပြီး ဝီစီမှုတ်ပြီးနောက် ပရိသတ်တွေဟာ အသင်းပိုင်ရှင်ကို ဒေါသတကြီး ပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ နောက်ဆုံးရှုံးပွဲအပြီး စကားပြောဆိုရာမှာ လမ်းပတ်က စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဘရိုက်တန်အသင်းက နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် အဆင့်တိုင်းမှာ စိတ်ပျက်ခဲ့ပါတယ်။ ပိုကောင်းတဲ့အသင်းက အနိုင်ရခဲ့တာပါ။ သူတို့တွေက ဒီထက်ပိုပြီးတောင် အနိုင်ရခဲ့နိုင်ပါတယ်။ သူတို့တွေက အသင်းအဖွဲ့လိုမျိုး ကစားခဲ့ကြတယ်။ သူတို့တွေက အတူတူရှိခဲ့တာ ကြာပါပြီ။ ကောင်းသင့်သလောက် မကောင်းခဲ့ဘူး။ ဘောလုံးရဲ့ အခြေခံအစိတ်အပိုင်းတွေဖြစ်တဲ့ တိုက်ပွဲဝင်ဖို့၊ ပြေးလွှားဖို့ အားလုံးမှာ ကျွန်တော်တို့ အားနည်းခဲ့တယ်။ ပေးဆပ်ကစားမှုကို မေးခွန်းထုတ်တာမဟုတ်ပါဘူး”

“ကျွန်တော်တို့ အင်္ဂါနေ့မှာ ကြီးမားတဲ့ပွဲ(ရီးရဲလ်)ကစားဖို့ရှိတယ်။ အရမ်းစိတ်ဓာတ်ကျစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေ့ ဘာကြောင့် ဒီလိုဖြစ်ခဲ့လဲဆိုတာကို နားလည်ရမှာပါ။ ကစားသမားအချို့က ရုပ်ပိုင်းဆိုင်ရာအရ ဗုဒ္ဓဟူးနေ့၊ စနေနေ့၊ အင်္ဂါနေ့တွေမှာ မကစားနိုင်ပါဘူး။ အဲဒီအပြောင်းအလဲတွေထဲက အချို့က မဖြစ်မနေ လုပ်ခဲ့ရတာဖြစ်ပြီး အချို့ကလည်း အခွင့်အရေးရခဲ့တယ်။ ဒီနေ့ခေတ် လူစာရင်းထဲမှာ ခင်ဗျားက ဝင်ကစားဖို့ အဆင်သင့်ဖြစ်နေရမယ်”

“ဒီနေ့ အသင်းအဖွဲ့အနေနဲ့ ကျွန်တော်တို့ အားနည်းခဲ့တယ်။ ကျွန်တော်တို့ လျင်လျင်မြန်မြန် ပိုကောင်းလာနိုင်တဲ့နေရာက ဘယ်နေရာလဲဆိုရင် ကျွန်တော့်အတွက်တော့ ဘောလုံးအခြေခံပါပဲ။ဘောလုံးမှာက ဇာတ်လမ်းက အရမ်းလျင်လျင်မြန်မြန်ပဲ ပြောင်းလဲနိုင်တယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲက ရီးရဲလ်မက်ဒရစ်က ဘောလုံးရဲ့ အထွတ်အထိပ်ပါ။ ကျွန်တော် ကစားသမားတွေကို ပြောမယ့် အိမ်မှာပဲ ထားရမယ့်အရာတွေ ရှိပါတယ်။ ချဲလ်ဆီးပရိသတ်တွေအနေနဲ့ လာမယ့်အင်္ဂါနေ့မှာ ခုဖြစ်နေတာတွေကို ပြောင်းလဲဖို့ အရာအားလုံးပေးနေတဲ့အသင်းကို မြင်တွေ့ရဖို့ လာကြမှာဖြစ်ပြီး အဲဒါက ကျွန်တော်တို့ လုပ်ရမယ့်အရာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့ဒ္ ဘိုလီဟာ စေနေန႔ညေနက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဘ႐ိုက္တန္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ေဒါသထြက္ေနတဲ့ ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ ထိပ္တိုက္ရင္ဆိုင္မႈကို ခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ရာသီကို အျပဳသေဘာေဆာင္တဲ့ ပုံစံနဲ႔ အဆုံးသတ္ဖို႔ ႀကိဳးပမ္းမႈဟာ ေနာက္ထပ္ စိတ္ပ်က္စရာရလဒ္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ဒုတိယပိုင္း တစ္ပိုင္းလုံးနီးပါး လႊမ္းမိုးထားႏိုင္ခဲ့တဲ့ ဘ႐ိုက္တန္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ေကာ္နာ ဂယ္ေလဂါက ခ်ဲလ္ဆီးအတြက္ ပထမပိုင္းမွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ေပမယ့္ ဘ႐ိုက္တန္အသင္းက ဒန္နီ ဝဲလ္ဘက္ခ္ရဲ႕ ေခါင္းတိုက္ဂိုးနဲ႔ ေခ်ပသြားခဲ့တာ ျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာ ေရာဘတ္တို ဒီ ဇာဘီရဲ႕အသင္းဟာ ဒုတိယပိုင္းမွာ အခြင့္အေရးအမ်ားအျပားကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ဂ်ဴလီယို အန္စီဆိုအလြန္ေကာင္းမြန္တဲ့ အေဝးကန္ခ်က္နဲ႔ ဧည့္သည္ေတြအတြက္ အႏိုင္ရလဒ္ကို ရယူေပးသြားခဲ့တာျဖစ္ပါတယ္။

