Premier League

အာဆင်နယ်အတွက် ကစားပေးချင်တယ်ဆိုတဲ့ ကစားသမားကို ခေါ်ယူဖို့ စီစဉ်နေတဲ့ ဂန်းနားများ

အာဆင်နယ်အသင်းဟာ အက်စတန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်စ်ကို အနီးကပ်စောင့်ကြည့်နေတယ်လို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။

အာဆင်နယ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ အာတီတာက လာမယ့်ရာသီအတွက် အစီအစဉ်တွေ ကြိုတင်ဆွဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရရှိမှာ ဖြစ်တာကြောင့် အာတီတာက ၎င်းရဲ့ တိုက်စစ်ရွေးချယ်စရာတွေကို တိုးမြှင့်ချင်နေတာဖြစ်ပြီး ဝက်ကင်စ်က ဂန်းနားတွေရဲ့ နွေရာသီပစ်မှတ်အဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Football Insider ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဝက်ကင်စ်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ သိရပြီး အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ အက်စတန် ဗီလာနဲ့ စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးနေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အရင်တုန်းက အင်္ဂလန်တိုက်စစ်မှူးကို စိတ်ဝင်စားခဲ့ဖူးပြီး ဝက်ကင်စ်ရဲ့ စာချုပ် ဆွေးနွေးညှိနှိုင်းမှုတလျှောက်လုံး အနီးကပ် ဆက်လက်စောင့်ကြည့်သွားမယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

ဝက်ကင်စ်ဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၁ သိန်းကျော်ရရှိမယ့် စာချုပ်သစ်ကို ချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အက်စတန် ဗီလာကြယ်ပွင့်ဟာ လက်ရှိမှာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းကျန်ရှိနေသေးတဲ့ စာချုပ်အရ တစ်ပတ်လုပ်ခလစာ ပေါင် ၇၅၀၀၀ ရရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အူနိုင်း အမ်မရီက အိုလီ ဝက်ကင်စ်ကို စာချုပ်သစ်နဲ့ ဆုချချင်နေတာဖြစ်ပြီး ဗီလာပါ့ခ်မှာ ကာလရှည် ထိန်းသိမ်းထားနိုင်မယ့်စာချုပ်သစ် ချုပ်ဆိုသွားချင်နေတာဖြစ်ပါတယ်။ ဝက်ကင်စ်ဟာ အက်စတန် ဗီလာနဲ့ စာချုပ်သစ် ချုပ်ဆိုမှာမဟုတ်ဘူးဆိုတဲ့ ပြောဆိုမှုတွေ မရှိပေမယ့်လည်း အခြားတစ်နေရာကနေ ကမ်းလှမ်းမှုတွေ ရောက်လာရင်တော့ အပြောင်းအရွှေ့ပြုလုပ်နိုင်ခြေရှိနေတာဖြစ်ပါတယ်။

တကယ်လို့ အဲဒီလိုအပြောင်းအရွှေ့ ပြုလုပ်ခဲ့မယ်ဆိုရင် ဂန်းနားတွေဟာ အားလုံးထက် အသာစီး ရရှိမှာဖြစ်ပြီး ဝက်ကင်စ်က အမ်းမရိတ်စ်ဟာ ပြောင်းရွှေ့ဖို့ အိပ်မက်ခဲ့ရတဲ့ နေရာဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ အဲဒါက အိပ်မက်ပါ။ တစ်နေ့ကျရင် အာဆင်နယ်အတွက် ကစားပေးဖို့ပေါ့”လို့ ၂၀၂၀ ခုနှစ်တုန်းက ဘရန့်တ်ဖို့ဒ်အသင်းအတွက် ကစားပေးနေခဲ့ချိန်တုန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ အက္စတန္ဗီလာ တိုက္စစ္မႉး အိုလီ ဝက္ကင္စ္ကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ ေနာက္ဆုံးသတင္းေတြအရ သိရပါတယ္။