ေတာ့ဒ္ ဘိုလီဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးအသင္းရဲ႕ ၁၂ ပြဲေျမာက္ ရႈံးပြဲကို စတမ္းဖို႔ဒ္ ဘရစ္ခ်္က ဒါ႐ိုက္တာခုံတန္းကေန ၾကည့္ရႈခဲ့ၿပီး ပြဲၿပီး ဝီစီမႈတ္ၿပီးေနာက္ ပရိသတ္ေတြဟာ အသင္းပိုင္ရွင္ကို ေဒါသတႀကီး ေျပာဆိုေနခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးရဲ႕ ေနာက္ဆုံးရႈံးပြဲအၿပီး စကားေျပာဆိုရာမွာ လမ္းပတ္က စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဘ႐ိုက္တန္အသင္းက ႏိုင္ပြဲနဲ႔ ထိုက္တန္ခဲ့တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ အဆင့္တိုင္းမွာ စိတ္ပ်က္ခဲ့ပါတယ္။ ပိုေကာင္းတဲ့အသင္းက အႏိုင္ရခဲ့တာပါ။ သူတို႔ေတြက ဒီထက္ပိုၿပီးေတာင္ အႏိုင္ရခဲ့ႏိုင္ပါတယ္။ သူတို႔ေတြက အသင္းအဖြဲ႕လိုမ်ိဳး ကစားခဲ့ၾကတယ္။ သူတို႔ေတြက အတူတူရွိခဲ့တာ ၾကာပါၿပီ။ ေကာင္းသင့္သေလာက္ မေကာင္းခဲ့ဘူး။ ေဘာလုံးရဲ႕ အေျခခံအစိတ္အပိုင္းေတြျဖစ္တဲ့ တိုက္ပြဲဝင္ဖို႔၊ ေျပးလႊားဖို႔ အားလုံးမွာ ကြၽန္ေတာ္တို႔ အားနည္းခဲ့တယ္။ ေပးဆပ္ကစားမႈကို ေမးခြန္းထုတ္တာမဟုတ္ပါဘူး”

“ကြၽန္ေတာ္တို႔ အဂၤါေန႔မွာ ႀကီးမားတဲ့ပြဲ(ရီးရဲလ္)ကစားဖို႔ရွိတယ္။ အရမ္းစိတ္ဓာတ္က်စရာ အေၾကာင္းမရွိပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီေန႔ ဘာေၾကာင့္ ဒီလိုျဖစ္ခဲ့လဲဆိုတာကို နားလည္ရမွာပါ။ ကစားသမားအခ်ိဳ႕က ႐ုပ္ပိုင္းဆိုင္ရာအရ ဗုဒၶဟူးေန႔၊ စေနေန႔၊ အဂၤါေန႔ေတြမွာ မကစားႏိုင္ပါဘူး။ အဲဒီအေျပာင္းအလဲေတြထဲက အခ်ိဳ႕က မျဖစ္မေန လုပ္ခဲ့ရတာျဖစ္ၿပီး အခ်ိဳ႕ကလည္း အခြင့္အေရးရခဲ့တယ္။ ဒီေန႔ေခတ္ လူစာရင္းထဲမွာ ခင္ဗ်ားက ဝင္ကစားဖို႔ အဆင္သင့္ျဖစ္ေနရမယ္”

“ဒီေန႔ အသင္းအဖြဲ႕အေနနဲ႔ ကြၽန္ေတာ္တို႔ အားနည္းခဲ့တယ္။ ကြၽန္ေတာ္တို႔ လ်င္လ်င္ျမန္ျမန္ ပိုေကာင္းလာႏိုင္တဲ့ေနရာက ဘယ္ေနရာလဲဆိုရင္ ကြၽန္ေတာ့္အတြက္ေတာ့ ေဘာလုံးအေျခခံပါပဲ။ေဘာလုံးမွာက ဇာတ္လမ္းက အရမ္းလ်င္လ်င္ျမန္ျမန္ပဲ ေျပာင္းလဲႏိုင္တယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ရီးရဲလ္မက္ဒရစ္က ေဘာလုံးရဲ႕ အထြတ္အထိပ္ပါ။ ကြၽန္ေတာ္ ကစားသမားေတြကို ေျပာမယ့္ အိမ္မွာပဲ ထားရမယ့္အရာေတြ ရွိပါတယ္။ ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ လာမယ့္အဂၤါေန႔မွာ ခုျဖစ္ေနတာေတြကို ေျပာင္းလဲဖို႔ အရာအားလုံးေပးေနတဲ့အသင္းကို ျမင္ေတြ႕ရဖို႔ လာၾကမွာျဖစ္ၿပီး အဲဒါက ကြၽန္ေတာ္တို႔ လုပ္ရမယ့္အရာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.