အာဆင္နယ္ဟာ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး တစ္ဆက္တည္းမွာပဲ အာတီတာက လာမယ့္ရာသီအတြက္ အစီအစဥ္ေတြ ႀကိဳတင္ဆြဲထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ကစားခြင့္ရရွိမွာ ျဖစ္တာေၾကာင့္ အာတီတာက ၎ရဲ႕ တိုက္စစ္ေ႐ြးခ်ယ္စရာေတြကို တိုးျမႇင့္ခ်င္ေနတာျဖစ္ၿပီး ဝက္ကင္စ္က ဂန္းနားေတြရဲ႕ ေႏြရာသီပစ္မွတ္အျဖစ္ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

Football Insider ရဲ႕ ေဖာ္ျပခ်က္အရ ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ဝက္ကင္စ္ရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနၾကတယ္လို႔ သိရၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အက္စတန္ ဗီလာနဲ႔ စာခ်ဳပ္သစ္အတြက္ ေျပာဆိုေဆြးေႏြးေနတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အရင္တုန္းက အဂၤလန္တိုက္စစ္မႉးကို စိတ္ဝင္စားခဲ့ဖူးၿပီး ဝက္ကင္စ္ရဲ႕ စာခ်ဳပ္ ေဆြးေႏြးညႇိႏႈိင္းမႈတေလွ်ာက္လုံး အနီးကပ္ ဆက္လက္ေစာင့္ၾကည့္သြားမယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

ဝက္ကင္စ္ဟာ တစ္ပတ္လုပ္ခလစာ ေပါင္ ၁ သိန္းေက်ာ္ရရွိမယ့္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနတာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အက္စတန္ ဗီလာၾကယ္ပြင့္ဟာ လက္ရွိမွာ ၂၀၂၅ ခုႏွစ္အထိ သက္တမ္းက်န္ရွိေနေသးတဲ့ စာခ်ဳပ္အရ တစ္ပတ္လုပ္ခလစာ ေပါင္ ၇၅၀၀၀ ရရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အူႏိုင္း အမ္မရီက အိုလီ ဝက္ကင္စ္ကို စာခ်ဳပ္သစ္နဲ႔ ဆုခ်ခ်င္ေနတာျဖစ္ၿပီး ဗီလာပါ့ခ္မွာ ကာလရွည္ ထိန္းသိမ္းထားႏိုင္မယ့္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားခ်င္ေနတာျဖစ္ပါတယ္။ ဝက္ကင္စ္ဟာ အက္စတန္ ဗီလာနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမွာမဟုတ္ဘူးဆိုတဲ့ ေျပာဆိုမႈေတြ မရွိေပမယ့္လည္း အျခားတစ္ေနရာကေန ကမ္းလွမ္းမႈေတြ ေရာက္လာရင္ေတာ့ အေျပာင္းအေ႐ႊ႕ျပဳလုပ္ႏိုင္ေျခရွိေနတာျဖစ္ပါတယ္။

တကယ္လို႔ အဲဒီလိုအေျပာင္းအေ႐ႊ႕ ျပဳလုပ္ခဲ့မယ္ဆိုရင္ ဂန္းနားေတြဟာ အားလုံးထက္ အသာစီး ရရွိမွာျဖစ္ၿပီး ဝက္ကင္စ္က အမ္းမရိတ္စ္ဟာ ေျပာင္းေ႐ႊ႕ဖို႔ အိပ္မက္ခဲ့ရတဲ့ ေနရာျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဟုတ္ပါတယ္။ အဲဒါက အိပ္မက္ပါ။ တစ္ေန႔က်ရင္ အာဆင္နယ္အတြက္ ကစားေပးဖို႔ေပါ့”လို႔ ၂၀၂၀ ခုႏွစ္တုန္းက ဘရန႔္တ္ဖို႔ဒ္အသင္းအတြက္ ကစားေပးေနခဲ့ခ်ိန္တုန္းက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.